ဖါးကန့် လုံခြုံရေး ရဲ ပစ်ခတ်မှုကြောင့် ရေမဆေး ၁ဦး သေဆုံး

ဖါးကန့် လုံခြုံရေး ရဲ ပစ်ခတ်မှုကြောင့် ရေမဆေး ၁ဦး သေဆုံး

ဖားကန့် လုံးခင်းကျေးရွာအုပ်စု ဆန်ခါမှော် ကျောက်စိမ်းကုမ္ပဏီတစ်ခုတွင် အစိုးရ လုံခြုံရေး ရဲများ သေနတ်ပစ်ခတ်မှုကြောင့် ရေမဆေးသမား ၁ဦး ဒဏ်ရာရ သေဆုံးခဲ့သည်။

ယနေ့ မနက်ပိုင်း ၁၀နာရီခန့် 111 (တစ်သုံးလုံး) ကျောက်ကုမ္ပဏီ လုပ်ကွက်အတွင်း ရေမဆေးသမားများအချိန်ပိုင်း ဝင်ရောက်တူးဖော်နေစဉ် လုံခြုံရေး ရဲတစ်ဦး ၏ ပစ်ခတ်မှုတွင် သေဆုံးသွားသော ရေမဆေးသမားသည် ၎င်း၏ ဦးခေါင်းနောက်စိဘက်မှ ကျည်ဆံ ထိမှန်ခဲ့ကြောင်း အခင်းဖြစ်ပွားချိန်အတွင်းရှိ မျက်မြင်သက်သေ ရွာသားတစ်ဦး က ကချင်သတင်းဌာန KNG ကိုပြောပြသည်။

ရေမဆေးသမား ၁၀၀၀ ခန့် သတ်မှတ်ထားသော အချိန်မှာမဟုတ်ဘဲ ကုမ္ပဏီအတွင်း ဝင်ရောက်တူးဖော် ကျုးကျော်လာသောကြောင့် လုံခြုံရေး ရဲက သေနတ်ဖြင့် ခြိမ်းခြောက်ပစ်ခတ်ရာ ထိမှန်သွားသည်ဟု ဖားကန့်အုပ်ချုပ်ရေးမှူး ဦးကျော်စွာအောင်က ယခုလိုပြောဆိုထားပါသည်။

“ရေမဆေးသမား တစ်ထောင်ကျော်ခန့်က ခွင့်ပြုချိန်မဟုတ်ဘဲ ဝင်လာတယ်လို့ပြောတယ်။ ပုံမှန်အရ ရေမဆေးသမားတွေကို ညနေ ၃နာရီ၊ ၄နာရီမှသာ ဝင်တူးခိုင်းတာဟုတ်တယ်။ ရဲကလည်း စောင့်ရှောက်ရမယ့် သူ့မှာတာဝန်ရှိတယ်။ ခွင့်ပြုထားတဲ့ အချိန်ဆို ဘယ်သူမှ ရန်ပြုတယ်ဆိုတာရှိမှာမဟုတ်ဘူး။ ရေမဆေးသမားများအားလုံးလည်း ခွင့်ပြုထားသော အချိန်ကို အကျိုးရှိရှိ အသုံးချသင့်တယ်။”

သေဆုံးသူမှာ မိုးကောင်းမြို့နယ် နမ္မနကျေးရွာတွင်နေထိုင်သော ဦးဆန်ကျော်နှင့် ဒေါ်ခင်အေးသန်း တို့၏သား အသက် ၂၅နှစ် ဦးကျော်ဇင်ဖြိုး ဖြစ်ကြောင်းသိရသည်။

  • Popular

  • Latest