Covid-19 Reportingသတင်း

၅ ဦးထက်ပိုပြီး လူစုလူဝေးမပြုရန် အမိန့်ထုတ်ပြန်

ခွင့်ပြုထားသည့်အကြောင်းအရာမှလွဲပြီး လူ ၅ ဦးဖြစ်စေ လူ ၅ဦးထက်ပိုသည်ဖြစ်စေ လူစုလူဝေးမပြုလုပ်ရန် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ မတ်လ ၁၆ရက်နေ့ အမိန့်ထုတ်ပြန်ထားသည်ကိုတွေ့ရသည်။

အဆိုပါ အမိန့်စာတွင် ခွင့်ပြုထားသည့်ကိစ္စများသည် အစိုးရဌာနတာဝန်ထမ်းဆောင်ရန်တွက် အလုပ်သွား၊ အလုပ်ပြန်များ၊ ခွင့်ပြုချက်ဖြင့် ဖွင့်ထားသည့်ဈေးများ၊ ကုန်တိုက်ဈေးရောင်း ဈေးဝယ်သူများ၊ ခွင့်ပြုချက်ဖြင့် ကုန်စည်ပို့ဆောင်ရေး ဆောင်ရွက်ခြင်း၊ ကုမ္မဏီ စက်ရုံမှတွင် အလုပ်လုပ်ကိုင်ဖို့ရန် အလုပ်သွားအလုပ်ပြန်များ ပါဝင်သည်။

ထို့အပြင် တရားစီရင်ရေးဆိုင်ရာကိစ္စရပ်များ ဆောင်ရွက်ခြင်း၊ ခွင့်ပြုချက်နဲ့အညီ Covid-19 ကာကွယ်ရေး လုပ်ငန်းဆောင်ရွက်ချက်များ၊ ကျန်းမာရေးအတွက်ဆေးရုံဆေးခန်းပြခြင်းများ၊ အရေးပေါ်ကယ်ဆယ်ရေးဆောင်ရွက်မှု နာရေးကိစ္စဆောင်ရွက်ခြင်းများ၊ ပြုလုပ်ခွင့်ရှိကြောင်း သိရသည်။

ချမှတ်ထားသည့် စည်းကမ်းမလိုက်နာပါက ၁၉၉၅ ခုနှစ်ပြဌာန်းသည့် ကူးစက်ရောဂါများ ကာကွယ်နှိမ်နှင်းရေး ဥပဒေဖြင့် အရေးယူမည်ဖြစ်ပြီး အဆိုပါဥပေဒ၏ ပြစ်မှုသည် အနိမ့်ဆုံးငွေဒဏ်အားဖြင့် ကျပ်ငွေတစ်ထောင်အပြင် အမြင့်ဆုံးထောင်ဒဏ် ၆လထိ ကျခံရမည်ဟု သိရသည်။

Covid-9 နှင့်ပတ်သက်ပြီး ဥပဒေအရ အရေးယူခြင်းများ စတင်ဆောင်ရွက်တော့မည်ဖြစ်ကြောင်း နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်လည်း ဧပြီလ ၁၆ရက်နေ့ ၎င်း၏လူမူကွန်ယက်စာမျက်နှာပေါ်တွင် ရေးသားထားသည်။

 

Show More

Related Articles

Back to top button