သတင်း

ကျေးရွာ သုဿန်မြေကိစ္စ ယုဇနကုမ္ပဏီ နှင့် ဟူးကောင်းဒေသခံများ အငြင်းပွား

ZawGyi

ကခ်င္ျပည္နယ္ ဟူးေကာင့္ခ်ိဳင့္ဝွမ္းေဒသ လီဒိုလမ္းတေလွ်ာက္ ယခင္စစ္အစိုးရလက္ထက္ ရန္ကုန္အေျခစိုက္ ယုဇနကုမၸဏီမွ သိမ္းဆည္းခဲ့ေသာ ေဒသခံကခ်င္လူမ်ိဳးမ်ား၏ နယ္ေျမတြင္ ႐ြာသားမ်ား ကိုယ္ပိုင္ ‘သုႆန္ေျမ’ အျဖစ္ ဆိုင္းဘုတ္မ်ားစိုက္ထားျခင္းကို ကုမၸဏီဘက္မွ ဖ်က္ဆီးျခင္းျပဳလုပ္ေနေၾကာင္း ေဒသခံမ်ား ဆိုပါသည္။

(၁၀)ႏွစ္ ေက်ာ္ခန႔္ ‘သုႆန္ေျမ’ ေပ်ာက္ဆုံးခဲ့သည့္ Ban Kawk (ဘန္ေကာက္)၊ Awng Ra (ေအာင္ရာ)၊ San Pya (စံျပ)ေက်း႐ြာ (၃)႐ြာသည္ ယခုလဆန္းပိုင္းက “သုႆန္ေျမ” စာပါ ဆိုင္းဘုတ္ကို သြားေရာက္စိုက္ထူခဲ့ရာ တစ္ပတ္ခန႔္အၾကာတြင္ ယုဇနကုမၸဏီ အမႈထမ္းမ်ား ျပန္လည္ ဖ်က္သိမ္းေပးလိုက္ေၾကာင္း Awng Ra (ေအာင္ရာ)ေက်း႐ြာမွ Slg. La Awng (ဦးလေအာင္)က ကခ်င္သတင္းဌာန KNG ကို ယခုလိုေျပာသည္။

“အခုေျပာတဲ့ ေက်း႐ြာ (၃)႐ြာမွာ ‘သုႆန္ေျမ’ မရွိေတာ့ က်ေနာ္တို႔က ဒီေက်း႐ြာ (၃)႐ြာမွာရွိတဲ့ ဘာသာေပါင္းစုံက တာဝန္ရွိသူေတြနဲ႔ ေပါင္းၿပီး သုႆန္ေျမေတာင္းဆိုဖို႔ အစည္းေဝးေတြလည္း (၂)ေခါက္ေလာက္ ျပဳလုပ္ခဲ့ပါတယ္။ အဲ့မွာ ေတာင္းခံစာကို အုပ္ခ်ဳပ္ေရးမႉးက ယုဇနကုမၸဏီ႐ုံးကို တင္ေပးမယ္ဆိုၿပီး ယူသြားတယ္။

ေနာက္ သုႆန္ေျမကို သူတို႔ေနရာခ်ေပးမလား ဆိုၿပီး ေစာင့္ဆိုင္းခဲ့ေသးတယ္။ ဒါေပမယ့္ သူတို႔က ခ်က္ခ်င္းေနရာ မခ်ေပးဘူး။ အဲ့ေၾကာင့္ က်ေနာ္တို႔က ခ်က္ခ်င္းအေကာင္အထည္ေဖာ္လိုက္တာျဖစ္တယ္။ ဆိုင္းဘုတ္သြားေထာင္ထားေတာ့ တစ္ပတ္ေလာက္ဘဲ ယုဇနကုမၸဏီက ဖ်က္သိမ္းေပးလိုက္တယ္” ဟု ေျပာဆိုသည္။

လက္ရွိ ေက်း႐ြာ (၃)႐ြာေပါင္း အိမ္ေျခ ၆၀၀ ေက်ာ္ရွိေနၿပီး မၾကာခဏ လူေသဆုံးမႈျဖစ္လာခ်ိန္ Shahtu Zup (ရွဒူးဇြပ္) ေက်း႐ြာပိုင္ သုႆန္ေျမေနရာတြင္သာ အခေၾကးေငြ ေပးကာ သြားေရာက္ျမဳပ္ႏွံေနရေၾကာင္း ေဒသခံမ်ားထံမွသိရပါသည္။

ယခင္က Ban Kawk (ဘန္ေကာက္)ေက်း႐ြာတြင္ အမ်ားသုံး ဘုံသုႆန္ေျမ ရွိခဲ့ေသာ္လည္း ယုဇနကုမၸဏီ၏ စိုက္ပ်ိဳးေရး စီမံကိန္းဝင္ေရာက္ခဲ့ၿပီးေနာက္ ေျမေနရာ ေပ်ာက္ဆုံးခဲ့ရေၾကာင္း Ban Kawk (ဘန္ေကာက္)ေက်း႐ြာ၏ ရပ္မိရပ္ဖတစ္ဦးျဖစ္သည့္ Slg. Chyauchyi Hkawn San ယခုလို ေျပာဆိုပါသည္။

“က်မတို႔ Ban Kawk (ဘန္ေကာက္)ေက်း႐ြာရဲ႕ သုႆန္ေျမေနရာကို ယုဇနကုမၸဏီက ၂၀၀၈ ေလာက္မွာ ေဒသခံေတြကို ဘာတစ္ခြန္းမွ မေျပာဘဲ အားလုံးဖ်က္စီးေပးလိုက္တယ္။ အခုအဲ့ေနရာမွာက ေစတီဘုရားတည္ထားတယ္။ အဲ့ဒီအေနာက္ဘက္မွာက စိုက္ပ်ိဳးေရးေတြလုပ္ထားတယ္။ ယေန႔ထိ ေဒသခံေတြကို သုႆန္နယ္ေျမ ျပန္သတ္မွတ္ေပးတာေတြ မရွိေသးဘူး” ဟု ေျပာဆိုသည္။

ေဒသခံမ်ား အမွတ္အသားစိုက္ထူထားေသာ သုႆန္ေျမဖ်က္သိမ္းခံခဲ့ရသည့္ ကိစၥႏွင့္ပတ္သက္ၿပီး ေက်း႐ြာအုပ္ခ်ဳပ္ေရးမႉးမ်ားႏွင့္ သက္ဆိုင္ရာ ယုဇနကုမၸဏီဘက္မွ တာဝန္ရွိသူမ်ားႏွင့္ေတြ႕ဆုံေမးျမန္းမႈ ျပဳလုပ္ခဲ့ေသာ္လည္း သုႆန္ေျမသတ္မွတ္ေပးရန္ အတြက္ တိက်ေသာ တုန႔္ျပန္မႈ တစ္စုံတစ္ရာ မရရွိခဲ့ေၾကာင္း အုပ္ခ်ဳပ္ေရးမႉး Slg. Naw Di (ဆလန္ ေနာ္ဒီး)ထံမွ သိရပါသည္။

ဆယ္စုႏွစ္ တစ္ခုၾကာ ေဒသခံမ်ားႏွင့္ ယုဇနကုမၸဏီသည္ ေျမယာႏွင့္ပတ္သက္ၿပီး ႏွစ္ဖက္အျငင္းပြားမႈမ်ားႏွင့္ တရားစြဲဆိုမႈမ်ား ပုံမွန္ျဖစ္ပ်က္ေနၿပီး အစိုးရ၏ ေျဖရွင္းေပးမႈလည္း မရွိေၾကာင္း ေဒသခံမ်ား ေျပာဆိုေနၾကပါသည္။

တစ္ဖက္တြင္လည္း ေဒသခံမ်ား၏ လိုအပ္ခ်က္အရ ေက်း႐ြာပိုင္စားက်က္ေျမ ႏွင့္ သုႆန္ ေျမအစရွိသည္တို႔ကို အစိုးရခြင့္ျပဳခ်က္မယူ၊ ယုဇနကုမၸဏီျဖင့္ ညႇိႏႈိင္းမႈမျပဳဘဲ ကိုယ္ပိုင္ သတ္မွတ္ယူမႈမ်ား ျပဳလုပ္ေနေၾကာင္း ေဒသခံမ်ားမွ သိရပါသည္။

Uniocode

ကချင်ပြည်နယ် ဟူးကောင့်ချိုင့်ဝှမ်းဒေသ လီဒိုလမ်းတလျှောက် ယခင်စစ်အစိုးရလက်ထက် ရန်ကုန်အခြေစိုက် ယုဇနကုမ္ပဏီမှ သိမ်းဆည်းခဲ့သော ဒေသခံကချင်လူမျိုးများ၏ နယ်မြေတွင် ရွာသားများ ကိုယ်ပိုင် ‘သုဿန်မြေ’ အဖြစ် ဆိုင်းဘုတ်များစိုက်ထားခြင်းကို ကုမ္ပဏီဘက်မှ ဖျက်ဆီးခြင်းပြုလုပ်နေကြောင်း ဒေသခံများ ဆိုပါသည်။

(၁၀)နှစ် ကျော်ခန့် ‘သုဿန်မြေ’ ပျောက်ဆုံးခဲ့သည့် Ban Kawk (ဘန်ကောက်)၊ Awng Ra (အောင်ရာ)၊ San Pya (စံပြ)ကျေးရွာ (၃)ရွာသည် ယခုလဆန်းပိုင်းက “သုဿန်မြေ” စာပါ ဆိုင်းဘုတ်ကို သွားရောက်စိုက်ထူခဲ့ရာ တစ်ပတ်ခန့်အကြာတွင် ယုဇနကုမ္ပဏီ အမှုထမ်းများ ပြန်လည် ဖျက်သိမ်းပေးလိုက်ကြောင်း Awng Ra (အောင်ရာ)ကျေးရွာမှ Slg. La Awng (ဦးလအောင်)က ကချင်သတင်းဌာန KNG ကို ယခုလိုပြောသည်။

“အခုပြောတဲ့ ကျေးရွာ (၃)ရွာမှာ ‘သုဿန်မြေ’ မရှိတော့ ကျနော်တို့က ဒီကျေးရွာ (၃)ရွာမှာရှိတဲ့ ဘာသာပေါင်းစုံက တာဝန်ရှိသူတွေနဲ့ ပေါင်းပြီး သုဿန်မြေတောင်းဆိုဖို့ အစည်းဝေးတွေလည်း (၂)ခေါက်လောက် ပြုလုပ်ခဲ့ပါတယ်။ အဲ့မှာ တောင်းခံစာကို အုပ်ချုပ်ရေးမှူးက ယုဇနကုမ္ပဏီရုံးကို တင်ပေးမယ်ဆိုပြီး ယူသွားတယ်။

နောက် သုဿန်မြေကို သူတို့နေရာချပေးမလား ဆိုပြီး စောင့်ဆိုင်းခဲ့သေးတယ်။ ဒါပေမယ့် သူတို့က ချက်ချင်းနေရာ မချပေးဘူး။ အဲ့ကြောင့် ကျနော်တို့က ချက်ချင်းအကောင်အထည်ဖော်လိုက်တာဖြစ်တယ်။ ဆိုင်းဘုတ်သွားထောင်ထားတော့ တစ်ပတ်လောက်ဘဲ ယုဇနကုမ္ပဏီက ဖျက်သိမ်းပေးလိုက်တယ်” ဟု ပြောဆိုသည်။

လက်ရှိ ကျေးရွာ (၃)ရွာပေါင်း အိမ်ခြေ ၆၀၀ ကျော်ရှိနေပြီး မကြာခဏ လူသေဆုံးမှုဖြစ်လာချိန် Shahtu Zup (ရှဒူးဇွပ်) ကျေးရွာပိုင် သုဿန်မြေနေရာတွင်သာ အခကြေးငွေ ပေးကာ သွားရောက်မြုပ်နှံနေရကြောင်း ဒေသခံများထံမှသိရပါသည်။

ယခင်က Ban Kawk (ဘန်ကောက်)ကျေးရွာတွင် အများသုံး ဘုံသုဿန်မြေ ရှိခဲ့သော်လည်း ယုဇနကုမ္ပဏီ၏ စိုက်ပျိုးရေး စီမံကိန်းဝင်ရောက်ခဲ့ပြီးနောက် မြေနေရာ ပျောက်ဆုံးခဲ့ရကြောင်း Ban Kawk (ဘန်ကောက်)ကျေးရွာ၏ ရပ်မိရပ်ဖတစ်ဦးဖြစ်သည့် Slg. Chyauchyi Hkawn San ယခုလို ပြောဆိုပါသည်။

“ကျမတို့ Ban Kawk (ဘန်ကောက်)ကျေးရွာရဲ့ သုဿန်မြေနေရာကို ယုဇနကုမ္ပဏီက ၂၀၀၈ လောက်မှာ ဒေသခံတွေကို ဘာတစ်ခွန်းမှ မပြောဘဲ အားလုံးဖျက်စီးပေးလိုက်တယ်။ အခုအဲ့နေရာမှာက စေတီဘုရားတည်ထားတယ်။ အဲ့ဒီအနောက်ဘက်မှာက စိုက်ပျိုးရေးတွေလုပ်ထားတယ်။ ယနေ့ထိ ဒေသခံတွေကို သုဿန်နယ်မြေ ပြန်သတ်မှတ်ပေးတာတွေ မရှိသေးဘူး” ဟု ပြောဆိုသည်။

ဒေသခံများ အမှတ်အသားစိုက်ထူထားသော သုဿန်မြေဖျက်သိမ်းခံခဲ့ရသည့် ကိစ္စနှင့်ပတ်သက်ပြီး ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် သက်ဆိုင်ရာ ယုဇနကုမ္ပဏီဘက်မှ တာဝန်ရှိသူများနှင့်တွေ့ဆုံမေးမြန်းမှု ပြုလုပ်ခဲ့သော်လည်း သုဿန်မြေသတ်မှတ်ပေးရန် အတွက် တိကျသော တုန့်ပြန်မှု တစ်စုံတစ်ရာ မရရှိခဲ့ကြောင်း အုပ်ချုပ်ရေးမှူး Slg. Naw Di (ဆလန် နော်ဒီး)ထံမှ သိရပါသည်။

ဆယ်စုနှစ် တစ်ခုကြာ ဒေသခံများနှင့် ယုဇနကုမ္ပဏီသည် မြေယာနှင့်ပတ်သက်ပြီး နှစ်ဖက်အငြင်းပွားမှုများနှင့် တရားစွဲဆိုမှုများ ပုံမှန်ဖြစ်ပျက်နေပြီး အစိုးရ၏ ဖြေရှင်းပေးမှုလည်း မရှိကြောင်း ဒေသခံများ ပြောဆိုနေကြပါသည်။

တစ်ဖက်တွင်လည်း ဒေသခံများ၏ လိုအပ်ချက်အရ ကျေးရွာပိုင်စားကျက်မြေ နှင့် သုဿန် မြေအစရှိသည်တို့ကို အစိုးရခွင့်ပြုချက်မယူ၊ ယုဇနကုမ္ပဏီဖြင့် ညှိနှိုင်းမှုမပြုဘဲ ကိုယ်ပိုင် သတ်မှတ်ယူမှုများ ပြုလုပ်နေကြောင်း ဒေသခံများမှ သိရပါသည်။

Show More

Related Articles

Back to top button