Covid-19 Reportingသတင်း

ပိုးတွေ့အမှတ်စဉ် ၂၄၉ နှင့်ထိတွေ့သူ စာစစ်ဆရာနှင့်အဆောင်တူ ဆရာ ၅၉ ဦးကို အသွားအလာကန့်သတ်ထား

လူနာအမှတ်စဉ် ၂၄၉ နှင့်ထိတွေ့ခဲ့သည့် မြစ်ကြီးနားတက္ကသိုလ်တွင် စာစစ်ရန်ရောက်ရှိနေသည့် ဆရာနှင့်တစ်ဆောင်တည်းအတူနေသည့်ဆရာ ၅၆ ဦးကိုလည်း အသွားအလာကန့်သတ်မှု ပြုလုပ်ထားကြောင်း မြစ်ကြီးနားတက္ကသိုလ်ပါမောက္ခချုပ်ဒေါက်တာ အောင်ဝင်းထံမှ သိရသည်။

“ခုလောလောဆယ်တော့ အဲဆရာ ၅၆ဦး ကိုအသွားလာ ကန့်သတ်ထားတယ်။ ထမင်းကျွေးတဲ့ အစီစဉ်တွေ ကျောင်းကဘဲဆောင်ရွက်ပေးထားတယ်။ အစောင့်အရှောက်တွေနဲ့ထားတဲ့ Quarantine မဟုတ်ဘူး။ လတ်တစ်ပျက်ဖြစ်သွားတဲ့ အပူချိန်တိုင်းပေးဖို့တွက်ကျတော့ စာစစ်တဲ့ချိန်မှာကျန်းမာရေးစောက်ရှောက်ပေးတဲ့ ဆရာမ ၂ဦးရှိတယ်။ အဲဆရာမ ၂ဦးကနေပြီး မနက်တိုင်းသွားပြီး အပူချိန်တိုင်းပေးမှာဖြစ်တယ်။ ကျန်းမာရေးဌာနကလည်း ဆရာမတစ်ဦးလာမယ်။” ဟု မြစ်ကြီးနားတက္ကသိုလ်ပါမေက္ခချုပ်ဒေါက်တာအောင်ဝင်းက ဆိုသည်။

မြစ်ကြီးနားတက္ကသိုလ်တွင် စာစစ်ရန်တွက် ဇွန်လ ၃ရက်နေ့မှစကာ ဆရာ၊ဆရာမစုစုပေါင်း ၁၄၅၂ ဦးရှိကြောင်း ၎င်းကဆက်ပြောသည်။

ပိုးတွေ့လူနာအမှတ် ၂၄၉သည် မိုးမောက်မြို့ မုန်းခမ်းကျေးလက်ကျန်းမာရေးဌာနခွဲမှ သားဖွားဆရာမတစ်ဦးဖြစ်ပြီး ၎င်း၏ ခရီးသွားရာဇဝင်အရ မေလ ၂၈ရက်မှ ၃၁ရက်နေ့ထိ အဆိုပါကျောင်းဆရာ၏ နေအိမ်တွင်တည်းခိုခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

“Case-249 ရဲ့နှာခေါင်းတို့ဖတ်၊ အာခေါင်တို့ဖတ်ကို ဇွန်လ ၄ရက်နေ့က ပို့ခဲ့တာဖြစ်တယ်။ ဆေးစစ်ချက်အဖြေကတော့ ဇွန်လ ၁၁ရက်နေ့မှာထွက်တယ်။ သိသိချင်းဘဲ Contant တွေယူပြီး မြစ်ကြီးနားမှာစာစစ်ဖို့ရောက်ရှိနေတဲ့ဆရာဖြစ်နေတဲ့တွက် မနေ့ကစပြီး ဆေးရုံပို့ထားပြီးဖြစ်တယ်။” ဟု ကချင်ပြည်နယ် Covid-19 ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေး ကော်မတီမှ ဒုညွှန်ကြားရေးမှူး ဦးတင့်နိုင် ကပြောသည်။

ဗန်းမော်မှ မြစ်ကြီးနားတက္ကသိုလ်တွင်ရောက်ရှိလာသည့် စာစစ်ဆရာ၏ ခရီးသွားရာဇဝင်သည် ဇွန် ၂ရက်နေ့တွင် ရွှေကူ မိုးစိပ်ရွာသို့သွားခဲ့ပြီး ၃ရက်နေ့တွင် ရွှေကူမှမြစ်ကြီးနားသို့ တိုက်ရိုက်ပြန်လာခြင်းဖြစ်ပြီး၊ မြစ်ကြီးနားဂျိန်းဖေါ့ဧရာကားဖြင့် ရောက်ရှိလာခြင်းဖြစ်ကြောင်း သိရသည်။ ၎င်းနဲ့တူကျောင်းဆရာ ၂ဦးအပါအဝင် တပ်မတော်သားတစ်ဦးလည်း ပါဝင်ကာ လက်ရှိချိန်တွင် ယင်းကျောင်းဆရာ ၂ဦးအပါအဝင် တပ်မတော်သားတစ်ဦး စုစုပေါင်း ၃ဦးကို F.Q ထားရှိထားပြီဖြစ်ကြောင်း ၎င်းကဆက်ပြောသည်။

ပိုးတွေ့လူနာနှင့်ထိတွေ့မှုရှိခဲ့သည့် ကျောင်းဆရာနှင့်ပတ်သက်ပြီး သက်ဆိုင်ရာကျန်းမာရေးဌာသို့ လူကိုယ်တိုင်ဖြစ်စေ ဖုန်းဖြင့်ဖြစ်စေ ဆက်သွယ်မေးမြန်းသော်လည်း ပြန်လည်ဖြေကြားခြင်းမရှိခဲ့ပေ။

ပိုးတွေ့လူနာအမှတ်စဉ် ၂၄၉ သည် မိုးမောက်ဆေးရုံ၊ စာစစ်ဆရာ၏ နေအိမ်၊ ဇာဘော်လီဆိုင်၊ လွယ်ဂျယ်စစ်ဆေးရေးဂိတ်၊ ကာကွယ်ဆေးထိုးသည့်နေရာများ၊ သူနာပြုနဲ့ပတ်သက်သောနေအိမ်များအပြင် နေရာစုစုပေါင်း ၁၆ ခုတွင် ရောက်ရှိခဲ့သည်ဟု ဦးတင့်နိုင်ထံမှ သိရသည်။

ကချင်ပြည်နယ်တွင် လွယ်ဂျယ်ဂိတ်မှပြန်လည်ဝင်ရောက်လာသူ ဇွန်လ ၁၂ရက်နေ့ထိ ၁ သောင်းကျော်ရှိပြီဖြစ်သည်။

 

Show More

Related Articles

Back to top button