ဝ တပ်ဖွဲ့နဲ့ မြန်မာစစ်အစိုးရကြား ငြိမ်းချမ်းဖို့ အတွက် တရုတ်ကြိုးစား

ဝ ပြည်သွေးစည်းညီညွတ်ရေးတပ်ဖွဲ့ UWSA ဥက္ကဌ ပေါက်ယူကျန်း နဲ့ မြန်မာစစ်အစိုးရ ဒုဗိုလ်ချုပ်ကြီး ရဲမြင့်တို့တွေ့ဆုံဆွေးနွေးခဲ့ရာမှာ တရုတ်ပြည်က အရာရှိတစ်ဦးလည်း တက်ရောက်ဆွေးနွေးခဲ့တယ်လို့ ၀ အရာရှိတစ်ဦးကပြောပါတယ်။

ဖေဖ၀ါရီလ ၂၅ ရက်နေ့ညနေက လာရှိုးအနီး တန့်ယန်းမှာ ၂ ကြိမ်တိုင် တွေ့ဆုံဆွေးနွေးခဲ့ရာမှာ တရုတ်အရာရှိက နှစ်ဖက်ကြားငြိမ်းချမ်းရေး ဆက်လက်တည်နေဖို့အတွက် ညှိနှိုင်းဆွေးနွေးပေးတာလို့ ဆိုပါတယ်။

တရုတ်ကတော့ ၀တပ်ဖွဲ့ကပိုင်ဆိုင်ထားတဲ့ တရုတ်မြန်မာနယ်စပ်မှာ တိုက်ခိုက်မှုတွေ မတည်မငြိမ်ဖြစ်မှာကို မလိုလားတဲ့အတွက် ညှိနှိုင်းပေးခဲ့တာဖြစ်ကြောင်း ၀ အရာရှိတွေကပဲ ပြောပါတယ်။

ဝတပ်ဖွဲ့ဘက်ကတော့  ဒီအစည်းအဝေးနဲ့ပတ်သက်ပြီး သီးသန့်ဆွေးနွေးပွဲလုပ်ပြီးမှပဲ ဒုဗိုလ်ချုပ်ကြီး ရဲမြင့်နဲ့ တွေ့ဆုံတဲ့ကြောင်း ရှင်းရှင်းလင်းလင်း သိရမှာဖြစ်တယ်လို့ဆိုပါတယ်။

အခုတကြိမ်အစည်းအဝေးမှာလည်း အရင်တွေလိုပဲ တိကျတဲ့အဖြေကို မရရှိသေးဘူးလို့ သိရပါတယ်။

  • Popular

  • Latest