ပင်စင်ယူသွားတဲ့ အင်ဒီအေကေ အရာရှိတွေကို အစိုးရထောက်ပံ့ကြေးပေးဖို့မသေချာ

မြန်မာစစ်အစိုးရဟာ နယ်ခြားစောင့်တပ်အသွင်ပြောင်းဖွဲ့စည်းခဲ့တဲ့ ကချင်ပြည်ဒီမိုကရေစီသစ် တပ်မတော် (NDA-K) တပ်ဖွဲ့ထဲက ပင်စင်နားခွင့်ပေးလိုက်တဲ့သူတွေကို ထောက်ပံ့ကြေးပေးမယ်လို့ ကြေငြာထားတဲ့ အတွက် အနားယူထားသူတွေက မျှော်လင့်နေကြပါတယ်။
 
ဒါပေမယ့် အသွင်ကူပြောင်းတဲ့နေရာမှာ မပါဝင်နိုင်တဲ့သူတွေကို ပင်စင်လစာ ပေးမယ်ဆိုတာ ခုချိန်ထိ အစိုးရဆီက တစ်စုံတစ်ရာ တုန့်ပြန်ခြင်းမရှိသေးတဲ့အတွက် ထောက်ပံကြေးပေးဖို့ မသေချာနိုင်ဘူးလို့ အင်ဒီအေကေ အရာရှိဟောင်း မုရင်ဒေါင်ဟောင်းက ပြောပါတယ်။

“ကျွန်တော်တို့အနေနဲ့ကတော့ ပေးသင့်တယ်လို့တော့ပြောတယ်လေ ဘာဖြစ်လို့လဲဆိုရင် ကျွန်တော်တို့က အရင်အသွင် မကူးပြောင်းခင်ကတည်းက အစိုးရဆီမှာ တရားဝင်အထူးရဲ ဆိုပြီးသတ်မှတ်ထားတယ် တရားဝင်အထူးရဲဆိုပြီး လစာလည်း ပေးနေတဲ့သူတွေဖြစ်တယ်။ အဲဒီတော့ အခု ဘာလုပ်မယ် ဘယ်လိုဆက်ပြီး လုပ်မယ်ဆိုတာ ရပ်နားမယ်ဆိုရင် ဘယ်လိုနားခွင့်ပေးမယ်ဆိုတာတွေရှိသင့်တယ်။ ဒါမဲ့ခုထိတော့ ဘာမှ မကြားရဘူး။”

အရင်ကလည်း အခက်ခဲတွေရှိနေကြသလို အခုပြောင်းလဲချိန်မှာလည်း ကြည့်ရှုထောက်ပံ့မှု ပေးတာမရှိဘူး ဆိုရင် ဒေသခံပြည်သူတွေထိ အခက်ခဲတွေဖြစ်လာနိုင်တယ်လို့ ပြောပါတယ်။

အင်ဒီအေကေတပ်ဖွဲ့ဝင် အသက်ငယ်ရွယ်သူတွေကတော့ အသွင်ကူးပြောင်းသွားပြီဖြစ်ပေမယ့် ရပ်နားခံရတဲ့ အသက် ၅၀ ကျော်အထက် က အသက်ကြီးတွေ အများအပြား ရှိနေသေး တဲ့အတွက် သူတို့ကိုဘယ်လို စောင့်ရှောက်မယ်ဆိုတာနဲ့ ဒေသဖွံ့ဖြိုးရေးနဲ့ ပတ်သက်တဲ့ ကိစ္စတွေလည်း စစ်အစိုးရနဲ့ ဆက်လက်ဆွေးနွေးဖို့ ရှိနေသေးကြောင်း သိရပါတယ်။

  • Popular

  • Latest