ဗီယက်နမ်တွင် ကမ္ဘာ့အကြီးဆုံး ကျောက်စိမ်းဗုဒ္ဓရုပ်ပွားတော်ထုလုပ်

ဗီယက်နမ် ရတနာ ကုမ္ပဏီတခုသည် ကမ္ဘာမှာ အကြီးဆုံးဖြစ်လာမည်ဖြစ်သည့် ကျောက်စိမ်း ဗုဒ္ဓရုပ်ပွားတော်ကို ၃၅ တန်ရှိတဲ့ ကျောက်စိမ်းတုံးကြီးမှ တင်္နလာနေ့က စတင်ထုလုပ်ကြောင်း နိုင်ငံတကာသတင်းမှ ကိုးကားရ်ျ သိရသည်။


ကျောက်စိမ်းကုန်သွယ်မှုသည် အာဏာရ စစ်အစိုးရ၏ လူ့အခွင့်အရေးချိုးဖောက်မှုများအား အားပေးရာရောက် သည်ဟု  မြန်မာကျောက်စိမ်းကို အမေရိကန်နဲ့ ဥရောပ သမဂ္ဂက ပိတ်ပင်ထားသည်။

နိုင်ငံတကာ လူ့အခွင့်အရေး စောင့်ကြည့်လေ့လာရေးအဖွဲ့ (Human Rights Watch) နှင့် အဝေးရောက် မြန်မာအတိုက်အခံ အဖွဲ့များက မြန်မာ့ကျောက်စိမ်း အများဆုံးထွက်ရာ ကချင်ပြည်နယ်၊ ဖါးကန့် ကျောက်စိမ်း တွင်းများတွင် အတင်းအဓမ္မလုပ်အားစေခိုင်းမှုရှိနေပြီး ဒေသခံ ကချင်လူထုကို ဖိနှိပ်မှုတွေ ဖြစ်စေသည်ဟု ပြောသည်။

ထန်ချောင်ငေါ့ဗီယက် ကုမ္ပဏီ ဥက္ကဌ ဒေါင်ထရောင်ကူအောင်းက အဲဒီကျောက်စိမ်းတုံးရိုင်းကို ၂၀၀၆ ခုနှစ်က မြန်မာအစိုးရရဲ့ တရားဝင်လေလံပွဲမှာ ၀ယ်ယူခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။

လွန်ခဲ့တဲ့ အောက်တိုဘာလတုန်းကတော့ ကူအောင်းဟာ မဟာကျောက်စိမ်းဆင်းတုတော်ဟာ ကမ္ဘာတလွှားမှာ ဗီယက်နမ်ရဲ့ ပုံရိပ်ကို တိုးတက်စေမယ်လို့ ပြောခဲ့ကြောင်း ဗီယက်နမ် သတင်းအေဂျင်စီက သတင်းရေးသားခဲ့ သည်။

ဆင်းတုတော် ထုလုပ်မှုသည် ၂ နှစ်လောက်ကြာမြင့်မည်ဖြစ်ဟု ကုမ္ပဏီက မျှော်လင့်ထားကြသည်။ နောက်ဆုံး အပြီးသတ် ဆင်းတုတော်သည် သုံးမီတာ မြင့်မည်ဖြစ်ရ်ျ ၁၅ တန် အလေးချိန်ရှိမည်ဖြစ်သည်။


  • Popular

  • Latest