ခြေ/ဥ ပြင်ဆင်ရန် အတွက် ဖားကန့် မြို့တွင် နက်ဖြန် ဆန္ဒထုတ် ဖော်မည်

ဖားကန့်မြို့၊ ကချင်ပြည်နယ်

၂၀၀၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေကိုပြင်ဆင်နိုင်ရန်အတွက် ထောက်ခံသည့် လူထုဆန္ဒထုတ်ဖော်ပွဲကို ဖားကန့် မြို့ မှော်ဝမ်းရပ်ကွက်ရှိ ပြည်သူ့ရင်ပြင်ကွင်းတွင် ကျင်းပသွားမည် ဖြစ်ကြောင်း ခြေ/ဥ ပြင်ဆင်ရေး တာဝန်ခံ ဦးသိန်းတန်ထံမှ သိရသည်။

"အဓိက ဒီ ခြေ/ဥ က တပ်မတာ် က ရေးဆွဲထားတဲ့ စာအုပ်ဖြစ်လို့ ပြီးတော့ လွှတ် တော်မှာလည်း သူတို့က ၂၅ ရာခိုင်နှုန်းယူထားတယ်။ လက်ရှိအစိုးရ လျှောက်လှမ်းနေတာနဲ့လည်း မကိုက်ညီဘူး။ အဲဒါကြောင့် ဒီ ခြေ/ဥ ပြင်ဖို့ လိုအပ်တယ်" ဟု ဒေသခံတစ်ဦးဖြစ်သူက ခုလိုသုံးသပ် ပြောဆိုသည်။

ဒီမိုကရေစီလမ်းကြောင်းဖော်ဆောင်နေသည့် မြန်မာနိုင်ငံအတွက် လက်ရှိ ဖွဲ့စည်းပုံ အခြေခံဥပဒေသည် အဟန့်အတားဖြစ်နေကြောင်း ၎င်းက ဆက်ပြောသည်။

အဆိုပါ ဆန္ဒထုတ်ဖော်ပွဲကို ဖားကန့် မြို့ရှိ အရပ်ဘက်အဖွဲ့အစည်းမှ ဦးဆောင်မည်ဖြစ်ကာ ဆန္ဒထုတ်ဖော်ပွဲ ပြုလုပ်ရသည်နှင့်ပတ်သက်ပြီး ပွဲဖြစ်မြောက်ရေး ဥက္ကဌ ဦးသိန်းတန် က ခုလို ပြောသည် ။

"ကျနော် တို့ ပြည် သူ တွေ ငြိမ်းချမ်းချင်တယ်။ ဒီဖွဲ့စည်းပုံအခြေခံ ဥပဒေပြင်မှ ကျနော်တို့လိုချင် တဲ့ ငြိမ်းချမ်းရေး ဖော်ဆောင်နိုင်မယ်လို့ ယုံကြည် တယ်။" ဟု ၎င်းကဆိုသည်။ 

ယင်းဆန္ဒထုတ်ဖော်ပွဲကို ဧပြီ ၃ရက်နေ့ နေ့လည် ၁၂နာရီမှ ည နေ ၅နာရီထိ ဖားကန့် မှော်ဝမ်း ပြည်သူ့ရင်ပြင် ကျောက်တိုင်ကွင်းတွင် ကျင်းပသွားမည် ဖြစ်ကြာင်း ပွဲကော်မတီများထံမှသိရသည်။

"ဒီဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်တဲ့ နေရာမှာ တပ်မတော်ဘက် ကပါ ပူးပေါင်းပါဝင်လာရင် အကောင်းဆုံး ပေါ့။” ဟု အမည်မဖော်လိုသူ ဒေသခံတစ် ဦးက ဆိုသည်။

  • Popular

  • Latest