ABSDF မြောက်ပိုင်း ခေါင်းဆောင် ၂ဦးကို ထောင်ဒဏ် ၂နှစ် စီရင်ချက် ချ

ABSDF မြောက်ပိုင်း ခေါင်းဆောင် ၂ဦးကို ထောင်ဒဏ် ၂နှစ် စီရင်ချက် ချ

ကချင်ပြည်နယ်၊ မိုးညှင်းမြို့နယ် တရားရုံးတွင် မတရားအသင်း ဆက်သွယ်မှု ပုဒ်မ ၁၇(၁) ဖြင့် အဖမ်းခံထားရသည့် ABSDF မြောက်ပိုင်း ဒုဥက္ကဋ္ဌ ကိုအောင်ဆွေဦး နှင့် ကိုမောင်ဦး တို့အား ယနေ့ညနေ ၄ နာရီ ခန့်၌ ထောင်ဒဏ် ၂ နှစ်စီ ချမှတ်လိုက်ပြီး အရပ်သား ကိုမောင်ကိန်းမှာ တရားသေ အဖြစ် လွတ်မြောက်သွားကြောင်းသိရသည်။

၎င်းတို့ ၃ ဦးမှာ လွန်ခဲ့သည့် ၂၀၁၈ နိုဝင်ဘာလ ၃ ရက်နေ့တွင် ဖမ်းဆီးခံခဲ့ရပြီး ချုပ်ရက် ၄လကျော် ထုတ်နုတ်ခံစားကျခံစေရန် တရားသူကြီးဦးဇော်လင်းထွန်းမှ ၂၀၁၉ ဧပြီလ ၁၁ရက်နေ့၌ ချမှတ်ခဲ့သည်။

"ထောင် ၂ နှစ်ချလိုက်တော့ မိသားစုဝင်တွေကတော့ ငိုဒါပေါ့။ ဒီစီရင်ချက်နဲ့ပတ်သက်ပြီး အယူခံတက်သွားမှာပါ" ဟု အကျိုးဆောင် ရှေ့နေ ဦးတင်လှိုင်မှ KNG ကို ပြောပါသည်။

ယနေ့အပြီးသတ် (၁၉)ကြိမ်မြောက် ရုံးထုတ်ရာ၌ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (ABSDF) အဖွဲ့ဝင်ရဲဘော်ဟောင်းများနှင့် လူပေါင်း ၂၅ ယောက် ခန့် လာရောက်ဝန်းရံခဲ့ကြောင်း သိရသည်။

ABSDF ဒုဥက္ကဋ္ဌ အပါအ၀င် ၃ ဦးအား မိုးညှင်းမြို့ ရဲဘော်တစ်ဦး၏ နာရေးကိစ္စဖြင့် လာရောက်စဉ် ဖမ်းဆီးခံရပြီး မတရားသင်းဆက်သွယ်မှု ပုဒ်မ ၁၇(၁) ဖြင့်  မိုးညှင်းမြို့နယ် အခြေစိုက် ခလရ(၁၅)က ဗိုလ်ကြီး ဦဟစိုးက တရားစွဲခဲ့ခြင်းဖြစ်သည်။

  • Popular

  • Latest