မြန်မာစစ်တပ် လက်နက်ကြီး ပစ်ခတ်မှုကြောင့် ဖားကန့်လမ်း ဒေသခံများ စိုးရိမ်

မြန်မာစစ်တပ် လက်နက်ကြီး ပစ်ခတ်မှုကြောင့် ဖားကန့်လမ်း ဒေသခံများ စိုးရိမ်

ကချင်ပြည်နယ် အနောက်ဘက် မိုးကောင်း-ဖားကန့်လမ်း ကားမိုင်းနှင့် မိုးကောင်းကြား ယမန်နေ့ မြန်မာ အစိုးရတပ် လက်နက်ကြီး ပစ်ခတ်ခဲ့ခြင်းကြောင့် ရွာသားများ စိုးရိမ်ပြီး ကားလမ်းကိုလည်း ခေတ္တ ပိတ်ထားခဲ့သည်။

ယမန်နေ့ နံနက်ပိုင်း ၁၁ နာရီခန့် က Gauri အစိုးရ တပ်စခန်းကုန်းပေါ်မှ မိုးကောင်း Ga Matep ဘက်ကို လက်နက်ကြီး အနည်းဆုံး ၂ ကြိမ် ပစ်ခတ်ခဲ့ကြောင်း ဒေသခံများ ပြောပါသည်။

အဆိုပါ ဖြစ်ရပ်ကြောင့် မိုးကောင်း-ဖားကန့် အတက် ကားများကို မိုးကောင်း ၈ မိုင် လမ်းခွဲမှာ နေ့လယ် ၁၂ နာရီမှ ခေတ္တ တားဆီးထားပြီး အခြေအနေ ပြန်ကောင်းလာသည့် မွန်းလွဲ ၃ နာရီခန့်မှ ပြန်လည် သွားလာခွင့် ပြုခဲ့ကြောင်း သိရပါသည်။

ကချင်ပြည်နယ် ကျောက်စိမ်းမှော်နှင့် ဆက်သွယ်သော မိုးကောင်း-ဖားကန့်လမ်းတွင် မြန်မာစစ်တပ်နှင့် ကချင် လွတ်လပ်ရေး တပ်မတော် KIA တပ်ရင်း (၆) ကြား မကြာ မကြာ ပစ်ခတ် တိုက်ခိုက် မှုများ ဖြစ်ပွားလေ့ ရှိပါသည်။

  • Popular

  • Latest