သတင်း

မြစ်ကြီးနားအကျဉ်းထောင်တွင် ကျေးဇူးတော်ချီးမွမ်းပွဲ ကျင်းပ

မြစ်ကြီးနားအကျဉ်းထောင်ရှိ အကျဉ်းသားများအတွက် နှစ်စဉ်ပြုလုပ်နေသည့် ‘ကျေးဇူးတော်ချီးမွမ်းခြင်းပွဲတော်’ ကို YCC အကျဉ်းထောင်သာနာအဖွဲ့ ဦးဆောင်ပြီး နိုဝင်ဘာ ၁၀ ယမန်နေ့ ပြုလုပ်ခဲ့ကြောင်း သိရပါသည်။

ဆယ်စုနှစ်များစွာ မြစ်ကြီးနားထောင်တွင်း အဝင်အထွက်ပြုကာ အကျဉ်းထောင်သနာပြုလုပ်နေသော Youth for Christ Center ထူထောင်သူ ကချင်နာမည်ကျော် အဆိုတော် အင်ဒိန်အားဂျာက ကျေးဇူးတော်ချီးမွမ်းပွဲပြုလုပ်ရခြင်းအကြောင်း ယခုလိုပြောပါသည်။

‘ထောင်ကျတာ က နှစ်နဲ့ချီပြီး ကျတာလေ။သူတို့အိမ်မှာ ကျန်ခဲ့တဲ့ မိသားစုကွဲကုန်တယ်။ ကလေးတွေ ပျက်စီး ကုန်တယ်။ ကလေးတွေ တရုတ်ပြည်ဘက်တွေ ရောင်းစားခံခဲ့ရတယ်။ ပညာရေးတွေမှာ ကျရှုံးကုန်တယ်။ ဒါကြောင့် ကျနော် ထောင်ကျနေတဲ့ သူတွေရဲ့ သား သမီးတွေကို ကျောင်းထားပေးတယ်။ ထောင်မှာလည်း ဝင်ထွက် လုပ်ပြီး အမြဲတမ်း ကျနော်တို့က စောင့်ကြည့်ပေးနေတယ်။ ကျမ်းစာနဲ့ ခွန်အားပေးတယ်။ ဒီလို ပွဲတွေလုပ်တယ် ဝင်ထွက်နေတဲ့အတွက်ကြောင့် ကျနော်တို့ သူတို့ကို ကာကွယ်ပေးနိုင်တာလည်း ဟုတ်တယ်။” ဟု အဆိုတော် ဆရာ N’ding Ah Ja က ဆိုသည်။

မြစ်ကြီးနားအကျဉ်းထောင်တွင် အကျဉ်းသားဦးရေ ၃၀၀၀ ခန့် ရှိသည့် အနက် အများစုမှာ မူးယစ်ကြောင့် ထောင်ကျခံရသူများဖြစ်ပြီး၊ အများစုမှာလည်း ခရစ်ယာန်ဘာသာ ယုံကြည်သူများ ဖြစ်သည်ဟု သိရပါသည်။

YCC (Youth For Christ Center ) သည် မူးယစ်ဆေးသစွဲနေသူများအား ကျမ်းစာသင်ကြားပေးခြင်း နှင့် မြစ်ကြီးနားအကျဉ်းထောင်အတွင်း ထောင်သာသနာများကို ဦးဆောင်၍ ဆောက်ရွက်နေသည်ဟု သိရသည်။

မြစ်ကြီးနားအကျဉ်းထောင်အတွင်း နှစ်စဉ်ကျေးဇူးတော်ချီးမွမ်းပွဲကို ကျင်းပခဲ့ရာ ယခုနှစ်၂၀၁၉ ခုနှစ်တွင်လည်း (၁၈) ကြိမ် အဖြစ်ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။

တောင်ယာလုပ်ငန်းလိုက်ကိုင်သော ကချင်တိုင်းရင်းသားများအတွက် စပါး သီးနှံများ ရိတ်သိမ်းပြီး ကျင်းပသော ယခင် ‘ကောက်သစ်စားပွဲတော်’ ကို ယခု နှောင်းပိုင်းမြို့ပေါ်နေရာများတွင် ‘ကျေးဇူးတော်ချီးမွမ်းခြင်းပွဲတော်’ အဖြစ် ပြောင်းလဲခေါ်ဆိုလာကြခြင်း ဖြစ်ပါသည်။

ယမန်နေ့ အကျဉ်းထောင်တွင် ပြုလုပ်ခဲ့သော ယင်းကျေးဇူးတော်ချီးမွမ်းပွဲတွင် အကျဉ်းထောင်အတွင်းမှ အကျဉ်းသားများနှင့်အတူ ပြင်ပမှ နိုင်ငံရေးပါတီခေါင်းဆောင်များ၊ ကချင်အနုပညာရှင်များ၊ ရိုးရာယဉ်ကျေးမှုအဖွဲ့ဝင်များ၊ အတိုင်ပင်ခံအဖွဲ့နှင့် ဘာသာရေးအဖွဲ့များ သွားရောက်ပါဝင်ခဲ့သည်ဟု သိရပါသည်။

Show More

Related Articles

Back to top button