တနိုင်းပယင်းမှော် လက်လုပ်လက်စား လုပ်ကိုင်ခွင့်ရတော့မည်

နိုင်ငံတော်သမ္မတ၏ ခွင့်ပြုမိန့်ဖြင့် ပထမအကြိမ် ကချင်ပြည်နယ် တနိုင်း ပယင်းမှော် လက်လုပ်လက်စား လုပ်ကိုင်ခွင့် ဧက ၇ ထောင်ခန့်ကို ချပေးတော့မည်ဖြစ်ကြောင်း သိရပါသည်။ ဒေသခံများနှင့် သက်ဆိုင်ရာလွတ်တော်ကိုယ်စားလှယ်များ၏ တောင်းဆိုမှုအရ ခွင့်ပြုပေးခဲ့ခြင်း ဖြစ်ပြီး ဧကပေါင်း ၆၉၁၈.၉၅ ကို ပြည်နယ်အစိုးရ ဦးဆောင်မှုအောက် အကောင်ထည်ဖော်သွားမည်ဖြစ်ကြောင်း ပြည်နယ် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီး ဦးဒရှီလဆိုင်း ထံမှ သိရပါသည်။ “ကျနော်တို့ ဒီဟာနဲ့ပတ်သက်ပြီး လုပ်ကွက်တွေကို စနစ်တကျ ချပေးဖို့က တနိုင်းအုပ်ချုပ်ရေးမှူးုကို တာဝန်ယူ ဆောင်ရွက်ခိုင်းထားတယ်။ တကယ့်အကွက်ချဆောင်ရွက်လာတဲ့အချိန်မှာလည်း တပြိုင်နက် ကြေညာပေးမယ်။ အဲ့နောက်ပိုင်းမှာက အကွက်လျှောက်ထားမှုတွေ ပြုလုပ်ရမယ် ဖြစ်တယ်။ အကွက်လျှောက်တဲ့သူတွေဆိုရင် ဒေသအတွင်းရှိ အိမ်ထောင်စု ကိုင်ဆောင်ထားသူတွေကို ဦးစားပေးဆောင်ရွက်ပေးမယ်။ ဘာကြောင့်လဲဆိုတော့ ဒေသခံတွေ လုပ်ငန်းအခွင့်အလမ်းတွေ … Continue reading တနိုင်းပယင်းမှော် လက်လုပ်လက်စား လုပ်ကိုင်ခွင့်ရတော့မည်