KIA အနေဖြင့် လီဆူ မျိုးနွယ်စုများကို တရားဝင် တောင်းပန်ရန် ဆန္ဒပြ

KIA အနေဖြင့် လီဆူ မျိုးနွယ်စုများကို တရားဝင် တောင်းပန်ရန် ဆန္ဒပြ

လီဆူ မျိုးနွယ်စုများ သတ်ဖြတ်ခံနေရမှုပေါ် ကချင် လွတ်လပ်ရေး တပ်မတော် KIA က တရားဝင် ပြန် တောင်းပန် ရန် လီဆူ မျိုးနွယ်စုများ ယနေ့ ကချင်ပြည်နယ် မြို့တော် မြစ်ကြီးနား မှာ ဆန္ဒပြခဲ့ကြသည်။

ဆန္ဒပြရခြင်း ရည်ရွယ်ချက်ကို အစီစဉ် ဦးဆောင် သူ တစ်ဦးဖြစ်သူ လီဆူအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီ (ဒူးလေးပါတီ) ဥက္ကဌ ဦးရွှေမင်းက ယခုလိုပြောသည်။

“ပထမ အချက်က ကျနော်တို့ လီဆူ လူမျိုးများကို စဉ်ဆက်မပြတ် လူမျိုးရေး ဦးတည်ချက်နဲ့ တိုက်ခိုက်လာတဲ့ KIA တွေကို ကျနော်တို့ လူမျိုးနဲ့ ပြည်သူအပေါ် တရားဝင် ပြန်တောင်းပန်ရမယ်။ ဒုတိအချက်က နောက်နောင် ဒီလို မဖြစ်ပေါ်ဖို့အတွက် KIO/KIA ဗဟိုက ဒါကို တာဝန် ယူတယ်ဆိုတဲ့အတိုင်း ထုတ်ပြန်ဖို့အရေးကြီးတယ်။ တတိယအချက်က သေဆုံး သူများရဲ့ လူမှုရေး ကိစ္စများကို ဆောင်ရွက်ပေးဖို့ အဲဒီ ၃ ချက်ကို လိုလားတောင်းဆိုတာဖြစ်တယ်။”


Lisu 2

မြစ်ကြီးနား၊ ဝိုင်းမော် အနီး တစ်ဝိုက်က လီဆူ လူမျိုး ၂ ထောင်ခန့် ဆန္ဒပြခဲ့ကြခြင်း ဖြစ်သည်။ ထိုအထဲတွင် ရှမ်းနီ လူမျိုးများလည်း ပါဝင်ကြောင်း သိရသည်။

ယမန်နှစ် အောက်တိုဘာလ မှာလည်း ကချင်ပြည်နယ်က ရှမ်းနီ၊ လီဆူ မျိုးနွယ်စု အများစုပါဝင်သည့် အစိုးရတပ်မတော်ကို ထောက်ခံပြီး KIA ကိုဆန့်ကျင်သည့် ဆန္ဒပြပွဲ မြစ်ကြီးနားတွင် ပြုလုပ်ခဲ့ပြီ ဖြစ်သည်။


Lisu 3

တိုက်ပွဲ ကာလအတွင်း လီဆူ၊ ရှမ်းနီ သာ မဟုတ်ဘဲ အခြား ပြည်သူများပါ အိုးအိမ် စွန့်ခွာ သေဆုံးမှုများ ရှိနေပြီး မည်သည့်လူမျိုးကိုမျှ ရည်ရွယ်သတ်ဖြတ်ခြင်း မရှိကြောင်း KIO ဘက်က ပုံမှန် ပြောဆိုမှုများ ရှိခဲ့သည်။

  • Popular

  • Latest