ကချင်ပြည်နယ် တရုတ်နယ်စပ်တွင် Thermal Scanners ဖြင့် Coronavirus စတင်စစ်ဆေး

ဝိုင်းမော်မြို့နယ် တရုတ်နယ်စပ် ကန်ပိုင်တီဂိတ်ဝတွင် ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ရေး ရောဂါစစ်ဆေးမှု မြန်ဆန်စေရန် Thermal Scanners (အပူတိုင်းကိရိယာ) ထားရှိထားပြီဖြစ်ကြောင်း ဝိုင်းမော်မြို့နယ် ကျန်းမာရေး ဌာနမှသိရပါသည်။ တရုတ်နိုင်ငံ ဝူဟန်မြို့မှစတင်ခဲ့သော အဆိုပါရောဂါကြောင့် ၄ ရက်အတွင်း တရုတ်နိုင်ငံမှ မြန်မာပြည်သို့ နေရပ်ပြန်လာသည့် မြန်မာလုပ်သားများပေါင်း ၂ ထောင်ကျော်ရှိလာသဖြင့် စစ်ဆေးရေးတွင် လစ်ဟမှုမရှိအောင် Thermal Scanners (အပူတိုင်းကိရိယာ) စက်ဖြင့် စစ်ဆေးရန်လိုအပ်နေကြောင်း ဝိုင်းမြို့နယ် ကျန်းမာရေးမှူး ဒေါက်တာသိန်းမြို့…