ည သန်းခေါင် မုံးကို ဘက် တက်လာသည့် အစိုးရတပ်ကို KIA တိုက်ခိုက်

ည သန်းခေါင် မုံးကို ဘက် တက်လာသည့် အစိုးရတပ်ကို KIA တိုက်ခိုက်

ယမန်နေ့ ည သန်းခေါင်ချိန် ရှမ်းပြည်နယ်မြောက်ပိုင်း မုံးကို ဘက်ကို ၁၀၅ မိုင် ဘက်မှ မြန်မာ အစိုးရ စစ်သားများ အပြည့် တင်ထားသည့် တပ်မတော် ယာဉ်တန်းကို ကချင် လွတ်လပ်ရေး တပ်မတော် KIA မှ မိုင်းခွဲ တိုက်ခိုက်ခဲ့သည်။

ယာဉ်တန်းတွင် ၂၂ ဘီး ကားကြီး ၂ စီး၊ တုန်ဖုန်းကား ၂ စီး နှင့် ကားငယ် ၁ စီး ကို မုံးကိုမြို့ မတိုင်မီ ည ၁၁ နာရီ ၄၀ မိနစ် ခန့်မှာ ဒေသခံ KIA တမ်မဟာ (၆) တပ်ဖွဲ့များ နှစ်ကြိမ် မိုင်းခွဲ တိုက်ခိုက်ခဲ့သည်ဟု KIA တပ်မဟာ (၆) မှ ကချင်သတင်းဌာန ကို အတည်ပြု ပြောသည်။

တိုက်ခိုက်ခံရသည့် တပ်မတော် ယာဉ်တန်းဘက်မှ သေဆုံး၊ ထိခိုက်မှု သတင်း မသိရသေးပါ။

ယခုလို အစိုးရတပ် ယာဉ်တန်း တိုက်ခိုက်ခံရသော်လည်း မုံးကိုဘက်ကို ချက်ချင်း ထွက်ခွာ ကြောင်း ၎င်း က ဆိုသည်။

  • Popular

  • Latest