သတင်း

ကချင်ပြည်နယ်၏ ဒုတိယ ပိုးတွေ့လူနာ ပိုး မတွေ့သောကြောင့် ဆေးရုံ ဆင်းခွင့်ပြု

ကချင်ပြည်နယ်၏ ဒုတိယမြောက် COVID-19 ပိုးတွေ့လူနာ အမှတ် (၂၄၉)ကို ဒုတိယအကြိမ် ရောဂါ စစ်ဆေးရာ ပိုးထပ် မတွေ့သောကြောင့် ဇူလှိုင်လ (၂)ရက်နေ့တွင် ဗန်းမော်ပြည်သူ့ဆေးရုံမှ ဆင်းခွင့် ပြုလိုက်သည်။

သို့သော်လည်း အစိုးရ ကျန်းမာရေးဝန်ထမ်း ဆရာမ တစ်ဦးဖြစ်သူ လူနာ အမှတ် (၂၄၉)အား သူမ တာဝန်ကျသော N’mawk (မိုးမောက်)ပြည်သူ့ဆေးရုံတွင် ၂ပတ် နေစေပြီး ၎င်းနောက် သူ့မကို အိမ်ပြန်ခွင့်ပြုကာ နေအိမ်တွင် home quarantine ထပ်မံဝင်ရန် စီစဉ်ထားပါသည်။

“လူနာအမှတ် (၂၄၉)က ပိုး ၂ ခါ စစ်ပြီးပြီ။ ဇွန်(၁၈)ရက်မှာ တစ်ခါစစ်တယ် ဇွန်(၂၅)ရက်နေ့ ထွက်တယ်။ Negative ထွက်တယ်။ ပြီးတော့ ဇွန် (၂၅)ရက်မှာ ပြန်စစ်တာ ဇွန် (၃၀) ရက်နေ့မှာ Negative ပြန်ထွက်တယ်။ အဲတော့ ၂ကြိမ်စလုံး ပိုး မတွေ့တော့တဲ့အတွက် ဒီနေ့ဘဲ ဗန်းမော်ပြည်သူ့ဆေးရုံ က ဆင်းခွင့်ပြုလိုက်ပါပြီ။ ဒါပေမယ့် သူ့ကို ထပ်မံစောင့်ကြည့်နိုင်ဖို့အတွက် ဆရာမတို့ မိုးမောက်ဆေးရုံမှာ ၂ပတ်ထားအုံးမယ်။ မိုးမောက်ဆေးရုံက ဆင်းခွင့်ရပြီဆိုရင်တောင် သူ့နေအိမ်မှာ Home Quarantine ထပ်မံဝင်ရမှာဖြစ်တယ်။ ပြီးမှ သာမန်သူတွေလို သွားလာဖို့ခွင့်ပြုမှာဖြစ်တယ်။” ဟု မိုးမောက်မြိ့နယ်မှ ကျန်းမာရေးမှူး ဒေါက်တာ တင်မေသင်း က ပြောသည်။

လက်ရှိတွင် အဆိုပါ ပိုးတွေ့လူနာအမှတ် (၂၄၉) နှင့်ထိတွေ့ခဲ့ကြသူများဖြစ်သည့် လူ ၂၆၆ ဦး သည်လည်း ပထမတစ်ကြိမ် ပိုးစစ်ဆေးရာ ပိုးမတွေ့ရှိသဖြင့် ဒုတိယအကြိမ် ထပ်မံ ဆေးစစ်ထားကြောင်း ၎င်းကဆက်ဆိုသည်။

အဆိုပါ ပိုးတွေ့လူနာသည် ဗန်းမော်ခရိုင် မြန်မာ-တရုတ် နယ်စပ် Loije (လွယ်ဂျယ်)စစ်ဆေးရေးဂိတ်တွင် ကျန်းမာရေးဝန်ထမ်းအဖြစ် တာဝန်ထမ်းဆောင်နေသူဖြစ်ပြီး ဇွန်လ (၁၁)ရက်နေ့တွင် ပိုးတွေ့ရှိခဲ့သည်။

ထို့နောက် ၎င်းအား ဗန်းမော်ပြည်သူ့ဆေးရုံတွင်ဆေးကုသမူ ပေးနေပြီး ရောဂေါပိုး ၂ကြိမ်စစ်ဆေးရာ ပိုးကင်းစင်သွားသောကြောင့် ဇူလှိုင်လ (၂)ရက်နေ့တွင် ဗန်းမော်ပြည်သူ့ဆေးရုံမှ ဆေးရုံဆင်းခွင့်ပြုလိုက်ခြင်းဖြစ်သည်။

ဇူလှိုင်လ (၂)ရက်နေ့ထိ ကချင်ပြည်နယ်သို့ ပြန်လာကြသော ပြည်တော်ပြန် တရုတ်ပြည်မှ စုစုပေါင်း ၉၀၀၀ ကျော် နှင့် ထိုင်းနိုင်ငံမှ စုစုပေါင်း ၉၅၈ ဦး ရှိပြီဖြစ်သည်။

တရုတ်နိုင်ငံ Wuhan မြို့မှ စတင်ဖြစ်ပွားလာသည့် COVID-19 ကပ်ရောဂါကြောင့် မြန်မာနိုင်ငံတွင် လူစုလူဝေးမဖြစ်စေရန် ရောဂါကြိုတင်ကာကွယ်နိုင်ရန်အတွက် အသွားလာကန့်သတ်မှုပြုလုပ်ထားသည်မှာ (၃)လ ကျော်ရှိနေပြီဖြစ်သည်။

သို့သော် ကချင်ပြည်နယ် အချို့ဒေသများတွင် အဝင်အထွက်ဖြေလျော့မူများ ပြုလုပ်လာပြီဖြစ်သည်။

…..Zawgyi….

ကခ်င္ျပည္နယ္၏ ဒုတိယ ပိုးေတြ႕လူနာ ပိုး မေတြ႕ေသာေၾကာင့္ ေဆး႐ုံ ဆင္းခြင့္ျပဳ

July 2, 2020/ Kachin News Group

ကခ်င္ျပည္နယ္၏ ဒုတိယေျမာက္ COVID-19 ပိုးေတြ႕လူနာ အမွတ္ (၂၄၉)ကို ဒုတိယအႀကိမ္ ေရာဂါ စစ္ေဆးရာ ပိုးထပ္ မေတြ႕ေသာေၾကာင့္ ဇူလွိုင္လ (၂)ရက္ေန႔တြင္ ဗန္းေမာ္ျပည္သူ႔ေဆး႐ုံမွ ဆင္းခြင့္ ျပဳလိုက္သည္။

သို႔ေသာ္လည္း အစိုးရ က်န္းမာေရး၀န္ထမ္း ဆရာမ တစ္ဦးျဖစ္သူ လူနာ အမွတ္ (၂၄၉)အား သူမ တာ၀န္က်ေသာ N’mawk (မိုးေမာက္)ျပည္သူ႔ေဆး႐ုံတြင္ ၂ပတ္ ေနေစၿပီး ၎ေနာက္ သူ႔မကို အိမ္ျပန္ခြင့္ျပဳကာ ေနအိမ္တြင္ home quarantine ထပ္မံ၀င္ရန္ စီစဥ္ထားပါသည္။

“လူနာအမွတ္ (၂၄၉)က ပိုး ၂ ခါ စစ္ၿပီးၿပီ။ ဇြန္(၁၈)ရက္မွာ တစ္ခါစစ္တယ္ ဇြန္(၂၅)ရက္ေန႔ ထြက္တယ္။ Negative ထြက္တယ္။ ၿပီးေတာ့ ဇြန္ (၂၅)ရက္မွာ ျပန္စစ္တာ ဇြန္ (၃၀) ရက္ေန႔မွာ Negative ျပန္ထြက္တယ္။ အဲေတာ့ ၂ႀကိမ္စလုံး ပိုး မေတြ႕ေတာ့တဲ့အတြက္ ဒီေန႔ဘဲ ဗန္းေမာ္ျပည္သူ႔ေဆး႐ုံ က ဆင္းခြင့္ျပဳလိုက္ပါၿပီ။ ဒါေပမယ့္ သူ႔ကို ထပ္မံေစာင့္ၾကည့္နိုင္ဖို႔အတြက္ ဆရာမတို႔ မိုးေမာက္ေဆး႐ုံမွာ ၂ပတ္ထားအုံးမယ္။ မိုးေမာက္ေဆး႐ုံက ဆင္းခြင့္ရၿပီဆိုရင္ေတာင္ သူ႔ေနအိမ္မွာ Home Quarantine ထပ္မံဝင္ရမွာျဖစ္တယ္။ ၿပီးမွ သာမန္သူေတြလို သြားလာဖို႔ခြင့္ျပဳမွာျဖစ္တယ္။” ဟု မိုးေမာက္ၿမိ့နယ္မွ က်န္းမာေရးမွူး ေဒါက္တာ တင္ေမသင္း က ေျပာသည္။

လက္ရွိတြင္ အဆိုပါ ပိုးေတြ႕လူနာအမွတ္ (၂၄၉) ႏွင့္ထိေတြ႕ခဲ့ၾကသူမ်ားျဖစ္သည့္ လူ ၂၆၆ ဦး သည္လည္း ပထမတစ္ႀကိမ္ ပိုးစစ္ေဆးရာ ပိုးမေတြ႕ရွိသျဖင့္ ဒုတိယအႀကိမ္ ထပ္မံ ေဆးစစ္ထားေၾကာင္း ၎ကဆက္ဆိုသည္။

အဆိုပါ ပိုးေတြ႕လူနာသည္ ဗန္းေမာ္ခ႐ိုင္ ျမန္မာ-တ႐ုတ္ နယ္စပ္ Loije (လြယ္ဂ်ယ္)စစ္ေဆးေရးဂိတ္တြင္ က်န္းမာေရးဝန္ထမ္းအျဖစ္ တာဝန္ထမ္းေဆာင္ေနသူျဖစ္ၿပီး ဇြန္လ (၁၁)ရက္ေန႔တြင္ ပိုးေတြ႕ရွိခဲ့သည္။

ထို႔ေနာက္ ၎အား ဗန္းေမာ္ျပည္သူ႔ေဆး႐ုံတြင္ေဆးကုသမူ ေပးေနၿပီး ေရာေဂါပိုး ၂ႀကိမ္စစ္ေဆးရာ ပိုးကင္းစင္သြားေသာေၾကာင့္ ဇူလွိုင္လ (၂)ရက္ေန႔တြင္ ဗန္းေမာ္ျပည္သူ႔ေဆး႐ုံမွ ေဆး႐ုံဆင္းခြင့္ျပဳလိုက္ျခင္းျဖစ္သည္။

ဇူလွိုင္လ (၂)ရက္ေန႔ထိ ကခ်င္ျပည္နယ္သို႔ ျပန္လာၾကေသာ ျပည္ေတာ္ျပန္ တ႐ုတ္ျပည္မွ စုစုေပါင္း ၉၀၀၀ ေက်ာ္ ႏွင့္ ထိုင္းနိုင္ငံမွ စုစုေပါင္း ၉၅၈ ဦး ရွိၿပီျဖစ္သည္။

တ႐ုတ္နိုင္ငံ Wuhan ျမိဳ႕မွ စတင္ျဖစ္ပြားလာသည့္ COVID-19 ကပ္ေရာဂါေၾကာင့္ ျမန္မာနိုင္ငံတြင္ လူစုလူေဝးမျဖစ္ေစရန္ ေရာဂါႀကိဳတင္ကာကြယ္နိုင္ရန္အတြက္ အသြားလာကန႔္သတ္မွုျပဳလုပ္ထားသည္မွာ (၃)လ ေက်ာ္ရွိေနၿပီျဖစ္သည္။

သို႔ေသာ္ ကခ်င္ျပည္နယ္ အခ်ိဳ႕ေဒသမ်ားတြင္ အဝင္အထြက္ေျဖေလ်ာ့မူမ်ား ျပဳလုပ္လာၿပီျဖစ္သည္။

Show More

Related Articles

Back to top button