CDM ပြုလုပ်သည့် တက္ကသိုလ်ဝန်ထမ်း ဆရာ/မများ ကျောင်းဝန်းအတွင်းမှ ထွက်ပြေးတိမ်းရှောင်နေ
,
ဝိုင်းမော်မြို့အခြေစိုက် အလင်းသစ်မီဒီယာသာသနာအဖွဲ့ လူငယ်များက ကချင်ပြည်နယ် သွားလာရေးခက်ခဲသော ကျေးလက်ဒေသများသို့ မိုးတွင်းကာလအတွင်း အခမဲ့ ဆေးဝါးကုသမှုများသွားရောက်ပြုခဲ့ရာ လူနာပေါင်း ၅၀၀၀ ကျော်ကို ဆေးကုသမှုများပြုလုပ်ခဲ့သည်။ ပြီးခဲ့သော ဇူလိုင်လအတွင်း ရက်ပေါင်း ၂၀ကျော်ခန့် Sadon (ဆဒုံး)၊ Kambaiti (ကန်ပိုင်တည်)တစ်လျှောက်၊ ဝိုင်းမော်မြို့ နယ်အတွင်းရှိ ကျေးရွာများ စုစုပေါင်းကျေးရွာ ၂၀ကျော်ခန့်၊ လူနာ ဦးရေ ၅၁၆၄ ယောက်ကို သွားရောက် ပံ့ပိုးကူညီ ကုသပေးခဲ့ကြောင်းကို A Lin…
စက်ယန္တရားကြီးများဖြင့် အတိုင်းထက်အလွန် ကျောက်စိမ်းတူးဖော်ခြင်းနှင့် ပြည်တွင်း ရွှေ့ပြောင်းအလုပ်သမား လူဦးရေ ကြီးစိုးခြင်းခံနေရသော ဖားကန့်ဒေသ မူရင်းဌာနေ ကချင်လူမျိုးများ က ‘၎င်းတို့ရှိနေသေးကြောင်း’ သိစေလိုသည်ဟု ဆိုပါသည်။ ထို့ကြောင့် ယခင် ‘Mungnawk Hkawng Uru Ga (မုန်နောက်ခေါင်ဥရုဒေသ)’ ဟု ခေါ်ဆိုသော ယခု ဖားကန့်ဒေသ မူရင်းဌာနေတိုင်းရင်းသားများ အခွင့်အရေးကာကွယ်စောင့်ရှောက်ရေးအဖွဲ့ Mungnawk Hkawng Uru Rudi Ruhpang Hpung (မုန်နောက်ခေါင်ဥရုဌာနေပြည်သူများအဖွဲ့) က…
ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်ခရိုင် မြန်မာစစ်တပ် တာမိုးညဲစခန်းကို မြောက်ပိုင်းမဟာမိတ် တပ်ဖွဲ့မှ သြဂုတ် (၈)ရက် ကြာသပတေးနေ့ည တိုက်ခိုက်ခဲ့ကြောင်း ဆိုပါသည်။ တာမိုးညဲမြို့အနီး အမြင့်ဆုံးတောင်ကုန်းပေါ်ရှိ တပ်မတော် လက်နက်ကြီးစခန်းကို မြောက်ပိုင်းမဟာမိတ် (Northern Alliance) တပ်ပေါင်းစုမှ တအောန်းလွတ်မြောက်ရေးတပ်မတော် (TNLA) မှ ည ၆နာရီခွဲခန့်တွင် တိုက်ခိုက်ခဲ့ပြီး ပေါက်ကွဲသံများကို မိနစ် ၃၀ထိ ဆက်တိုက်ကြားနေရကြောင်း လုံခြုံရေးစိုးရိမ်ရသောကြောင့် အမည်မဖော်လိုသူ ဒေသခံတစ်ဦး ကချင်သတင်းဌာန KNG ကို…
ကချင်ပြည်နယ် မြို့တော်မြစ်ကြီးနားတွင် မိုးတွင်းကာလ ရာသီတုတ်ကွေးရောဂါများ ကူးစက်ပျံ့နှံ့လျက်ရှိသောကြောင့် ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ် (KBC) အခြေပြု အသင်းတော် အမျိုးသားကျောင်း (Myu Sha Jawng)များကို ခေတ္တပိတ်ထားရကြောင်း သိရသည်။ Jan Mai Kawng ရပ်ကွက် Jan Mai Hpaji Shalat အမျိုးသားကျောင်းရှိ ကျောင်းသူ ကျောင်းသားများတွင် ဇူလိုင် လဆန်းပိုင်းကစပြီး ရာသီတုတ်ကွေး ဖြစ်ပွားမှု ပိုမိုများပြားလာ သောကြောင့် သြဂုတ်လ (၇)ရက်နေ့မှ (၁၁)ရက်နေ့ထိ ကျောင်းပိတ်ထားခဲ့ရကြောင်း…
ကချင်စစ်ဘေး ၈ နှစ်ပြည့် လမ်းဘေးတေးသရုပ်ဖော်တင်ဆက်မှုကြောင့် ငြိမ်းစုစီပုဒ်မ ၁၉ ဖြင့် တရားစွဲဆိုခံထားရသော လူငယ် ၂ ဦး အမှုနှင့်ပတ်သက်ပြီး စွပ်စွဲခံရသူဘက် နောက်ထပ် သက်သေ၂ ဦးကို ယနေ့ မြစ်ကြီးနား မြို့နယ် တရားရုံးတွင် စစ်ဆေးခဲ့ပါသည်။ ထိုသူ ၂ ဦးမှာ ဦးမဂျီဘရန်အောင် (Slg. Maji Brang Awng) နှင့် ဦးဖော့နဘောက်နော် (Slg.Hpauna Bawk Naw) ဖြစ်ပြီး…
လာမည့်အပတ် သြဂုတ် (၁၂) တနင်္လာနေ့ ကျရောက်မည့် ထိုင်းဘုရင်မ မွေးနေ့မှာ နိုင်ငံမြောက်ပိုင်းရှိ ကချင်အမျိုးသားများက ပထမဆုံး သစ်ပင်စိုက်ခြင်း အစီစဉ်ဖြင့် ဘုရင်မကို ဂုဏ်ပြုသွားမည်ဖြစ်ကြောင်း သိရသည်။ အပင်ပေါင်း ၅၀၀ ကျော် ကို Fang ခရိုင်အတွင်း ယခင် ကချင်လွတ်လပ်ရေးတပ်မတော် KIA အခြေစိုက်စခန်းရှိခဲ့သည့် Htam Ngob Bum တောင်ပေါ် ကျဆုံးသွားသော ပထမဆုံး KIO/KIA ခေါင်းဆောင် GOC Lahtaw…
မြန်မာစစ်တပ်နှင့် ဆက်နွယ်သော စီးပွားရေး လုပ်ငန်းကုမ္ပဏီများကို ပစ်မှတ်ထား ပိတ်ဆို့မှုများ ပြုလုပ်ရန်နှင့် လက်နက်ရောင်းချမှုကို ပိတ်ဆို့ရန် မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂအချက်အလက်ရှာဖွေရေးကော်မရှင် FFM က သြဂုတ် ၅ ရက်နေ့ တောင်းဆိုလိုက်သည် ယင်း စီးပွားရေးလုပ်ငန်းမှ ရရှိသောငွေကြေးထောက်ပံ့မှုများဖြင့် တိုင်းရင်းသားအုပ်စုများအပေါ် ရက်ရက်စက်စက် စစ်ဆင်ရေး ပြုလုပ်ခြင်း၊ ဆိုးရွားသော လူ့အခွင့်အရေးချိုးဖောက်မှုများကို မြန်မာစစ်တပ်က ပြုလုပ်နေကြောင်း ပြောဆိုထားပါသည်။ မြန်မာ့စီးပွားရေး ဦးပိုင်လီမီတက် MEHL နှင့် မြန်မာ့စီးပွားရေးကော်ပိုရေးရှင်း MEC…
ကချင်လွတ်လပ်ရေးအဖွဲ့ KIO ခေါင်းဆောင် ဗိုလ်ချုပ်ကြီး Nban La မိသားစု၏ အထူး ‘ကျေးဇူးတော်ချီးမွမ်း’ ဆုတောင်းပွဲကို သြဂုတ်လ ၄ ရက် တနင်္ဂနွေနေ့က မြန်မာပြည်မြောက်ပိုင်း KIO ထိန်းချုပ်သော ကချင်ပြည်နယ် လိုင်ဇာမြို့တွင် ပြုလုပ်ခဲ့သည်။ ၎င်း၏ လိုင်ဇာ နေအိမ်ဆုတောင်းခြင်းအစီစဉ်တွင် “KIO ဗဟိုကော်မတီ ဥက္ကဌ၏ အသက် (၇၃)နှစ်ပြည့် မွေးနေ့၊ တော်လှန်ရေးလုပ်သက် (၅၅)နှစ်ပြည့် နှင့် အိမ်ထောင်သက် (၄၅)နှစ်ပြည့် ကျေးဇူးတော်ချီးမွမ်း…
ကချင်ပြည်နယ် မြစ်ကြီးနားမြို့ ဧရာဝတီမြစ်တံတားအား မိုင်းထောင်ဖောက်ခွဲခြင်း မရှိစေရန် တပ်မတော် နှင့် ရဲ ပူးပေါင်း လုံခြုံရေးယူထားရသေကြောင့် ညပိုင်း လမ်းပိတ်ထားရကြောင်း အာဏာပိုင်များဆိုပါသည်။ မြစ်ကြီးနားမြို့ ဗလမင်းထင်တံတားကို ၂၄ နာရီ ဖြတ်သန်းသွားလာခွင့်မပြုဘဲ ညပိုင်းပိတ်ပင်ရခြင်းမှာ လုံခြုံရေးကိစ္စများနှင့် တရားမဝင် ကုန်ပစ္စည်းများ၊ နိုင်ငံခြားသားများကို စီစစ်ရန်ဖြစ်သည်ဟု ပြည်ထောင်စု ဆောက်လုပ်ရေးဝန်ကြီးဌာနမှ ဒုတိယဝန်ကြီး ဦးကျော်လင်းက ပြည်သူ့လွှတ်တော်တွင် ပြောဆိုလိုက်ပါသည်။ သြဂုတ်လ ၂ရက်နေ့ ပြုလုပ်ခဲ့သည့် ဒုတိယအကြိမ် ပြည်သူ့လွှတ်တော်…
လယ်သွားလမ်းတွင် ပျောက်ဆုံးသွားသည့် ကချင်ပြည်နယ် ဖားကန့်မြို့နယ်မှ ကလေး (၅)ဦးဖခင် Hpaujung La Seng သည် သြဂုတ် ၄ရက် စနေနေ့ထိ ၃ရက်တိုင် သတင်း အစအနမသိရဘဲ ပျောက်ဆုံး နေဆဲဖြစ်သည်။ ဖားကန့်မြို့၊ မော်ဝမ်းရပ်ကွက် (၃)တွင်နေထိုင်သော Hpungjung La Seng (ဦးဖောင်ဂျုံလဆိုင်း) သည် ကားမိုင်း–မအူပင် ရေကာတာကျေးရွာမှ မိမိလယ်တောသို့သွားရာလမ်းတွင် ပျောက်ဆုံးသွားသည်ဟု မိသားစုမှ ဆိုပါသည်။ “ကျနော့်အဖေက ဗုဒ္ဓဟူးနေ့ ညနေပိုင်းပျောက်သွားတယ်။ ဒီကနေ့ဆိုရင်…