Covid-19 Reportingသတင်း

မြစ်ကြီးနား တက္ကသိုလ် ပထမနှစ်ဝက်စာမေးပွဲကို ရက်အကန့်သတ်မရှိ ရပ်ဆိုင်း

တရုတ် ဝူဟန်ဗိုင်းရပ်ကူးစက်မှုအန္တရယ်ကြောင့် ကချင်ပြည်နယ် မြစ်ကြီးနားတက္ကသိုလ် ပထမနှစ်ဝက် စာမေးပွဲဖြေဆိုနေမှုကို မတ်လ ၂၄ ရက်မှစကာ ရက်အကန့်သတ်မရှိ ရပ်ဆိုင်းလိုက်ပြီ ဖြစ်သည်။

COVID-19 ရောဂါပိုး ကင်းစင်သည့်အချိန်ထိ ရက်အကန့်သတ်မရှိ ရပ်နားထားမည်ဖြစ်ကြောင်း တက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာအောင်ဝင်း ပြောသည်။

“ဒီမနက်ကဘဲ ထုတ်ပြန်ပြီး ကျောင်းသားတွေအကုန်လုံးကို ပြန်လွှတ်လိုက်ပါတယ်။ ရက်ကတော့ အကန့်သတ်မရှိဘူး။ သက်ဆိုင်ရာကနေတော့ ဧပြီလ ၃၀ရက်နေ့ထိ ပွဲလမ်းသဘင်တွေမလုပ်ရဘူးဆိုပြီး သတ်မှတ်ထားပေမယ့်လို့ စာမေးပွဲဖြေဆိုမူကိုတော့ ကျန်းမာရေးကင်းစင်တဲ့ထိ စိတ်ချရပြီဆိုတဲ့ထိ ရပ်ဆိုင်းထားမှာဖြစ်ပါတယ်”ဟု ပါမေက္ခချုပ်ဒေါက်တာအောင်ဝင်းက ပြောသည်။

လက်ရှိ မြစ်ကြီးနားတက္ကသိုလ်တွင် Master တန်းဝင် ကျောင်းသားများအပါဝင် Major ပေါင်းစုံမှ ကျောင်းသား စုစုပေါင်း ၇၀၆၈ ဦး ဖြေဆိုနေကြောင်း သိရသည်။

“ စာမေးပွဲဖြေဆိုရမယ့်ရက်ကိုတော့ ဆရာကြီးတို့အနေနဲ့ အနည်း ၁၅ရက်လောက်ကြိုပြီးတော့ ကြေညာပေးမှာဖြစ်ပါတယ်။ ကျောင်းသားတွေအားလုံး အခက်ခဲမဖြစ်အောင် မြို့နယ်အုပ်ချုပ်ရေးကနေတစ်ဆင့် ဖြေဆိုမည့်ရက်တွေကို စာတွေလှမ်းပို့အကြောင်း ကြားပေးမယ်”ဟု ပါမောက္ခချုပ်ဒေါက်တာအောင်ဝင်း ပြောသည်။

တက္ကသိုလ် ပထမနှစ်ဝက်စာမေးပွဲအား မတ်လ ၁၉ ရက်မှ ဧပြီလ ၁ရက်နေ့ထိ ကျင်းပပြုလုပ်ရန်ဖြစ်ပြီး လက်ရှိချိန်တွင် ကူးစက်မှု နူန်းမြင့်မားလျက်ရှိသည့် ကိုရိုနားဗိုင်းရပ်စ်ရောဂါပြန့်ပွားမူအား ထိန်းချုပ်နိုင်ဖို့ရန်တွက် စာမေးပွဲဖြေဆိုနေမှုကို ရပ်ဆိုင်းထားရခြင်းဖြစ်ကြောင်း ၎င်းကဆက်ပြောသည်။

၁၄ ရက်အတွင်း အမေရိကန်နိုင်ငံမှ ပြန်လာသည့် ၃၆ နှစ်အရွယ်အမျိုးသား တစ်ဦးနှင့် အင်္ဂလန်နိုင်ငံမှပြန်လာသည့် ၂၆ နှစ်အရွယ် အမျိုးသား တစ်ဦး တို့ တွင် Covid-19 ပိုးတွေ့ရကြောင်း ကျန်းမာရေးဝန်ကြီးဌာနမှ ယမန်နေ့ညတွင် ထုတ်ပြန်ထားသည်။

Show More

Related Articles

Back to top button