NMSP နှင့် LDU အဖွဲ့တို့ ပထမ ဆုံး UPDJC အစည်းဝေး တက်ရောက်

၁၄ ကြိမ်မြောက် UPDJC အစည်းအဝေး၊ နေပြည်နယ်

ယနေ့ မွန်းလွဲပိုင်း နေပြည်တော် NRPC ရုံးမှာ စတင်ကျင်းပသည့် ပြည်ထောင်စု ငြိမ်းချမ်းရေး ဆွေးနွေးမှု ပူးတွဲ ကော်မတီ (UPDJC) အစည်းအဝေး သို့ NMSP နှင့် LDU အဖွဲ့တို့ ပထမ ဆုံး ပါဝင် တက်ရောက်နေပါသည်။

ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖယ်ဒရယ် ကောင်စီ (UNFC) အဖွဲ့ဝင် မွန်ပြည်သစ်ပါတီ (NMSP) နှင့် လားဟူဒီမိုကရက်တစ် အစည်းအရုံး (LDU) အဖွဲ့ နှစ်ဖွဲ့ နှင့် မြန်မာအစိုးရကြား တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး NCA စာချုပ် ကို ဖေဖေါ်ဝါရီ (၁၃) ရက်နေ့ က လက်မှတ် ရေးထိုးခဲ့သည်။

ယခု အစည်းအဝေး သို့ ‘NCA တွင် ပါဝင်လက်မှတ်ရေးထိုးမှုအား’ NMSP နဲ့ LDU အဖွဲ့တို့ တင်ပြသွားရန် ရှိကြောင်း အစည်းအဝေး တက်ရောက်သူများ ပြောပါသည်။

ကချင်ပြည်နယ် ဒီမိုကရေစီ ပါတီ KSDP ဥက္ကဌ ဒေါက်တာ တူးဂျာ လည်း အစည်းအဝေးသို့ ပါဝင် တက်ရောက်နေပါသည်။

အစိုးရ၏ တိုင်းရင်းသားဒေသ ငြိမ်းချမ်းရေး ရရှိရန် ကျိုးပမ်းမှုဖြင့် UPDJC အစည်းအဝေးကို ယခု (၁၄) ကြိမ်အထိ ကျင်းပနေသော်လည်း NCA လက်မှတ် မရေးထိုးသေးသည့် ကချင်၊ ရှမ်း နှင့် ရခိုင် ပြည်နယ်များတွင် တပ်မတော် ထိုးစစ်ကြောင့် တိုက်ပွဲများ ဆက်လက် ဖြစ်ပွားနေပါသည်။

  • Popular

  • Latest