နောက်ဆုံး ကချင်ပြည်နယ် ပြည်တွင်းစစ် သတင်း

 

နိုဝင်ဘာ ၂၁၊ ၂၀၁၁၊ ၈ နာရီ--- ရှမ်းပြည်မြောက်ပိုင်း နမ်တောင်မြို့ (Namtau)အနီး မဇွပ်ယန်ကျေးရွာတွင် မြန်မာအစိုးရ တပ်အား KIA တပ်ရင်း ၉ က လျှပ်တပြတ် ခြုံခိုတိုက်ခိုက်စဉ် မြန်မာစစ်သား ၁ ဦးကျဆုံးကာ ၃ ဦးဒဏ်ရာရရှိသည်ဟု မျက်မြင်များပြောသည်။ ဒဏ်ရာပြင်းထန်သူ ၂ ဦးအား တရုတ်နယ်စပ် မူဆယ်မြို့သို့ ပို့ဆောင်ထားသည်ဟုဆိုသည်။

 

talawgyi-map

၈-၂-၂၀၁၁-- ဒုတိယနေ့ ဆက်တိုက်တွေ့ဆုံပွဲကို KIO လိုင်ဇာအနီး ဒေါ့ဖွမ်းယန်မြို့နယ်ခွဲ၊ လဂျားယန်ကျေးရွာတွင် ဆက်လက်ကျင်းပနေသည်။

မြန်မာအစိုးရကိုယ်စားလှယ်ဘက်တွင် ကချင်ပြည်နယ် လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး သန်းအောင် ဦးဆောင်ပြီး KIO ဘက်မှ KIA ဒုစစ်ဦးစီးချုပ် ဗိုလ်မှူးချုပ်ဂွမ်မော် ဦးဆောင် ဆွေးနွေးနေသည်။


ဇူလိုင် ၃၁-၂၀၁၁ ကချင်ပြည်နယ် မြစ်ကြီးနားမြို့ တောင်ဘက်မိုင် ၃၀ခန့်အကွာ တာလောကြီးကျေးရွာ ကြီးတွင်မြန်မာစစ်တပ်ကရွာသားများထံမှနွားလှည်း ၆ စင်းနှင့်တစ်အိမ်ထောင်ကျပ်၁၀၀၀ မပေးမနေရ အတင်းအဓမ္မတောင်းခံ  နေသည်။

 

 ငွေမထည့်သူများကို ရိက္ခာသယ်လိုက် (ပေါ်တာ)ရမည်ဟု ရပ်ကွက်အုပ်ချုပ်ရေးမှူးအား မြန်မာစစ်တပ်က အမိန့်ပေးထားသည်ဟု ဒေသခံများပြောသည်။

--------->>

ဇူလိုင် ၃၀-၂၀၁၁ -- ကချင်ပြည်နယ် အနောက်ပိုင်း ကားမိုင်းမြို့တွင် အသုဘအတွက် မြေမြုပ် သင်္ဂြိုလ်ရန် မြေကျင်းတူးနေသော လူ ၈ ဦးအား ယနေ့ ဇူလိုင် ၃၀ တွင် မြန်မာစစ်တပ် ခလရ (၅၈) မှ ပေါ်တာဆွဲသွားသည်ဟု ဒေသခံများမှ တဆင့်သိရသည်။

ကချင်ပြည်နယ် ဖားကန့် မြို့နယ် မော်မောင်ဘွမ် (Maw Mau Bum) တွင် ဒေသခံပြည်သူ ၆၀ ခန့်အား တနိုင်းမြို့နယ် ဒွမ်ဘန်နယ်မြေခံ ခလရ (၁၈၉)မှ မြန်မာစစ်သားများက ဇူလိုင် ၂၆ ရက်၊ ယမန်နေ့ည ၁၀ မှ ၁၁ နာရီ ကြား မေးမြန်းစုံစမ်းခြင်းမရှိဘဲ ဖမ်းဆီးသွားသည်။

--------->>

ဇူလိုင် ၂၇ ရက၊် ယနေ့ နံနက်တွင် ၎င်းတို့အား မှန်လုံကား ၃ စီးဖြင့် မြစ်ကြီးနားသို့ခေါ်ဆောင် သွားသည်ဟု ဒေသခံများပြောသည်။

--------->>

ဇူလိုင်  ၂၇ ရက်၊ ယနေ့ည ၆ နာရီနောက်ပိုင်း ကချင်ပြည်နယ်အနောက်ပိုင်း ဆင်ဘိုမြို့နယ် ဘန်ဒန်ကျေးရွာတွင် ဒေါ့ဖုန်းယန် နယ်မြေခံ ခလရ (၁၄၂) မှ မြန်မာစစ်တပ်က မိုင်းနင်းမိကာ ၁ ဦးသေ၊ ၂ ဦး ဒဏ်ရာရရှိသည်ဟု KIO အရာရှိများပြောသည်။

--------->>

ဇူလိုင်  ၂၄ ရက်နေ့ ဆင်ဘိုအနီး KIA တပ်ရင်း ၅ ဒေသတွင် ဒွန်ဘန်ကျေးရွာတွင် ထား နော်လောန် (Hta Naw Lawn)၏ အိမ်အား ဒေါ့ဖုန်းယန် နယ်မြေခံ ခလရ (၁၄၂) မှ မြန်မာစစ်သားများက မီးရှို့ဖျက်ဆီးလိုက်ကာ အနီးအနားမှ အိမ် ၂ လုံး ကိုလည်း ဖျက်ဆီးလိုက်သည်ဟု ဒေသခံများမှတဆင့်သိရသည်။

--------->>

ဇူလိုင် ၂၄ ရက်နေ့ ဆင်ဘိုအနီး KIA တပ်ရင်း ၅ ဒေသတွင် ဒွန်ဘန်ကျေးရွာတွင် ထား နော်လောန် (Hta Naw Lawn)၏ အိမ်အား  ခလရ (၁၄၂) မှ မြန်မာစစ်သားများက မီးရှို့ဖျက်ဆီးလိုက်ကာ အနီးအနားမှ အိမ် ၂ လုံး ကိုလည်း ဖျက်ဆီးလိုက်သည်ဟု ဒေသခံများမှတဆင့် သိရသည်။


  • Popular

  • Latest