မြစ်ဆုံ ရာသက်ပန်ရပ်ဆိုင်းရေး ဆန္ဒပြပွဲ ပြုလုပ်နေစဉ် မနောကွင်းအနီး မီးလောင်

မြစ်ဆုံ ရာသက်ပန်ရပ်ဆိုင်းရေး ဆန္ဒပြပွဲ ပြုလုပ်နေစဉ် မနောကွင်းအနီး မီးလောင်

စီတာပူရပ်ကွက် မနောကွင်းအနီးရှိ နောင်ရာလမ်း ၌ နေအိမ်တစ်လုံးမီးလောင်ခဲ့ပြီး မြစ်ဆုံစီမံကိန်း ရာသက်ပန်ရပ်ဆိုင်းရေး ဆန္ဒပြပွဲတွင် ပါဝင်သည့် ပြည်သူအချို့နှင့် အိမ်နီးချင်းများ စုစုပေါင်းလူအင်အား ၃၀ ၀န်းကျင်ဖြင့် ၀ိုင်းဝန်းမီးငြိမ်းသတ်ရာ မိနစ်၂၀ခန့်တွင် ငြိမ်းသတ်နိုင်ခဲ့သည်။

ဖေဖော်ဝါရီလ ၇ ရက် မနက် ၁၀နာရီ ၃၀ခန့် အချိန်တွင် အိမ်ရှင်များ အပြင်သွားနေချိန်တွင် လျှပ်စစ်ဝါယာရှော့ဖြစ်ပြီး မီးလောင်မှုဖြစ်ပွားခြင်းဖြစ်သည်ဟု သိရသည်။

“အပင်တွေများလို့ တခြားနေအိမ်ဘက်ကိုတော့ မီးမကူးဘူး။ ပစ္စည်းတော့ အကုန်မီးလောင်တဲ့အထဲပါသွားတယ်” ဟု မီးငြိမ်းသတ်ချိန်တွင် ပါဝင်ခဲ့သည့် ရပ်ကွက် ၆ မှ လူငယ်ခေါင်းဆောင် မောင် Htoi San Awng ပြောပါသည်။

၂၀၁၉ခုနှစ်၏ ပထမဆုံး မြစ်ဆုံ စီမံကိန်း ရာသက်ပန်ရပ်ဆိုင်းရေး ဆန္ဒပြထုတ်ဖော်ပွဲကို စစ်ဘေးရှောင်များအပါအ၀င် ဘာသာပေါင်းစုံ လူမျိုးပေါင်းစုံ စုစုပေါင်း အင်အား ၇၀၀၀ ခန့် ဆန္ဒထုတ်ဖော်ခဲ့ကြကြောင်း ပွဲစီစဉ်သူများထံမှသိရသည်။

  • Popular

  • Latest