ကချင် ဓမ္မဆရာ ၂ ပါး အမှု စစ်ဆေးရန် တရားလို ပျက်ကွက်

မတရားဖမ်းဆီးခံထားရသော ကချင်ဓမ္မဆရာ ၂ ပါး

မြန်မာစစ်တပ် က မတရား အသင်း ပုဒ်မ နှင့် ဖမ်းဆီး အရေးယူထားသော မုံးကို ကချင် နှစ်ခြင်း ခရစ်ယာန် အသင်းတော် က ဓမ္မဆရာ ၂ ပါး ကို ယနေ့ လားရှိုး တရားရုံး မှာ စီရင်ချက်ချရန် ရုံးချိန်း ထားသော်လည်း တရားလို ဘက်မှ ရောက် မလာ သဖြင့် နောက်ထပ် ရက်ချိန်း လိုက်သည်။

အသက် ၆၅ နှစ် သင်းထောက် Dumdaw Nawng Lat (ဒွမ်ဒေါ့နောင်လတ်) နှင့် အသက် ၃၅ နှစ် ဓမ္မဆရာ Langjaw Gam Seng (လန်ဂျော် ဂမ်ဆိုင်း) တို့ နှစ်ဦး ကို မတရား အသင်းဆက်သွယ်မှု ပုဒ်မ ၁၇/၁ နှင့် လိုင်စင်မဲ့ ဆိုင်ကယ်ပိုင်ဆိုင်မှု- သွင်းကုန်ထုတ်ကုန် ပုဒ်မ ၈ တို့ဖြင့် ယနေ့ ၁၀ နာရီ မှ ၁၂ နာရီအထိ ရုံးထုတ် စစ်ဆေးရန် စီစဉ်ခဲ့ခြင်း ဖြစ်သည်။

သို့သော်လည်း တရားလို များဘက် မှ ရောက် မလာသည့်အတွက် အစီစဉ် မဖြစ်ခဲ့ကြောင်း ကချင် နှစ်ခြင်း ခရစ်ယာန် အဖွဲ့ချုပ် KBC မုန်မောင်ဇုံနယ် အတွင်းရေးမှုး Sara Zau Ra (ဆရာဇောင်ရာ) မှ တဆင့် သိရသည်။

ထို့ကြောင့် နောက်လ သြဂုတ်လ ၉ ရက်နေ့ ထပ်မံ ရုံးချိန်း ထားသည်ဟု သိရသည်။

ဆရာ ၂ ပါးကို ဖမ်းဆီး ချုပ်နှောင် ထားသည်မှာ ယခု ၇ လ ရှိပြီ ဖြစ်သော်လည်း စီရင်ချက် မချသေးပေ။

၂၀၁၆ နိုဝင်ဘာလ မြောက်ပိုင်း မဟာမိတ်အဖွဲ့ နှင့် အစိုးရတပ် တိုက်ပွဲအတွင်း တပ်မတော် လက်ချက်ဖြင့် ပျက်စီးသွားသော မုံးကို မြို့အခြေအနေကို သတင်း ထောက်များ အား အဆိုပါ ဆရာ ၂ ပါး က လိုက်လံ ပြသ ခဲ့သဖြင့် ဖမ်းဆီ ခံရခြင်း ဖြစ်သည်။

သူတို့ ၂ ဦး ကို ဒီဇင်ဘာ ၂၄ ရက်နေ့ ည မုံးကို စစ်ဗျူဟာက ဖမ်းဆီး ခဲ့ပြီး ဇန်နဝါရီ ၂၂ ရက်နေ့ အထိ မြန်မာ စစ်တပ် Nampaka (နမ့်ဖတ်ကာ) နယ်မြေခံ ခလရ ၁၂၃ တပ်စခန်းတွင် ထိန်းချုပ်ကာ စစ်ဆေးခဲ့သည်။ ထို့နောက် မူဆယ် ရဲစခန်းကို ပြောင်းရွှေ့ခဲ့ ခြင်းဖြစ်သည်။

လူ့အခွင့်အရေးအဖွဲ့ HRW နှင့် Fortify Rights တို့လည်း မတရား ဖမ်းဆီးခံထားရသော ဆရာ ၂ ပါး ကို ပြစ်ဒဏ် တစ်စုံတရာ ချမှတ်ခြင်း မပြုဘဲ အမြန်ဆုံး လွှတ်ပေးရန် ဇူလိုင် ၂၅ ယမန်နေ့က တောင်းဆို လိုက်သည်။

  • Popular

  • Latest