ဖားကန့် မြေစာပုံပြိုကျမှုတွင် ပျောက်ဆုံးနေသော ရေမဆေး ၂ဦးကို မတွေ့ရသေး

ဖားကန့် မြေစာပုံပြိုကျမှုတွင် ပျောက်ဆုံးနေသော ရေမဆေး ၂ဦးကို မတွေ့ရသေး

ဖားကန့်မြို့နယ် လုံးခင်း ကျေးရွာ အုပ်စု မှော်စီစာ ကျောက်စိမ်းကုမ္ပဏီ ကျင်းတစ်ခုတွင် တနင်္လာနေ့ မြေစာပုံပြိုကျမှုကြောင့် ပျောက်ဆုံးနေသော ရေမဆေးသမား ၂ဦးကို မတွေ့ရသေးကြောင်း သိရသည်။

ဖေဖါရီဝါလ ၄ရက်နေ့ ည ၁၀နာရီခန့် ‘စံတော်ဝင်’ အမည်ရှိ ကုမ္ပဏီတွင် ရေမဆေးသမား ၄ဦး မြေစာပုံပြိုကျစဉ် ပါသွားရာမှ ၂ဦးလွတ်မြောက်လာသော်လည်း ကျန် ၂ဦး မှာ ယခုချိန်ထိ ပျောက်ဆုံးနေကြောင်းကို မှော်စီစာ အုပ်ချုပ်ရေးမှူး ဦးသိန်းဇော်က ကချင်သတင်းဌာန KNG ကို ပြောပါသည်။

“ကျနော်တို့ ဖြစ်ပွားတာက ည ၁၀နာရီအချိန်လောက် ဖြစ်သွားတယ်။ ဖြစ်ဖြစ်ချင်း ၄ယောက်ပါသွားတယ်။ ၂ယောက်ပြန်လွတ်လာတယ်။ ကျန် ၂ယောက် အခုချိန်ထိ မတွေ့ရသေးဘူး။ ရှာဖွေဖို့ကလည်း အရန်းနက်တယ်။ ပိုပြီး အန္တရာယ်ကြီး တာပေါ့။ ရုံးကို လူပျောက်စာရင်း လာတင်ထားတာလည်း ၂ယောက်ဘဲ။”

မြေစာပုံပြိုကျမှုကြောင့် ပျောက်ဆုံးနေသော ရေမဆေးသမား ၂ဦးမှာ မှော်စီစာမှ ဦးသိန်းဇော် နှင့် Malang kahtawng (မလန်းကျေးရွာ) မှ ဦးတင်ဇော် တို့ဖြစ်ကြောင်း ဆိုသည်။

မြေစာပြိုကျရာမှ လွတ်မြောက်လာသော ရေမဆေးသမား ၂ဦးမှာ ဖားကန့်ပြည်သူ့ဆေးရုံတွင် ဆေးကုသမှုခံယူကာ ဖေဖ်ာဝါရီလ ၆ရက်နေ့ ဆေးရုံဆင်းသွားပြီ ဖြစ်ကြောင်း သိရသည်။

  • Popular

  • Latest