သန်းခေါင်စာရင်းကောက်ခံမှုကို ကျေးလက်နေတွေ နားမလည်

အခုဆိုရင် မြစ်ကြီးနားမြို့ရဲ့ရပ်ကွက်တွေတိုင်းမှာလိုလို သန်းခေါင်စာရင်း စတင်ကောက်ခံနေပြီ။

မြန်မာစစ်အစိုးရ အာဏာပိုင်တွေအနေနဲ့ ရွာမှူးတွေကတဆင့် အိမ်ထောင်မိသားစုတိုင်းက ၁၈ နှစ်အထက် လူကြီးလူငယ်တွေကို နာမည်စာရင်းလာထည့်ခိုင်းနေတယ်လို့ ဒေသခံတွေ ပြောပါတယ်။

အခုလိုနာမည်စာရင်းကောက်ခံတာကို နာမည်တဲ့ ကျေးလက်နေဒေသခံ တွေကို ရပ်ရွာ ဥက္ကဌတွေအနေနဲ့တော့ စစ်အစိုးရမှ ပြည်သူတွေအကျိုးပြုစေမယ့်အရာဖြစ်တယ်လို့ ပြောထားတဲ့အတွက် စိတ်ဝင်စားနေတဲ့သူတွေ လည်းရှိတယ်လို့ သိရပါတယ်။

အဓိကကောက်ခံရတာကတော့ နာမည်ထည့်သူရဲ့ မိခင်နာမည်ကို ထည့်သွင်းရပါတယ်။  ဒေသခံတချို့ကတော့ လာမဲ့ရွေးကောက်ပွဲအတွက် ပြင်ဆင်နေတယ်ဆိုတာကို သိနေကြပေမယ့် ဒီအပေါ် စိတ်ဝင်စားမှုတော့ နည်းနေ သေးတယ်လို့ဆိုပါတယ်။

မြန်မာစစ်အစိုးရကတော့ ရွေးကောက်ပွဲကို ဒီနှစ်အတွင်း ကျင်းပမှာဖြစ်ကြောင်း ကြေငြာထားပြီး ဖြစ်သလို စည်းရုံးမှုအမျိုးမျိုးလည်း ပြုလုပ်နေပါတယ်။

  • Popular

  • Latest