Breaking News :

နမ်ဆန်ယန် ကျေးရွာအနီး တိုက်ပွဲဖြစ်ပွားခဲ့မှု ငြိမ်းချမ်းရေးကော်မရှင်သို့ တိုင်ကြားထား

ယခုနှစ်မှစတင်ကာ အခြေခံပညာအထက်တန်းပြီးဆုံးကြောင်းလက်မှတ်ပေးရန် စီစဉ်နေ

နန်ကျင်စီမံကိန်း လယ်ယာမြေနစ်နာကြေးမရပါက လူထုဆန္ဒဖော်ထုတ်သွားမည်ဟုဆို

လိုင်စင်ပြုလုပ်ပေးသည့် ကာလကုန်ပြီးဆုံးပြီးနောက် လိုင်စင်မဲ့ဆိုင်ကယ်များကို ဖမ်းဆီးမည်ဟုဆို

ကချင်ပြည်နယ်မှ တရားမဝင် တရုတ်နိုင်ငံသားများကို စီစစ်ရန် လုံခြုံရေးအရ ခက်ခဲ

အပစ်အခတ်ရပ်စဲရေးဖြစ်စဉ်တွင် လူထုပါဝင်ခွင့်ပြုရန် ကချင်အရပ်ဖက်အဖွဲ့အစည်းများတောင်းဆို

အစိုးရတပ်မတော်နှင့် KIA လိုင်ဇာဌာနချုပ်အနီး တိုက်ပွဲဖြစ်

(၇၂) နှစ်ပြည့်ကချင်ပြည်နယ်နေ့ကို မနောပွဲတော်ဖြင့် ပြုလုပ်ရန် စီစဉ်နေ

နန်ကျင်စီးပွားရေးဇုန်အတွင်း ဒေသခံများကို ကျူးကျော်အဖြစ်သတ်မှတ်မှု တိကျသည့်အဖြေလိုချင်

ဟူကောင်းဒေသခံများ ကိုယ်ပိုင်ကျေးရွာစားကျက်မြေ သတ်မှတ်

Month: December 2019

သတင္း
နမ်ဆန်ယန် ကျေးရွာအနီး တိုက်ပွဲဖြစ်ပွားခဲ့မှု ငြိမ်းချမ်းရေးကော်မရှင်သို့ တိုင်ကြားထား

နမ်ဆန်ယန် ကျေးရွာအနီး တိုက်ပွဲဖြစ်ပွားခဲ့မှု ငြိမ်းချမ်းရေးကော်မရှင်သို့ တိုင်ကြားထား

ကချင်စစ်ရှောင်များကို ပထမဆုံးနေရပ်ပြန်ပို့ခဲ့သည့် နမ်ဆန်ယန်ကျေးရွာ၏အနောက်ဘက် ၃ မိုင်ခန့်အကွာတွင် တပ်မတော်မှ KIA စခန်းတစ်ခုကို လာရောက်သိမ်းပိုက်သည့် တိုက်ပွဲကြောင့် ဒေသခံများ ထပ်မံ ထွက်ပြေးရန် ပြင်ဆင်နေသည်ဟု သိရပါသည်။ နေရပ်ပြန်ရေး အစအဆုံးကူညီပေးခဲ့သူ ဦးဖော်လားဂမ်ဖန်က ယခုတိုက်ပွဲသည် အစိုးရ၏ ပြန်လည်နေရာချထားရေးအစီစဉ်ကို ပျက်စီးစေနိုင်ကြောင်း ငြိမ်းချမ်းရေးကော်မရှင်ကို လိပ်မှုပြီး၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်၊ ပြန်ထောင်စု လူကယ်ပြန် ဒုဝန်ကြီး၊ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် မပခနှင့် နယ်လုံဝန်ကြီးတို့ကိုမိတ္တူဖြင့် ဒီဇင်ဘာလ ၁ ရက်နေ့…

သတင္း
ယခုနှစ်မှစတင်ကာ အခြေခံပညာအထက်တန်းပြီးဆုံးကြောင်းလက်မှတ်ပေးရန် စီစဉ်နေ

ယခုနှစ်မှစတင်ကာ အခြေခံပညာအထက်တန်းပြီးဆုံးကြောင်းလက်မှတ်ပေးရန် စီစဉ်နေ

အခြေခံပညာ အထက်တန်းဖြေဆိုပြီးသည့် ကျောင်းသူ/သားများအား စာမေးပွဲ အောင်မြင်သည်ဖြစ်စေ မအောင်မြင်သည်ဖြစ်စေ အထက်တန်းအဆင့်ပြီးဆုံးကြောင်း လက်မှတ်များကို ယခုနှစ်မှစတင်ကာ ပေးအပ်တော့မည်ဖြစ်ကြောင်း ကချင်ပြည်နယ်ပညာရေးဌာနမှ သိရပါသည်။ “အထက်တန်း မအောင်နိုင်တဲ့ ကလေးတွေအတွက် အပြင်မှာအလုပ်ရှာတဲ့ချိန်မှာ အလုပ်ကိုင်အခွင့်အလမ်းတွေ မရနိုင်ဘူး။ အဲဒါကြောင့်ဆယ်တန်းကို အဲဒါကြောင့်မို့ ဒီအထက်တန်းပြီးဆုံးကြောင်း လက်မှတ်ပေးလိုက်ခြင်း အားဖြင့် သူတို့ရဲ့အသက်မွေးဝမ်းကျောင်းပညာတွေ၊ အလုပ်အကိုင်တွေ ရရှိအောင်ဆိုပြီး ပေးရခြင်းဖြစ်တယ်လို့ ပြည်ထောင်စုက နေ သိရပါတယ်။” ဟု ဒေါ်ခင်သန်းနွှဲ့ထံမှ သိရသည်။ ဆိုသည်။ ယခုစနစ်ကို…

သတင္း
နန်ကျင်စီမံကိန်း လယ်ယာမြေနစ်နာကြေးမရပါက လူထုဆန္ဒဖော်ထုတ်သွားမည်ဟုဆို

နန်ကျင်စီမံကိန်း လယ်ယာမြေနစ်နာကြေးမရပါက လူထုဆန္ဒဖော်ထုတ်သွားမည်ဟုဆို

မြစ်ကြီးနားမြို့အနောက် ၈ မိုင်အကွာ နန်ကျင်စီးပွားရေးဇုန် စီမံကိန်းအတွင်းပါဝင်နေသည့် ဒေသခံများ၏ လယ်ယာမြေအတွက် နစ်နာကြေးများမရရှိပါက လူထုဆန္ဒထုတ်ဖော်သွားမည်ဖြစ်ကြောင်း နန်ကျင်ဒေသခံများ ဆိုသည်။ ပြည်နယ်အစိုးရမှ ၄င်းတို့ကို ကျူးကျော်အဖြစ်သတ်မှတ်ထားသဖြင့် MOA လက်မှတ်မထိုးမီ နန်ကျင်ဒေသခံများအနေဖြင့် ဆန္ဒထုတ်ဖော်လိုသော်လည်း တရားဥပဒေလမ်းစဉ် မသိခြင်းကြောင့် အသစ်ဖွဲ့စည်းလိုက်သော ကချင်ပြည်နယ် လူထုလယ်ယာမြေကော်မတီ နှင့် ပူးပေါင်းတိုင်ပင်ဆွေးနွေးနေကြောင်း သိရပါသည်။ မြစ်ကြီးနားစီးပွားရေး ဖွံ့ဖြိုးရေးဇုန် စီမံကိန်း ဘက်စုံပူးပေါင်းညှိနှိုင်းဆောင်ရွက်ရေး ကော်မတီ (MEDZC) နှင့် တရုတ်နိုင်ငံ ယူနန်…

သတင္း
လိုင်စင်ပြုလုပ်ပေးသည့် ကာလကုန်ပြီးဆုံးပြီးနောက် လိုင်စင်မဲ့ဆိုင်ကယ်များကို ဖမ်းဆီးမည်ဟုဆို

လိုင်စင်ပြုလုပ်ပေးသည့် ကာလကုန်ပြီးဆုံးပြီးနောက် လိုင်စင်မဲ့ဆိုင်ကယ်များကို ဖမ်းဆီးမည်ဟုဆို

ကချင်ပြည်နယ်အစိုးရစီမံချက်ဖြင့် ဆိုင်ကယ်လိုင်စင်ပြုလုပ်ပေးသည့် ကာလကုန်ဆုံးသော ဒီဇင်ဘာ ၁၂ ရက်နောက်ပိုင်းတွင် လိုင်စင်မဲ့ဆိုင်ကယ်များကို အရေးယူတော့မည်ဖြစ်ကြောင်း သိရသည်။ “သတ်မှတ်ကာလကုန်သွားတဲ့နောက် လိုင်စင်မဲ့ဆိုင်ကယ်များကိုဖမ်းစီးအရေးယူမှုတွေလုပ်သွားမယ်။ လိုင်စင်လာမလုပ်တဲ့ ဆိုင်ကယ်တွေကို ပြည်သူပိုင်အဖြစ် သိမ်းဆည်းသွာမယ်” ဟု မြစ်ကြီးနားမြို့နယ်အုပ်ချူပ်ရေးမှူး ဦးသန်းဝင်းက KNG ကိုပြောပါသည်။ ထပ်မံဖမ်းဆီးသွားမည့်ဆိုင်ကယ်များကို ထားရှိရန် ဂိုဒေါင်ကိုလည်း ဆောက်လုပ်ထားပြီဖြစ်ကြောင်း ထပ်မံ ပြောဆိုပါသည်။ ဖမ်းဆီးခံရသည့်နေ့မှ ၁၅ ရက်အတွင်း အဆိုပါ မိမိဆိုင်ကယ်ကို လိုင်စင်ပြုလုပ်ခြင်းဖြင့် ထပ်မံ ရွေးယူနိုင်ကြောင်း သိရပါသည်။…

သတင်း
ကချင်ပြည်နယ်မှ တရားမဝင် တရုတ်နိုင်ငံသားများကို စီစစ်ရန် လုံခြုံရေးအရ ခက်ခဲ

ကချင်ပြည်နယ်မှ တရားမဝင် တရုတ်နိုင်ငံသားများကို စီစစ်ရန် လုံခြုံရေးအရ ခက်ခဲ

ကချင် ငှက်ပျောခြံများအတွင်း ခွင့်ပြုချက်မရှိဘဲ ယာယီလည်ပတ်ခွင့် BP ဖြင့် အလုပ်လုပ်နေသော တရုတ်နိုင်ငံသားများကို စစ်ဆေးရန်လုံခြုံရေးအားနည်းမှုကြောင့် ခက်ခဲနေကြောင်း ပြည်နယ် လဝက ဝန်ကြီး ပြောပါသည်။ “ကျနော်တို့ လဝက ဥပဒေအရတော့ ယာယီလည်ပတ်ခွင့်လက်မှတ် (BP) နဲ့ ဝင်ရောက်လာတဲ့သူတွေ အလုပ်လုပ်ကိုင်ခွင့်မရှိဘူး၊ သူတို့ကလည်ပတ်ခွင့်ဘဲ။ ဒါပေမယ့် လက်ရှိငှက်ပျောခင်းတွေမှာ ယာယီလည်ပတ်ခွင့်လက်မှတ်ကိုင်တဲ့သူတွေလည်း ရှိနေတယ်လို့ ကြားနေရတယ်။ ကျနော်တို့ လဝကအနေနဲ့ကျပြန်တော့လည်း အဲငှက်ပျောခင်းတွေ ထိသွားဖို့ကျတော့ လုံခြုံရေးအပိုင်းမှာ အခက်ခဲရှိတယ်” ဆိုပြီး…

သတင်း
အပစ်အခတ်ရပ်စဲရေးဖြစ်စဉ်တွင် လူထုပါဝင်ခွင့်ပြုရန် ကချင်အရပ်ဖက်အဖွဲ့အစည်းများတောင်းဆို

အပစ်အခတ်ရပ်စဲရေးဖြစ်စဉ်တွင် လူထုပါဝင်ခွင့်ပြုရန် ကချင်အရပ်ဖက်အဖွဲ့အစည်းများတောင်းဆို

အစိုးရတပ်မတော်နဲ့ ကချင်လွတ်လပ်ရေးအဖွဲ့ KIO တို့ အပစ်ရပ်လက်မှတ်ထိုးရန် ပြင်ဆင်ရာတွင် လူထုပါဝင်ခွင့်ပြုသင့်ကြောင်း ကချင်ပြည်နယ်အရပ်ဘက်အဖွဲ့အစည်းများက ထုတ်ပြန်ချက်ဖြင့် တောင်းဆိုထားသည်ကို တွေ့ရပါသည်။ ကချင်အရပ်ဘက်အဖွဲ့အစည်းများ စုပေါင်းပြုလုပ်တဲ့ ငြိမ်းချမ်းရေးဖိုရမ်ကို နိုဝင်ဘာလ ၂၃ ရက်နေ့ မြစ်ကြီးနားမြို့ ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ် KBC ဝင်းတွင် ပြုလုပ်ခဲ့ပြီးနောက် ယခုလို ထုတ်ပြန်လိုက်တာဖြစ်ပါတယ်။ ‘‘ငြိမ်းချမ်းရေးဆိုတဲ့လမ်းကြောင်းမှာ တက်လှမ်းနိုင်ဖို့ဆိုရင် အပစ်ခတ်ရပ်စဲရေးအဆင့်မှာဖြစ်ဖြစ် ဘယ်မှာပဲဖြစ်ဖြစ် ပြည်သူပါဝင်ရမယ်။ ပြည်သူတွေပါမှ ဒီပြည်သူတွေက သက်သေအနေနဲ့ဖြစ်သွားတဲ့အတွက် သဘောတူချုပ်ဆိုထားတဲ့အချက်တွေ ချိုးဖောက်ဖို့အတွက် ခက်ခဲသွားပြီ။…