ဖားကန့် မမုံကျေးရွာ အန္တရယ်ရှိမြေစာပုံ ပြိုကျမှု လူအသေအပျောက်မရှိ

မမုံကျေးရွာပြိုကျတဲ့ နေရာမှ ရရှိတဲ့ ကျောက်စိမ်းတုံး၊ ဖားကန့်

ဖားကန်မြို့နယ် ဆိပ်မူအုပ်စု မမုံကျေးရွာအနီး အမြင့်ပေ ၆၀၀၊ အကျယ်ပေ ၁၀၀၀ ခန့်ရှိ အန္တရယ်ရှိ သဘာဝကျောက်ကမ်းပါး ဖေဖေါ်ဝါရီ ၇ ရက် နေ့လည် ၁၂ နာရီက ပြိုကျမှုတွင် လူအသေအပျောက် မရှိကြောင်း စုံစမ်းသိရှိရသည်။

ဆိုရှယ်မီဒီယာတွင် ပျံနှံသည့် ဗီယိုဖိုင်သည် တခြားတနေရာဖြစ်ပြီး မမုံကျေးရွာပြိုကျမှုတွင် လူအသေအပျောက်မရှိကြောင်း ဖားကန်အခြေစိုက်အလွတ်တန်းသတင်းထောက် ဦးဇော်မိုးထက်က ယခုလို ပြောကြားသည်။

“ရေလှိုင်းတွေ ရိုက်ပြီး လူမျောသွားတဲ့ ဖိုင်က အဟောင်းကြီး တခြားတနေရာမှာဖြစ်တာဟာ” ဆိုရှယ်မိဒီယာများ ပျံနှံနေမှုများနှင့်ပတ်သက်၍ ၎င်းကမှတ်ချက်ပြု ပြောဆိုသည်။

ယခု မမုံကျေးရွာပြိုကျသွားသည့် နေရာသည် နိုင်ငံတော်ပိုင် သက်တမ်းကုန် လုပ်ကွက်ဖြစ်ပြီး ကျောက်မျက်မှ စက်ယန္တယားများဖြင့် တူးဖော်ရာ ကျောက်တစ်လုံး ရရှိကြောင်း လက်ရှိ backhoe ၅စီး၊ လူ ၁၅ယောက်ဖြင့် ဆက်လက်ရှာဖွေနေကြောင်း ညနေ ၃နာရီ ၃၀ အချိန်တွင် ၎င်းက ဆက်လက်ဖြေကြားသည်။

၂၀၁၈ ဒီဇင်ဘာလ ၁၈ ရက်နေ့က အကြီးစား ကျောက်မျက်တူးဖော်မှုများကို ပိတ်ပင်သည့် မြန်မာ့ ကျောက်မျက်ဥပဒေမူကြမ်းကို ပြည်ထောင်စုလွှတ်တော် အတည်းပြုပြဌာန်းထားပြီး ၅ဧက အောက်သာ တူးဖော်ခွင့်လျှောက်ထားခွင့်ပြုတော့ဟု နိုင်ငံပိုင်သတင်းစာများတွင်ဖော်ပြထားသည်။

  • Popular

  • Latest