သတင်း

ဧရာဝတီမြစ်ရေ မြစ်ကြီးနားမြို့တွင် စိုးရိမ်ရေအမှတ်မရောက်ပဲ ပြန်ကျသွား

ကချင်ပြည်နယ် မြစ်ကြီးနားမြို့တွင် ယခုနှစ် မိုးတွင်းကာလ ဧရာဝတီမြစ်ရေမြင့်တက်မှုသည် စိုးရိမ်ရေအမှတ်အထိ မရောက်ဘဲ မြစ်ရေပြန်ကျနေပြီဖြစ်ကြောင်း သိရသည်။

လွန်ခဲ့သည့် ဇူလိုင်လ ၁၂ ရက်နေ့တွင် ဧရာဝတီမြစ်ရေသည် မြစ်ကြီးနားမြို့၏ စိုးရိမ်ရေအမှတ်အောက် ၁၀၄၂ စင်တီမီတာ ထိရောက်ခဲ့သော်လည်း ညနေပိုင်းမှစကာ ရေပြန်ကျသွားဖြင့် ဇူလိုင် ၁၃ ရက်နေ့လည် ၁၂ နာရီတွင် ရေအမှတ် ၈၆၄ စင်တီမီတာသို့ ကျသွားသည်။

“ဒီလအတွင်းထဲမှာတော့ မြစ်ရေ စိုးရိမ်ချေအမှတ်ထိမရောက်နိုင်တော့ဘူး။ စိုးရိမ်ချေအမှတ် ရောက်ဖို့က မလွယ်ဘူး။ ဘာလို့လဲဆို ခုက ပထမဆုံး ရေတက်လိုက်တယ်။ ဇွန်လိုင်လမှာဆို ထိပ်ဆုံးရေအမှတ်ရောက်သွားမဲ့အချိန်က တစ်ကြိမ်ဘဲ ပြန်ပြီး မရောက်လာနိုင်တော့ဘူး။ ၈၀၀၊ ၉၀၀ နှင့်ဘဲပြန်ပြီး ဆင်းသွားမဲ့သဘောရှိတယ်။ ဒါက ရာသီဥတု အခြေအနေမှာဆိုရင် နောက်ထပ် ၁၅ ရက်ကျန်သေးတယ်။ ၁၅ ရက်အတွင်းမှာတော့ ပြန်တက်လာနိုင်လည်း တက်လာနိုင်တယ်။ စိုးရိမ်ရေအမှတ်ကိုတော့ ကျော်နိုင်မယ်လို့မထင်ဘူး။” ဟု မိုးလေဝသနှင့် ဇလဗေဒဦးစီးအရာရှိ ဦးနိုင်လင်းထွေး ကပြောသည်။

လာမည့် သြဂုတ်လ နှင့် စက်တင်ဘာလ အခြေအနေအတွက် ခန့်မှန်းနိုင်ခြေကို မပြောနိုင်သေးကြောင်းနှင့် ဇွန်၊ ဇူလိုင် နှင့်သြဂုတ်လသည် မိုးတွင်း မြစ်ရေတက်သည့်အဓိကကာလဖြစ်သောကြောင့် ယခု ၃ လအတွက် ရေကျသွားခြင်းဖြစ်သည်ဟု ခန့်မှန်းနိုင်ကြောင်း ၎င်းကဆက်ပြောသည်။

ကချင်ပြည်နယ် မြစ်ကြီးနားမြို့တွင် ဧရာဝတီမြစ်ရေဝင်ပေါက် ၈ ခုရှိသည်။ အဆိုပါနေရာများမှာ ကရိန်နော်၊ ဗလမင်းထင် အထက်ရေဝင်ပေါက်၊ ဗလမင်းထင်အောက်ရေဝင်ပေါက်၊ စီတာပူ အင်ဂျန်ခ ၊ ကြက်ပေါင်ခြံ ၊ ခပ်ချူရေဝင်ပေါက်၊ ရေကြည်၊ ပမ္မတီးရေဝင်ပေါက် တို့ဖြစ်သည်။

အဆိုပါ ရေဝင်ပေါက်များသည် မြစ်ရေအမှတ် ၉၀၀၊ ၁၀၀၀ ရောက်သည်နှင့် ရေဝင်နိုင်သော ရပ်ကွက်များဖြစ်သည်။

၎င်း ရေဝင်ပေါက်များတွင် ရေတံခါးဆောက်လုပ်ရန် ကချင်ပြည်နယ် မိုးဇလအဖွဲ့က ၄ နှစ်တာတင်ပြတောင်းဆိုမှုများရှိခဲ့သော်လည်း ယခုထိ ကင်းဆင်းကြည့်ရှုမှုများသာ ပြုလုပ်နေကြောင်း ပြောဆိုသည်။

ကချင်ပြည်နယ်တွင် မြစ်ကြီးနားမြို့၏ ဧရာဝတီမြစ်ရေ စိုးရိမ်ရေအမှတ်သည် ၁၂၀၀ စင်တီမီတာ ရှိပြီး လွန်ခဲ့သော ၂၀၁၉ ခုနှစ်တွင် ဧရာဝတီဖြစ်ရေသည် ၁၂၂၉ ထိရှိခဲ့သည်။

Show More

Related Articles

Back to top button