ဖားကန့် မြေစာပုံ ပြိုကျမှု လူ ၅ ဦး ထက် မနည်း သေဆုံးမှုရှိ

ဖားကန့် မြေစာပုံ ပြိုကျမှု လူ ၅ ဦး ထက် မနည်း သေဆုံးမှုရှိ

ဖားကန့် ကုဋေမှော်တွင် ကျင်းဟောင်း ရေအိုင် ပေါက်ထွက်မှုကြောင့် လူ ၅ ဦး ထက်မနည်း သေဆုံးပြီး အချို့ ပျောက်ဆုံးနေသေးကြောင်း သိရသည်။


ဇန်နဝါရီ ၂၀ ရက် နေ့ည ၁၁ နာရီခန့်၊ အဲဗား ကုမ္ပဏီ၏ မြေစာပုံ ပြိုကျမှု ရေဘောင်တစ်ခု ပေါက်ထွက်ပြီး မြဥယျာဉ် လုပ်ကွက်ကို နှစ်မြုပ်စေခဲ့ကြောင်း ဖြစ်စဉ် အနီးတွင် နေထိုင်သော ဒေသခံ တူးလွမ်က ပြောပြသည်။

“ကျွန်တော်နေတဲ့ အနားမှာဘဲ ဖြစ်သွားတာ။ အဲဗားကျောက် ကုမ္ပဏီရဲ့ မြေစာပုံပြိုကျလာတယ်။ မြေစာပုံက အဲဗားကုမ္ပဏီ ရဲ့တစ်ဖက်မှာရှိတဲ့ မြဥယျာဉ် ကုမ္ပဏီ ဘောင်ကို ဝင်တိုက်သွားတယ်။ အဲဒီ ဘောင်က ရေ အရမ်းပြည့်တာ။ ကုမ္ပဏီအစောင့်၊ ရေမဆေးသမား နဲ့ စက်ပစ္စည်းတွေလည်း ပါသွားတယ်။”

လက်ရှိထိ နွံရေ နှစ်မြုပ်သေဆုံးသူ ၅ ဦး ကိုတွေ့ရှိပြီး ပျောက်ဆုံးနေသူများကိုလည်း ဆက်လက်ရှာဖွေနေကြောင်း သိရသည်။

သေဆုံး တွေ့ရှိထားသူ ၅ ဦးအနက် ၂ ဦး ကုမ္ပဏီ ဝန်ထမ်းများဖြစ်ပြီး၊ ၃ ဦး မှာ ရေ မဆေးသမားများ ဖြစ်ကြောင်း ပြောပြသည်။

ဖားကန့်တွင် ၂၀၁၈ နှစ်ဆန်းပိုင်း မှ ၃ ပတ်အတွင်း မြေစာပုံ ပြိုကျမှု ၄ ခု ဖြစ်ပွားခဲ့ပြီး သေဆုံးသူ ၂၀ ကျော်ခန့် ရှိသွားပြီ ဖြစ်ကြောင်း သိရသည်။

  • Popular

  • Latest