You are here: Home ဆောင်းပါး ဆောင်းပါး အာဆီယံ စစ်တုရင်အကြောင်း မေးမြန်းခန်း
       
 
 
RFA-Kachin TV: May 3rd week
RFA-Kachin TV: April 3rd week    
မွေးကင်းစလေး၏ မွေးရာပါ ရန်သူ

မွေးကင်းစလေး၏ မွေးရာပါ ရန်သူ

ဆောင်းလေညင်း တစ်ချက်တိုက်တိုင်း အသက် (၃၁) နှစ်ရှိ အမျိုးသမီးတစ်ယောက် မွေးကင်းစကလေးငယ်အား တင်းတင်းဖက်တွယ်ထားသည်။

KIA မျိုးချစ်ရဲဘော်များနဲ့ “ချစ်သူများနေ့”

KIA မျိုးချစ်ရဲဘော်များနဲ့ “ချစ်သူများနေ့”

ချစ်သူတွေအတွက် ရင်ခုန်စရာ နေ့ရက်တရက်ဖြစ်သော ဖေဖေါ်ဝါရီ ၁၄ ရက်နေ့ ကျရောက်သည့် “ချစ်သူများနေ့” တွင် ချစ်သူရှိသူ မရှိသူ အသီးသီး လက်ေ...

လက်နက်ကို ဘယ်လို ရုတ်လိုက်မယ် ဆိုတာပဲ

လက်နက်ကို ဘယ်လို ရုတ်လိုက်မယ် ဆိုတာပဲ

သြဂုတ်လပိုင်း အတွင်း ကချင်ပြည်နယ်ဘက်တွင် မြန်မာအစိုးရတပ်ဖွဲ့များ စစ်အင်အားပိုမို ထိုးစစ်ဆင်လာခြင်းကြောင့် ကချင်လွတ်မြောက်ရေးတပ်ဖွဲ...

ကချင်အဆိုတော် အဘားဒီးနဲ့ Make in Kachin တေးစီးရီး

ကချင်အဆိုတော် အဘားဒီးနဲ့ Make in Kachin တေးစီးရီး

Made in Kachin တေးစီးရီး Single Album ထုတ်လုပ်နိုင်ရန် ကြိုးစားနေသူ ကချင်အဆိုတော် အဘားဒီးနှင့် ခဏတာ တွေ့ဆုံချိန် သူ၏ အနုပညာ ဂီတ ...

မနောပွဲ အငွေ့အသက်

မနောပွဲ အငွေ့အသက်

ကျောက်တုံးတစ်တုံးပေါ် တစ်တုံးဆင့်ကာ အင်္ဂတေများဖြင့် သေချာအစီအရီချနေရာမှ လူတစ်ဦး၏ မလိုဟန့်တားချက်ဖြင့် တည်ဆောက်နေသည့် ကျောက်တုံးများ...

ရွေးချယ်ခွင့် မရှိပေမယ့် ထူးချွန်ချင်သေးသည့်… သူ

ရွေးချယ်ခွင့် မရှိပေမယ့် ထူးချွန်ချင်သေးသည့်… သူ

  သူမအသက်တစ်ဆယ့်ငါးနှစ်။ မြန်မာပြည်ပညာရေးစနစ်အရ ၂၀၁၂ ခုနှစ်မတ်လတွင် တက္ကသိုလ်ဝင်တန်း ဖြေဆိုရမည့် အရွယ်။ အရွယ်ငယ်ပေမယ့် ရည်မှန...

post-m

အမြင်

ကျည်ဆံထိမှန်တဲ့ သမ္မာ ကျမ်းစာ၏ အတိတ်နိမိတ်

Monday, 24 October 2011
ကျည်ဆံထိမှန်တဲ့ သမ္မာ ကျမ်းစာ၏ အတိတ်နိမိတ်

ကချင်ပြည်နယ် မန်မော်မြို့နယ်ထဲက မြန်မာအစိုးရနဲ့ ကချင်လွတ်မြောက်ရေး KIA တိုက်ပွဲတခုမှာ မြန်အစိုးရတပ်ကပစ်လိုက်တဲ့ကျည်ဆံက ကချင်သင်းအုပ်ဆရာတစ်ယောက်ရဲ့ သမ္မာကျမ်းစာအုပ်ကို လာမှန်ပါတယ်။

ဆောင်းပါး

မွေးကင်းစလေး၏ မွေးရာပါ ရန်သူ

Friday, 12 April 2013
မွေးကင်းစလေး၏ မွေးရာပါ ရန်သူ


ဆောင်းလေညင်း တစ်ချက်တိုက်တိုင်း အသက် (၃၁) နှစ်ရှိ အမျိုးသမီးတစ်ယောက် မွေးကင်းစကလေးငယ်အား တင်းတင်းဖက်တွယ်ထားသည်။

စီးပွါးရေး

ယင်ဂျန်းတွင် ငလျင်ဖြစ်ပြီးနောက် ကျောက်စိမ်းဈေးကွက်ထိုးကျ

Tuesday, 02 August 2011
ယင်ဂျန်းတွင် ငလျင်ဖြစ်ပြီးနောက် ကျောက်စိမ်းဈေးကွက်ထိုးကျ

မြန်မာရွှေ့ပြောင်းအလုပ်သမားများ ၁ သောင်းနီးပါး အလုပ်လုပ်ကိုင်နေသည့် တရုတ်မြန်မာနယ်စပ် ယူနန်ပြည်နယ် ယင်းဂျန်းမြို့နယ်တွင် လွန်ခဲ့သည့် အပတ်တွင်း ငလျင်လှုပ်ခတ်မှုဖြစ်ပွားခဲ့သောကြောင့် ကျောက်စိမ်းဈေးကွက် ထိုးကျ၍ မြန်မာကျောက်ကုန်သည်များအရှုံးပေါ်နေသည်။

ယဉ်ကျေးမှု

နှစ် ၅၀ ကျော်အတွင်း ပထမဆုံး ကချင် “ရိုးရာ” မနောပွဲတော်

Thursday, 22 September 2011
နှစ် ၅၀ ကျော်အတွင်း ပထမဆုံး ကချင် “ရိုးရာ” မနောပွဲတော်

မတူကွဲပြား ခြားနားနေသည့် ကချင်တိုင်းရင်းသား မျိုးနွယ်စုများ ပါဝင်ဆင်နွှဲသည့် “ရိုးရာ” မနောပွဲတော်ကို နှစ်ပေါင်း ၅၀ကျော် အတွင်း ပထမဆုံးအကြိမ် အဖြစ် ကချင်ပြည်နယ်တွင် အောင်မြင်စွာ ကျင်းပနိုင်ခဲ့သည်။

ပတ်ဝန်းကျင်

မြစ်ကြီးနားတွင် ဧရာဝတီမြစ်ရေလျှံ

Wednesday, 18 July 2012
မြစ်ကြီးနားတွင် ဧရာဝတီမြစ်ရေလျှံ

ကချင်ပြည်နယ် မြစ်ကြီးနားမြို့တွင်ဇွန်လ ၂၃ ရက်ညမှစ၍ ဧရာဝတီမြစ်ရေလျှံလာသောကြောင့် မြစ်နားဘေးရှိ ဒေသခံများ နေအိမ်သို့ ရေ၀င်လာပြီး အခက်ခဲရင်ဆိုင်နေရသည်။

သူတို့စကား

KIO Vice-president ဒု-ဗိုလ်ချူပ်ကြီး အင်ဘန်လအောင်

Tuesday, 10 July 2012
KIO Vice-president ဒု-ဗိုလ်ချူပ်ကြီး အင်ဘန်လအောင်

ကချင်လူမျိုးများ၏ လိုလားတောင့်တချက်ကို နိုင်ငံတော်အစိုးရမှ အထူးအလေးထားပြီး ပေးမှာမဟုတ်ဘူး။ ဘာကြောင့်လဲဆိုတော့ ကျနော်တို့လိုချင်တဲ့အရာဟာ ဥပဒေထဲမှာ ရေးမထားဘူး။ ဒါကြောင့် ဥပဒေထဲမှာ ပြင်ဆင်ထည့်သွင်းနိုင်အောင် ပြည်လုံးကျွတ် လှုပ်ရှားမှုတစ်ရပ်လိုအပ်တယ်။ အဲဒါဟာ UNFC ဖွဲ့စည်းရတဲ့အကြောင်းရင်းဖြစ်တယ်။ (KIO Vice-president ဒု-ဗိုလ်ချုပ်ကြီး အင်ဘန်လအောင်၊၂၉-၆-၂၀၁၂၊ လိုင်ဇာ)။

ပြည်တွင်းစစ်သတင်း

KIA တပ်ရင်း (၉)နှင့် အစိုးရတပ် တိုက်ပွဲဖြစ်

Friday, 12 April 2013
KIA တပ်ရင်း (၉)နှင့် အစိုးရတပ် တိုက်ပွဲဖြစ်

ရှမ်းပြည်နယ်မြောက်ပိုင်း ကချင်လွတ်မြောက်ရေးတပ်ဖွဲ့ (KIA) တပ်မဟာ ၄ လက်အောက် တပ်ရင်း ၉ နယ်မြေတွင် ယနေ့က မြန်မာအစိုးရတပ်ဖွဲ့ထိုးစစ်ဆင်လာသောကြောင့် KIA နှင့် တိုက်ပွဲဆက်လက်ဖြစ်ပွားခဲ့ကြောင်း သိရသည်။

အာဆီယံ စစ်တုရင်အကြောင်း မေးမြန်းခန်း

မြန်မာ့ ရိုးရာ စစ်တုရင် ကစားနည်းအား အခြေခံ၍ တီထွင်ထားသည့်  အာဆီယံ စစ်တုရင်ပြိုင်ပွဲ ကို ရန်ကုန် အောင်ဆန်း အားကစားကွင်း၌ ပထမဆုံးအကြိမ် မေ (၂၅) ရက်နေ့မှ ဇွန်လ (၂)ရက်နေ့ အထိ ကျင်းပသွားမည် ဖြစ်သည်။ အပြည်ပြည်ဆိုင်ရာ စစ်တုရင်နှင့် အာဆီယံ စစ်တုရင် ကွဲပြားပုံ၊ မြန်မာ့ စစ်တုရင် အခြေခံ ကစားနည်း စသည်တို့ကို သိရှိနိုင်ရန် ပွဲစဉ်တလျှောက် ဒိုင်လူကြီးလုပ်မည့် မြန်မာနိုင်ငံ စစ်တုရင် အဖွဲ့ချုပ် ရုံးအဖွဲ့မှူး ဦးမျိုးဇော်မင်း ကို ဆိုင်းဂျာက ဆက်သွယ် မေးမြန်းထားသည်။

အာဆီယံ စစ်တုရင်ဆိုတာ ဘာလဲ အရင် ရှင်းပြပါဦး။
အာဆီယံ စစ်တုရင်ဆိုတာ အတိအကျ ပြောရရင် အာဆီယံ ရိုးရာစစ်တုရင်ပေါ့။ မြန်မာ့စစ်တုရင်၊ ထိုင်းစစ်တုရင်၊ ကမ္ဘောဒီယား စစ်တုရင် သုံးခုကို မျှပြီးတော့ အသွင်ပြောင်းလိုက်တာပေါ့နော်။ မြန်မာ့ရိုးရာကစားသမား၊ ထိုင်းကစားသမားတို့လည်း ကစားလို့ရမယ်၊ ကမ္ဘောဒီယား စစ်တုရင် ကစားသမားတွေလည်း ကစားလို့ရအောင်ပေါ့နော်။ ရိုးရာနည်းတွေကို နည်းနည်း ပြင်ပြီးတော့ ထွင်လိုက်တာ။ အခု အာဆီယံ စစ်တုရင်မှာ မြန်မာ့ရိုးရာ စစ်တုရင်က ၈၀% ပါမှာလေ။
chess

အာဆီယံစစ်တုရင်မှာ မြန်မာ့ရိုးရာ စစ်တုရင်က ဘယ်လိုပါလာတာလဲ။
အာဆီယံမှာက ထိုင်း၊ ကမ္ဘောဒီယား သူတို့ ရိုးရာ စစ်တုရင်က အရင်ကတည်းက ပါတယ်။ မြန်မာက အခုမှ ပါလာတာ။ အာဆီယံမှာက ၂၀၁၁ ဆီးဂိမ်း(SEA GAME) မှာ ထည့်မှာလေ၊ အမှန်မှာတော့ ၂၀၁၃မှာ ထည့်မှာလေ။ မြန်မာ့ရိုးရာ ကစားနည်းကို ပြင်ထားတာကို ၂၀၁၁ဆီးဂိမ်းမှာလည်း ကြိုပြီး ထည့်မယ်ဆိုပြီး ထည့်လိုက်တာ။

အခု ဒီကစားပွဲမှာ ဘယ်နှစ်ယောက် ဝင်ပြိုင်မှာလဲ။ ကချင်ပြည်နယ်ကရော ပါဝင်ယှဉ်ပြိုင်တာ ရှိလား။
အားလုံး ၄၂ ယောက်ပါ။  ရန်ကုန်ကတော့ ၂၀ ကျော်ပါတယ်။  နာမည်ကြီး စစ်တုရင် ကစားသမား ဝင်းဇော်ထွန်း၊ ကိုဇော်ဝင်း၊ ကိုမျိုးနိုင်၊ ဇော်ဦး အမြဲ ဆုရနေကျ လူတွေပဲ။ ကချင်ပြည်နယ်က တစ်ယောက်မှ မလာကြဘူး။ သူတို့က အပြည်ပြည်ဆိုင်ရာ စစ်တုရင် ကစားတာ များတယ်။ မြန်မာ့စစ်တုရင် ကစားတာ ဖွံ့ဖြိုးမှု နည်းတယ်။ ကစားတာ မရှိသလောက်ပဲ။

အာဆီယံ စစ်တုရင် ဘယ်လို ကစားရလဲ။
မြန်မာ့ စစ်တုရင်က အရုပ် သပ်သပ်ရှိတယ်၊ ခုံသပ်သပ် ရှိတယ်။ အာဆီယံစစ်တုရင်က အပြည်ပြည်ဆိုင်ရာ ကစားတဲ့ အရုပ်ကိုပဲ ကစားတယ်၊ အပြည်ပြည်ဆိုင်ရာ ခုံ သုံးတယ်။ နယ်လေးတွေကို တတိယတန်းကနေ စပြီး စီမယ်။ နောက် ရထားရွှေ့တာ တူတယ်။  Queen ရွှေ့တာ တူတယ်။ မြင်းရွှေ့တာ တူတယ်။ အပြည်ပြည်ဆိုင်ရာမှာက ဆင်မရှိဘူးလေ။ အဲ့တော့ ဘုန်းကြီး ကို ဆင်အဖြစ် သတ်မှတ်တယ်။ ဆင်လိုပဲ သွားမယ်။ ရှေ့သုံးကွက် နောက်က ချွန်းနှစ်ကွက် သွားမယ်။ နောက်ပြီးတော့ ဘုရင်မကို ဘုရင်မလို့ပဲ ခေါ်မယ်။ ဒါပေမယ့် မြန်မာ့ စစ်ကဲ အတိုင်းပဲ သွားမယ်။ ဘုန်းကြီး နဲ့ ဘုရင်မကို အပြည်ပြည်ဆိုင်ရာ လိုပဲ နောက်ဆုံးတန်းမှာ စီမယ်။ ပြီးလို့ရှိရင် အပြည်ပြည်ဆိုင်ရာလိုပဲ အဖြူကနေ စရွှေ့မယ်။ ကစားမှာ (၉) ရက် ၄၂ ယောက်ရှိတယ်။ (၂၁) တွဲ ရတယ်၊ နိုင်တဲ့ သူက (၁)မှတ်စီ ရမယ်၊  ရှုံးသမားက (၀) ရမယ်။ နောက်နေ့ကျရင် နိုင်တဲ့သူချင်း ပြိုင်၊ ရှုံးတဲ့သူချင်းလည်း ပြိုင်။ ဒီလိုနဲ့ ဆက်ပြိုင်သွားကြမယ်။

အပြည်ပြည်ဆိုင်ရာ စစ်တုရင် (အင်္ဂလိပ်) နှင့် မြန်မာ့ ရိုးရာ စစ်တုရင်က ဘယ်လို ကွာလဲ။
မြန်မာ့စစ်တုရင် ခုံမှာ အနီနဲ့ အနက်သုံးတယ်။ မြန်မာ့စစ်တုရင်က နယ်တွေက ပုံစံ တမျိုး၊ ဆင်၊ စစ်ကဲ အဲ့ဒီ နှစ်ခု ကွာမယ်။ နောက် ဘုရင်၊ မြင်း၊ ရထား သွားတာခြင်း တူတယ်၊ အင်္ဂလိပ်မှာ ဘုရင်မ၊  ဘုန်းကြီးရှိတယ် ဗမာမှာ အဲ့တာတွေ မရှိဘူး။ ကစားပုံခြင်း မတူဘူး။ နယ်အနေအထား ကွာတာရှိတယ်။ မြန်မာ့ စစ်တုရင်မှာက နယ်လေးတွေက လေးတန်းမြောက်မှာ စီထားတယ်၊ နယ် ( ၈) လုံး ရှိတယ်၊ ဘယ်ဘက်ခြမ်းက သုံးတန်းမြောက်မှာ လေးလုံးစီ၊ ကိုယ့်နေရာ ညာဘက်ခြားက နယ်လေးတွေကို လေးတန်းမြောက် လေးလုံးစီ၊ ဘုရင်၊ စစ်ကဲ၊ ရထား၊ မြင်း၊ ဆင်ရှိမယ်။   ရထားနှစ်ကောင်ကို နောက်ဆုံးတန်းမှာ စီရတယ်၊ ကျန်တဲ့ အကောင်ကို ကြိုက်တဲ့နေရာမှာ စီလို့ရတယ်။ အင်္ဂလိပ်  နယ်လေးတွေ အနောက် ရောက်ရင် ဘုရင်မ၊ ဘုန်းကြီး၊ မြင်း၊ ရထား၊ ဘုရင်မ ရှိလဲ နောက်တစ်ကောင် ယူလို့ရတယ်၊  မြင်းနှစ်ကောင်ရှိလဲ နောက်ထပ်ယူလို့ရတယ်။ နယ်လေးတွေက စစ်ကဲ တစ်ကောင်သာ ယူလို့ရတယ်။ စစ်ကဲ တစ်ကောင်ရှိရင် နောက်တစ်ကောင် ယူလို့မရဘူး။ နယ်ရုပ်လေးက ပုံသေ၊ စည်းကမ်းရှိတယ်။ နောက်ဆုံး ရထားနှစ်ကောင် အနောက်တန်းမှာပဲ နေရမယ် ဒါက ပုံသေ။

အခုလို စစ်တုရင် ကစားခြင်း အားဖြင့် ဘယ်လို ကောင်းကျိုးတွေ ရရှိလာနိုင်လဲ။
ဥာဏ်ဖွံ့ဖြိုးတာ၊ ဥာဏ်တိုးတက်တာတို့က အဓိကပေါ့၊ စိတ်ကူးစိတ်သန်းကောင်းမယ်၊ စစ်တုရင် ကစားခြင်းရဲ့ ရည်ရွယ်ချက်က တစ်ဖက် ဘုရင်ကို အမိဖမ်းဖို့ပေါ့။ ကိုယ်က သူ့ဘုရင်ကို အမိဖမ်းဖို့အတွက် ဘယ်လို အမိဖမ်းရမလဲ၊ ဘယ်လို စီမံချက်တွေ ချရမလဲ၊ ပြီးတော့ ကစားကောင်လေးတွေနဲ့ ဘယ်လို ကစားရမလဲ၊ သူကလာရင် ကိုယ်က ဘယ်လို ခုခံရမလဲ၊ ဥာဏ်ရည်လေးတွေ၊ အတွက်အချက်လေးတွေ၊ အဲ့လိုပေါ့ စဉ်းစား တွေးခေါ်ရတာပေါ့။

ဒါက ပထမဦးဆုံး အာဆီယံ စစ်တုရင်ကစားပွဲဆိုတော့ ဘယ်လိုဆုမျိုး ချီးမြင့်မှာလဲ။
ပထမ၊ ဒုတိယ၊ တတိယ ရတဲ့ လူကို ဆုဖလား ချီးမြင့်မယ်။ ပထမက ကျပ်(၁သိန်း)ခွဲ ဒုတိယဆုက ကျပ် (၁သိန်း)၊ တတိယ ဆုက ကျပ်( ၅သောင်း) ရမယ်။ နောက် ဆုသေးလေးတွေ အနေနဲ့ သုံးသောင်းက နှစ်ဆု၊၊ နှစ်သောင်းက နှစ်ဆု ပေးမယ်။