အိန္ဒိယ အရှေ့မြောက်ပိုင်းနေ ကချင်လူမျိုးတွေ ရိုးရာမနောပွဲတော်ကျင်းပ

အိန္ဒိယနိုင်ငံမှာနေထိုင်တဲ့ Sinphpo လို့ခေါ်တဲ့ ကချင်တိုင်းရင်းသားတွေက ရိုးရာမနော်ပွဲတော်ကို ပြီးခဲ့အပတ် စနေနေ့ကစပြီး ဒီကနေ့ထိ သုံးရက်ကြာ ပြုလုပ်နေပါတယ်။
 
ပွဲတော်ပြုလုပ်နေတဲ့နေရာကတော့ အရှေ့မြောက်ပိုင်း Arunachal Pradesh ပြည်နယ်၊ ဘော်ဒွမ်ဆာ (Bordumsa) မြို့မှာဖြစ်ပြီး ၎င်းနဲ့ကပ်တဲ့ Assam ပြည်နယ်နဲ့ မြန်မာ နိုင်ငံမြောက်ပိုင်း ကချင်ပြည်နယ်က ကချင်လူမျိုးများ ပါဝင်တက်ရောက်ကြတယ် လို့ မနောပွဲတက်ရောက်သူတွေကပြောပါတယ်။

နှစ်စဉ် ဒီချိန် Singpho မနောပွဲတော်ကို Bordumsa မှာ ကျင်းပနေကျဖြစ်ပြီး ဒီနှစ်ပွဲတော်ဆိုရင် ၂၆ နှစ်ကြိမ်မြောက် ဆင်နွှဲခြင်းဖြစ်ကြောင်း သိရပါတယ်။

  • Popular

  • Latest