သတင်း

မြန်မာအစိုးတပ် နှင့် KIA မူဆယ်မြို့နယ်အတွင်း ဒုတိယနေ့ တိုက်ပွဲဖြစ်ပွား

ယမန်နေ့ ည နှစ်ဖက်တိုက်ပွဲ ဖြစ်ပွားသည့် ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်မြို့နယ်အတွင်း ယနေ့ ဇွန် (၇)ရက် တနင်္ဂနွေနေ့ မိုး စလင်းချိန်မှ မြန်မာအစိုးရတပ် နှင့် ကချင်လွတ်လပ်ရေးတပ်မတာ် (KIA) ကြား တိုက်ပွဲ ဒုတိယနေ့ ပြန်လည်ဖြစ်ပွားနေကြောင်း KIA ကဆိုပါသည်။

စနေနေ့ ည တိုက်ပွဲ ဖြစ်ပွားခဲ့သော KIA တပ်မဟာ (၆) လက်အောက်ခံ တပ်ရင်း (၉) တပ်ဖွဲ့များရှိနေသောနေရာ Htan Hpa Bum (ထန်ဖါဘွမ်)၊ Layan Kawng (လယန်းကောင်) သို့ မြန်မာစစ်သားများ တက်လာရန်ကြိုးပမ်းလာချိန်မှ တိုက်ပွဲ စတင်ဖြစ်ပွားလာခြင်း ဖြစ်သည်။

“မနေ့ည တိုက်ပွဲဖြစ်တဲ့နေရာမှာ ရပ်နေတဲ့ မြန်မာစစ်ကြောင်း ဒီကနေ့ မနက် မိုး စလင်းလာချိန် မိမိတို့ရှိတဲ့ နေရာဆီ ပြန်တက်လာရန်ကြိုးစားစဉ် မိုင်းနှင်းမိပေါက်ကွဲကာ အဲဒီပတ်ဝန်းကျင်မှာပဲ တိုက်ပွဲဖြစ်ပွားနေတာပါ” ဟု KIA တပ်မဟာ (၆) အရာရှိ တစ်ဦး ကချင်သတင်းဌာန KNG ကို ပြောပါသည်။

ယင်း အမည်မသိ တပ်မတော် စစ်ကြောင်းသည် ဟူးဖြတ် ဘက်မှ KIA တပ်ရင်း (၉)တပ်ဖွဲ့များ ရှိသောနေရာကို တက်လာခြင်းကြောင့် စနေနေ့ ည ၇နာရီကျော်မှာ KIA က စတင် ဟန့်တား ပစ်ခတ်ရာမှ တိုက်ပွဲ ၂ ကြိမ် ဖြစ်ပွားခဲ့သည်။

မြန်မာစစ်တပ်သည် ၎င်း၏ COVID-19 ကပ်ရောဂါ ကာလ စစ်ပွဲရပ်ထားချိန် ရှမ်းပြည်နယ်မြောက်ပိုင်းတွင် KIA ၏ မဟာမိတ် တပ်ဖွဲ့ နှစ်ဖွဲ့ဖြစ်သော တအာင်း (ပလောင်) TNLA နှင့် ကိုးကန့် MNDAA တို့ကိုလည်း လိုက်လံတိုက်ခိုက်မှုများ ဆက်လက် ပြုလုပ်နေဆဲဖြစ်သောကြောင့် တိုက်ပွဲများ နေ့စဉ်လိုလို ဖြစ်ပွားနေပါသည်။

……Zawgyi…..


June, 2020/ Kachin News Group

ယမန်နေ့ ည နှစ်ဖက်တိုက်ပွဲ ဖြစ်ပွားသည့် ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်မြို့နယ်အတွင်း ယနေ့ ဇွန် ()ရက် တနင်္ဂနွေနေ့ မိုး စလင်းချိန်မှ မြန်မာအစိုးရတပ် နှင့် ကချင်လွတ်လပ်ရေးတပ်မတာ် (KIA) ကြား တိုက်ပွဲ ဒုတိယနေ့ ပြန်လည်ဖြစ်ပွားနေကြောင်း KIA ကဆိုပါသည်။

စနေနေ့ ည တိုက်ပွဲ ဖြစ်ပွားခဲ့သော KIA တပ်မဟာ () လက်အောက်ခံ တပ်ရင်း () တပ်ဖွဲ့များရှိနေသောနေရာ Htan Hpa Bum (ထန်ဖါဘွမ်) Layan Kawng (လယန်းကောင်) သို့ မြန်မာစစ်သားများ တက်လာရန်ကြိုးပမ်းလာချိန်မှ တိုက်ပွဲ စတင်ဖြစ်ပွားလာခြင်း ဖြစ်သည်။

မနေ့ည တိုက်ပွဲဖြစ်တဲ့နေရာမှာ ရပ်နေတဲ့ မြန်မာစစ်ကြောင်း ဒီကနေ့ မနက် မိုး စလင်းလာချိန် မိမိတို့ရှိတဲ့ နေရာဆီ ပြန်တက်လာရန်ကြိုးစားစဉ် မိုင်းနှင်းမိပေါက်ကွဲကာ အဲဒီပတ်ဝန်းကျင်မှာပဲ တိုက်ပွဲဖြစ်ပွားနေတာပါဟု KIA တပ်မဟာ () အရာရှိ တစ်ဦး ကချင်သတင်းဌာန KNG ကို ပြောပါသည်။

ယင်း အမည်မသိ တပ်မတော် စစ်ကြောင်းသည် ဟူးဖြတ် ဘက်မှ KIA တပ်ရင်း ()တပ်ဖွဲ့များ ရှိသောနေရာကို တက်လာခြင်းကြောင့် စနေနေ့ ည ၇နာရီကျော်မှာ KIA ကစတင်ဟန့်တားပစ်ခတ်ရာမှတိုက်ပွဲ၂ကြိမ်ဖြစ်ပွားခဲ့သည်။


Show More

Related Articles

Back to top button