မိုးမောက်မြို့ ဗုံးပေါက်ကွဲ မှု ပြည်သူ့စစ် ၁ ဦး သေဆုံး

မိုးမောက်မြို့ ဗုံးပေါက်ကွဲ မှု ပြည်သူ့စစ် ၁ ဦး သေဆုံး (Photo - Facebook)

ကချင်ပြည်နယ် မိုးမောက် မြို့မဈေး အနီး ဇူလိုင် ၂၂ ရက်၊ ယနေ့မနက် ဗုံးတစ်လုံး ပြင်းထန်စွာ ပေါက်ကွဲခဲ့သောကြောင့် ပြည်သူ့စစ်အဖွဲ့ဝင် တစ်ဦး သေဆုံးပြီး၊ ပြည်သူ ၄ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း သိရသည်။

ယနေ့မနက် ၉ နာရီ ခန့် Alen Kawng ရပ်ကွက် Great လက်ဖက်ရည်ဆိုင်ရှေ့ လဆန်အောင်ဝါ ပြည်သူ့စစ် အဖွဲ့မှ ဗိုလ်မှူး လဂိုင်နော်ဆန့် ၏ ကားနဘေး ရပ်ထားသည့် ဆိုင်ကယ် တစ်စီးမှ ယခုလို ဗုံးပေါက်ကွဲခဲ့ခြင်း ဖြစ်သည်ဟု ဒေသခံများမှ သိရသည်။

ပေါက်ကွဲမှုကြောင့် ပြည်သူ့စစ်အဖွဲ့ မှ ဗိုလ်မှုး လဂိုင်နော်ဆန့် ဆေးရုံးအရောက်တွင် သေဆုံးခဲ့ပြီး အခင်းဖြစ်ပွားရာ အနီးရှိ ပြည်သူ ၄ ဦးလည်း ထိခိုက်ဒဏ်ရာ ရခဲ့ကြောင်း သိရသည်။

ထို ၄ ဦးအနက် ဒဏ်ရာပြင်းထန်သူ ၁ ဦးကို ဗန်းမော်ဆေးရုံ ပို့လိုက်ရကြောင်း ထပ်မံ သိရသည်။

ယနေ့မနက် ဖြစ်စဉ်မှာ လုပ်ကြံမှု တစ်ခုဖြစ်နိုင်ကြောင်း ဒေသခံများ သုံးသပ်ပြောဆိုသည်။ ကျူးလွန်သူများ ကို သက်ဆိုင်ရာ တာဝန်ရှိသူများမှ ယခုချိန်ထိ အတည်ပြု ပြောဆိုနိုင်ခြင်း မရှိသေးပါ။

  • Popular

  • Latest