သတင်း

မိုးရာသီဝင်သော်လည်း အင်းတော်ကြီးအိုင် တိမ်ကောနေဆဲ

အင်းတော်ကြီးအိုင်ရေကျဆင်းတိမ်ကောနေမှုမှာ မိုးရာသီဝင်ပြီဖြစ်သော်လည်း ရေမျက်နှာပြင်မြင့်တက်လာမှု မရှိသေးကြောင်း သိရသည်။

အင်းတော်ကြီးသည် ကချင်ပြည်နယ် မိုးညှင်းမြို့နယ် တွင်တည်ရှိပြီး ရာသီဥတုအခြေအနေကြောင့် နှစ်တိုင်းလိုလို အင်းရေကျဆင်းမှုဖြစ်သော်လည်း ယခုနှစ်တွင်မူ ယခင်နှစ်များနှင့်မတူဘဲ ပထမဆုံး သိသာထင်ရှားစွာ အင်းတိမ်ကောလာမှု ဖြစ်သည်။

“ကျွန်မတို့အနေနဲ့ကသိပ်စိုးရိမ်စရာမရှိသေးပေမဲ့ နောင်လာနောက်သားတွေအတွက် စိုးရိမ်စရာတော့ရှိတယ်။ လာလို့လဲဆို နောက်ဆို သဘာဝတရားပျက်စီးပြီး အင်းကြီးက တဖြည်းဖြည်းကောသွားမယ်ဆို ငါးတွေလည်းရှားသွားမယ်။ အင်းကြီးကိုမှိခိုပြီး စီးပွားဖြစ်နေတဲ့ ကျွန်မတို့အနေနဲ့က အခက်အခဲရှိလာလိမ့်မယ်” ဟု ဒေသခံ ဒေါ်ဖူးက ပြောသည်။

ယခုကဲ့သို့ အင်းတော်ကြီးကန် တိမ်ကောမှုသည် ကန်အတွင်းစီးဝင်နေသည့် ချောင်းဖျားပိုင်းများနှင့် အင်းတော်ကြီး ဘေးပတ်ဝန်းကျင်တစ်လျှောက်တွင် ရွှေတူးဖော်မှုများနှင့် သစ်ထုတ်လုပ်မှုများကြောင့်ဖြစ်သည်ဟု ဒေသခံများက ပြောဆိုနေကြသည်။

Show More

Related Articles

Back to top button