KIO လိုင်ဇာမြို့ ကို မြန်မာ အစိုးရတပ် လက်နက်ကြီး အကြိမ် ၂၀ ကျော် ပစ်ခတ်

ဇန်န၀ါရီ ၂၇၊ လိုင်ဇာ Padang ခမ်းမ KIO ဥက္ကဌ သစ် ဗိုလ်ချုပ်မှူးကြီး Nban La ၏ ကျမ်း သစ္စာ ကျိန်ဆိုပွဲ အခမ်းအနား၊ ဓါတ်ပုံ- Kachinnet

မြန်မာ အစိုးရတပ် က လက်နက်ကြီး အကြိမ်ပေါင်း ၂၀ ကျော် KIO ကချင် လွတ်လပ်ရေး အဖွဲ့ လိုင်ဇာမြို့ ပတ်ဝန်းကျင် ကို ဇန်န၀ါရီ ၂၇၊ စနေနေ့ည ၆ နာရီ ကျော်မှ ၇ နာရီ ကျော် ကြား ပစ်ခတ်ခဲ့သည်။


ကချင် လွတ်လပ်ရေး တပ်မတော် KIA ဗိုလ်လောင်းကျောင်း အနီးမှာလည်း လက်နက်ကြီး ကျည် ကျရောက် ပေါက်ကွဲ သော်လည်း ထိခိုက်မှု မရှိကြောင်း မြို့ခံများ ဆိုပါသည်။

ပစ်ခတ်မှု မှန်ကန်ကြောင်း KIO သတင်းနှင့် ပြန်ကြားရေး ဌာန တာဝန်ရှိသူ ဒုဗိုလ်မှူးကြီး Naw Bu က ကချင်သတင်းဌာန KNG ကို အတည်ပြု ပြောသည်။ မည်သည့် ရည်ရွယ်ချက်နှင့် ပစ်ခတ်ခဲ့ကြောင်းကို မသိကြောင်း သူက ပြောပါသည်။

သို့သော် ၎င်းနေ့ နံနက်ပိုင်းမှာ လိုင်ဇာ Padang ရုံးခန်းမတွင် KIO ဥက္ကဌ သစ် ဗိုလ်ချုပ်မှူးကြီး Nban La ၏ ကျမ်းသစ္စာ ကျိန်ဆိုပွဲ အခမ်းအနားနှင့် တိုက်ဆိုင်ခဲ့သည်။

  • Popular

  • Latest