သတင်း

ယခုနှစ်မှစတင်ကာ အခြေခံပညာအထက်တန်းပြီးဆုံးကြောင်းလက်မှတ်ပေးရန် စီစဉ်နေ

အခြေခံပညာ အထက်တန်းဖြေဆိုပြီးသည့် ကျောင်းသူ/သားများအား စာမေးပွဲ အောင်မြင်သည်ဖြစ်စေ မအောင်မြင်သည်ဖြစ်စေ အထက်တန်းအဆင့်ပြီးဆုံးကြောင်း လက်မှတ်များကို ယခုနှစ်မှစတင်ကာ ပေးအပ်တော့မည်ဖြစ်ကြောင်း ကချင်ပြည်နယ်ပညာရေးဌာနမှ သိရပါသည်။

“အထက်တန်း မအောင်နိုင်တဲ့ ကလေးတွေအတွက် အပြင်မှာအလုပ်ရှာတဲ့ချိန်မှာ အလုပ်ကိုင်အခွင့်အလမ်းတွေ မရနိုင်ဘူး။ အဲဒါကြောင့်ဆယ်တန်းကို အဲဒါကြောင့်မို့ ဒီအထက်တန်းပြီးဆုံးကြောင်း လက်မှတ်ပေးလိုက်ခြင်း အားဖြင့် သူတို့ရဲ့အသက်မွေးဝမ်းကျောင်းပညာတွေ၊ အလုပ်အကိုင်တွေ ရရှိအောင်ဆိုပြီး ပေးရခြင်းဖြစ်တယ်လို့ ပြည်ထောင်စုက နေ သိရပါတယ်။” ဟု ဒေါ်ခင်သန်းနွှဲ့ထံမှ သိရသည်။ ဆိုသည်။

ယခုစနစ်ကို ၂၀၁၉-၂၀၂၀ ပညာသင်နှစ်တွင် စတင်မည်ဖြစ်ပြီး၊ ယခင်နှစ်အထိတွင် တက္ကသိုလ်ဝင်တန်း အောင်မြင်သော သူများကိုသာ အောင်လက်မှတ်သာပေးအပ်လေ့ရှိပါသည်။

သို့သော်လည်း အခြေခံပညာအထက်တန်းအဆင့်ပြီးဆုံးကြောင်း လက်မှတ်ရရှိရန် ပြည်ထောင်စုမှ စံသတ်မှတ်ချက် (၇)ချက်နဲ့ လမ်းညွှန်မှုများ ရှိကြောင်း သိရပါသည်။

“လက်ရှိကတော့ ကျမတို့ကျောင်းမှာ ကျောင်းတွင်း အရည်အချင်းစီစစ်ရေးအဖွဲ့ဖွဲ့ထားပါတယ်။ ကျမတို့ စီစစ်ရေးအဖွဲ့ကနေ ကလေးတွေရဲ့အမှတ်တွေကို ခုကတည်းကဖြည့်နေပါတယ်။ လပတ်စာမေးပွဲမှာ ကျတဲ့သူတွေကတော့ ကုစားပြန်ဖြေခွင့်ရှိတယ်။ ကုစားပြန်ဖြေတော့ အမှတ်တွေ ပြန်ရသွားတယ်။ နောက်ဆုံးချုပ်တဲ့အချိန်မှာ ၃ ဘာသာကျနေရင်တောင် ကုစားပြန်ဖြေခွင့်ရအောင် လုပ်ပေးဖို့ရှိတယ်လို့ ပြောပါတယ်။” ဟု မြစ်ကြီးနား အမှတ် (၉) အခြေခံပညာအထက်တန်းကျောင်းမှ ကျေောင်းအုပ် ဒေါ်ညိုညိုသန်း က ဆိုသည်။

အထက်တန်းပြီးဆုံးကြောင်းလက်မှတ်ရရှိရန် ပြည်ထောင်စုမှချမှတ်ထားသည့် စံသတ်မှတ်ချက်များမှာ ကျောင်းခေါ်ချိန်ပြည့်မှီခြင်း ၊ ပညာရည်စစ်ဆေး အကဲဖြတ်ခြင်း၊ ဘာသာရပ်အလိုက် တတ်မြှောက်မှု အဆင့်သတ်မှတ်ခြင်း၊ စာပေအနုပညာလုပ်ငန်းများတွင် ကျောင်းသူ/သားများ ပါဝင်ဆောင်ရွက်နိုင်မှု၊ လူမှုရေးပစ်ချက်ကင်းပြီး ကျောင်းစည်းကမ်းလိုက်နာမှု၊ အားကစားနဲ့ကာယလူပ်ရှားမူ လုပ်ငန်းများတွင်ပါဝင်မူ၊ ကျောင်းကောင်စီအသင်းအဖွဲ့များနဲ့ လူမူရေးအသင်းအဖွဲ့များတွင် ပါဝင်မှုတို့ဖြစ်ကြောင်း သိရသည်။

မြန်မာတစ်နိုင်ငံလုံးအတိုင်းအတာ တက္ကသိုလ်ဝင်စာမေးပွဲအောင်ချက်အရ တစ်ချို့နေရာများတွင် ၃၀% နူန်းခန့်သာရှိြပီး၊ အောင်မြင်ခြင်းမရှိသည့် ၆၀%ကျော်ထဲတွင် ကျောင်းပြန်လည်တက်ရောက်ရန် ခက်ခဲသူများလည်း ရှိနေကြောင်း သိရပါသည်။ ထိုသို့သောမအောင်မြင်သောသူများအတွက် အခြေခံပညာအထက်တန်းပြီးဆုံးခြင်း လက်မှတ်သည် အရေးပါကြောင်း ပြည်နယ်ပညာရေးမှုးကထပ်မံ ပြောဆိုပါသည်။

Show More

Related Articles

Back to top button