သတင်း

ထိုင်းဘုရင်မ မွေးနေ့ သစ်ပင်စိုက်ပျိုးခြင်း အစီစဉ်ဖြင့် ကချင်များ ဂုဏ်ပြု

လာမည့်အပတ် သြဂုတ် (၁၂) တနင်္လာနေ့ ကျရောက်မည့် ထိုင်းဘုရင်မ မွေးနေ့မှာ နိုင်ငံမြောက်ပိုင်းရှိ ကချင်အမျိုးသားများက ပထမဆုံး သစ်ပင်စိုက်ခြင်း အစီစဉ်ဖြင့် ဘုရင်မကို ဂုဏ်ပြုသွားမည်ဖြစ်ကြောင်း သိရသည်။

အပင်ပေါင်း ၅၀၀ ကျော် ကို Fang ခရိုင်အတွင်း ယခင် ကချင်လွတ်လပ်ရေးတပ်မတော် KIA အခြေစိုက်စခန်းရှိခဲ့သည့် Htam Ngob Bum တောင်ပေါ် ကျဆုံးသွားသော ပထမဆုံး KIO/KIA ခေါင်းဆောင် GOC Lahtaw Zau Seng ၏ ရုံးစိုက်ခဲ့သည့် ကုန်းပေါ်မှာ စိုက်ပျိုးရန် စီစဉ်ထားခြင်းဖြစ်သည်။

“GOC ကျောက်တိုင် စိုက်ထားတဲ့ GOC ရုံးစိုက်ခဲ့တဲ့ ကုန်းပေါ်မှာ။ ကျနော့်တို့ အဲဒီ့ကုန်းကို ပတ်တဲ့လမ်းရှိပြီးတားဖြစ်တယ် ယခင် စခန်း (KIA) ရှိခဲ့တုန်းက။ အဲဒီ့ GOC ကုန်းကို ပတ်တဲ့လမ်း အပေါ်ပိုင်းအားလုံးမှာ အပင်စိုက်မှာဖြစ်ပါတယ်ဟု Htam Ngob တောင် KIA စစ်သားဟောင်း Ban Mai Samakee ကချင်ရွာသား ဦး Kareng Hkawng Hawng က ဆိုပါသည်။

Chiang Dao ခရိုင်ရှိ Ban Mai Samakee ကချင်ရွာသားများ ဦးဆောင်သော ဘုရင်မ မွေးနေ့ သစ်ပင်စိုက်ပျိုးခြင်း အစီစဉ်သို့ Htam Ngob Bum တောင် ပတ်ဝန်းကျင် တရုတ်ရွာသားများ၊ Ban Mai Samakee ကချင်ရွာ Royal King Project ၀န်ထမ်းများ၊ ထိုင်းသစ်တောဌာန ၀န်ထမ်းများ နှင့် ထိုင်းစစ်သားများလည်း ပါဝင်ကြမည်ဖြစ်ကြောင်း ဦး Hkawng Hawng ဆက်ဆိုသည်။

နှစ်စဉ် နွေရာသီ သစ်တောမီးလောင်ခြင်း အန္တရာယ်မှလည်း အဆိုပါတောင်ကို ကချင်ရွာသားများက ကာကွယ်သွားရန် စီစဉ်ထားကြောင်းလည်း ဆိုပါသည်။

ထိုင်းနိုင်ငံ ရာမ () ဘုရင်မ Sirikit ၏ မွေးနေ့ကိုထိုင်းမိခင်များနေ့အဖြစ်လည်း သတ်မှတ်ပြီး နှစ်စဉ် အထိမ်းမှတ် အခမ်းနားများကို ၁၉၇၆ ခုနှစ်ကတည်းက ကျင်းပလာခြင်းဖြစ်သည်။

၁၉၉၂ ခုနှစ် မတ်လ ()ရက်နေ့က ထိုင်းဘုရင်မ Ban Mai Samakee ကချင်ရွာသို့ အလည်ပတ်ရောက်လာပြီး ရွာသားများ အကြီးမားဆုံး အခက်အခဲ ကြုံနေရသည့် သောက်သုံးရေ မလုံလောက်သည့်ပြဿနာကို နီးစပ်ရာတောင်ပေါ်မှ ပိုက်လှိုင်းဖြင့် ရေသွယ်ပေးရန် စီစဉ်ပေးခဲ့သည်။

 

Show More

Related Articles

Back to top button