ကေဒီအေ တပ်ဖွဲ့ ပြည့်သူ့စစ်သို့ပြောင်းလဲပြီး လက်နက်ကြီးများ အပ်ရန် ကတိပေး

ရှမ်းပြည်အရှေ့မြောက်ပိုင်းအခြေစိုက် ကချင်ကာကွယ်ရေးတပ်ဖွဲ့ (ကေဒီအေ) အဖွဲ့က ပြီးခဲ့တဲ့ ဇန်န၀ါရီ လ လယ်ပိုင်းမှာ မြန်မာစစ်အစိုးရ၏ အဓ္ဓမညွှန်ကြားတဲ့အတိုင်း ပြည်သူ့စစ်တပ်ဖွဲ့ ကို တရားဝင်ပြောင်းလဲဖွဲ့စည်း ခဲ့ပါတယ်။
 
တပ်မဟာ နှစ်ခုနဲ့ စစ်အင်အား ၁၅၀၀ ကျော်ရှိတဲ့ကေဒီအေဟာ စစ်အင်အား ၁၀၀ အောက်သာရှိတဲ့ ပြည်သူ့စစ်အဖွဲ့နှစ်ခုပြောင်းလဲ ဖွဲ့စည်းခြင်းအစီစဉ်ကို အဖွဲ့ဌာနချုပ် ကောင်းခါးမှာပြုလုပ်ခဲ့ကြောင်း အဲဒီအစီစဉ် ပါဝင်ခဲ့သူတွေက ပြောပါတယ်။

ကေဒီအေတပ်ဖွဲ့တွေအနေနဲ့ ပြည်သူ့စစ်ဝတ်စုံသစ်တွေနဲ့ လားရှိုးအခြေစိုက် မြန်မာ စစ်အစိုးရ၏ အရှေ့မြောက်ပိုင်းတိုင်းစစ်ဌာနချူပ် (ရမခ) လက်အောက်ခံအဖြစ်ကို ပြောင်းလဲပြီးဖြစ်သလို လက်နက်ကြီးတွေ အားလုံးအပ်ဖို့လည်း ပြင်ဆင်နေကြောင်း ကေဒီအေနဲ့နီးစပ်သူတွေက ပြောပါတယ်။

မိခင်ကချင်လွတ်မြောက်ရေးအဖွဲ့ (ကေအိုင်အို) မှ ခွဲထွက်တာ ၁၉ နှစ်ကြာပြီးနောက် အခုလို မထုနော်ဦးဆောင်တဲ့ ကချင်ကာကွယ်ရေးတပ်ဖွဲ့က မြန်မာစစ်တပ် လက် အောက်ခံ ပြည်သူ့စစ်ဖွဲ့စည်းဖို့သဘောတူခဲ့ပါတယ်။

အခုလိုပြုလုပ်ခဲ့တဲ့အပေါ်မှာ တပ်ဖွဲ့ဝင်တွေနဲ့ ဒေသခံကချင်ပြည်သူလူထုက ခေါင်းဆောင်မထုနော်အပေါ် မကျေမနပ်ဖြစ်နေကြောင်း သိရပါတယ်။

  • Popular

  • Latest