သတင်း

တရုတ်နိုင်ငံတွင်ကျင်းပမည့် ကျူရှင်းကာရာတေးပြိုင်ပွဲသို့ ကချင်လူငယ် ၃ ဦးပါဝင်ယှဉ်ပြိုင်မည်

တရုတ်နိုင်ငံတွင် ကျင်းပမည့် ၁၈ ကြိမ်မြောက် အာရှကျူရှင်းကာရာတေး ပြိုင်ပွဲကြီးတွင် ကချင်ပြည်နယ်မှ ကချင်လူငယ် ၃ဦးပါဝင်ကာ မြန်မာနိုင်ငံကိုယ်စားအဖြစ် သွားရောက်ယှဉ်ပြိုင်နေပြီ ဖြစ်ကြောင်းသိရပါသည်။

ဇူလိုင် ၂၇ ရက်နေ့ ရှန်ဟိုင်းမြို့တွင် ကျင်းပမည့် အာရှ ၁၅ နိုင်ငံပြိုင်ပွဲမှာ ကချင်ပြည်နယ် မှ ၃ ဦး နှင့် ရန်ကုန်မှ ၃ ဦး စုစုပေါင်း လူငယ် ၆ ဦး သွားရောက်နေခြင်း ဖြစ်သည်ဟု သိရပါသည်။

ကချင်ပြည်နယ်မှလူငယ် ၃ ဦးအနက် ၂ ဦးမှာ စစ်ရှောင်စခန်းမှ ဖြစ်ကြောင်း ကချင်ပြည်နယ် Zai Wunpawng Kyoshin Karate Club အသင်းမှ နည်းပြ ဦးယိန်းခေါ် (Slg.Bwi Lap Ying Bawm) ထံမှ သိရပါသည်။

၎င်းတို့မှာ မြစ်ကြီးနား တပ်ကုန်းစစ်ရှောင်စခန်းမှ မောင်ဂေါလုဒွဲလတ် (Shd.Gawlu Doi Lat) နှင့် မောင်ဒေးဂျာဆန် (Shd. Day Ja San) တို့ ၂ ဦးဖြစ်ပြီး နောက် ၁ ဦးမှာ မြစ်ကြီးနား YMCA ကျူရှင်းကာရာတေးအသင်းမှ မောင်မုန်ရာ (Shd.Mung Ra) တို့ဖြစ်ကြသည်။

မောင်ဂေါ်လုဒွဲလတ်သည် အသက် ၁၂ နဲ့ ၁၃ ကြား၊ မောင်ဒေးဂျာဆန်သည် အသက် ၁၀ နဲ့ ၁၁ကြား နှင့် မောင်မုန်ရာ သည် ၇၀ကီလိုတန်းတွင် ဝင်ရောက်ယှဉ်ပြိုင်ရမည်ဖြစ်ကြောင်း ပြောပါသည်။

လက်ရှိသွားရောက်ယှဉ်ပြိုင်မည့်ပွဲမှာ ကမ္ဘာ့တတိယအဆင့် ပြိုင်ပွဲတစ်ခုဖြစ်ပြီး ကချင်လူငယ်များအနေဖြင့် ကျူရှင်းကာရာတေး အရည်အသွေးမှီလာသောကြောင့် သွားရောက်ယှဉ်ပြိုင်ရန် ကမ်းလှမ်းခံရခြင်း ဖြစ်ကြောင်း ဆက်လက် ပြောဆိုခဲ့သည်။

Photo-Bwilap Ying Bawm

Show More

Related Articles

Back to top button