,

Breaking News :

လူသတ်မှုကျူးလွန်သူ ၃ ဦးကို KIO က အမြင့်ဆုံးပြစ်ဒဏ်ချမှတ်

KBC ဥက္ကဌ ညှိနှိုင်းပေးမှုကြောင့် တပ်မတော်နှင့် KIO အပစ်ရပ်လက်မှတ်ထိုးတော့မည်ဟူသော သတင်းမှား

နမ်ခမ်၊ အင်ဂါးဂါး စစ်ပြေးဒုက္ခသည်များကို တနိုင်းမြို့တွင် ပြန်လည်နေချထားပေး

မြစ်ကြီးနား ကားကြီးကွင်းကို အောက်တိုဘာလကုန်ထိ ပိတ်ထားမည်

ဆွမ်ပရာဘွမ် ကျေးရွာနယ်နမိတ်အတွင်း ရွှေသတ္တုတူးဖော်မှုကို ရပ်ဆိုင်းပေးရန်တောင်းဆို

ဖျက်သိမ်းလိုက်ပြီဖြစ်သော UDP ပါတီတွင် ဆန္ဒမဲ ပြုမိပါက ပယ်မဲ ဖြစ်မယ်ဟု UEC ကြေညာ

မြစ်ကြီးနား ကားကြီးကွင်းတွင် ကိုဗစ် အတည်ပြုလူနာတစ်ဦး ထပ်တိုး

Stay Home ကြေညာထားသည့် ကချင်မှ မြို့နယ် ၂ ခုတွင် မဲဆွယ်စည်းရုံးခွင့်မပြု

မိုးမောက်မြို့နယ်တွင် KSPP နှင့် KNC ပါတီဆိုင်းဘုတ်များ ဖျက်စီးခံရ

ဖားကန့် စည်ပင်ဥက္ကဌ ရွေးချယ်မှုတွင် အစိုးရက ဗဟိုဦးစီး စနစ်ဆန်နေကြောင်း ကချင်အတိုင်ပင်ခံအဖွဲ့ ထောက်ပြ

Month: August 2020

Covid-19 Reporting
မသန်စွမ်းသူများကို ငွေကျပ် ၃၀၀၀၀ ထောက်ပံ့ပေးသွားမည်

မသန်စွမ်းသူများကို ငွေကျပ် ၃၀၀၀၀ ထောက်ပံ့ပေးသွားမည်

Covid-19 ကပ်ရောဂါကာလ စီးပွားရေးကုစားမှုအစီအစဉ်အဖြစ် ကချင်ပြည်နယ်ရှိ မသန်စွမ်းသူဦးရေ ၇၆၀၆ ဦးအား တစ်ဦးလျှင်ငွေကျပ် ၃၀၀၀၀ ထောက်ပံ့ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

သတင်း
ဖားကန့်ရေကြီးရေလျှံမှုနှင့် ထိရောက်မှုမရှိခဲ့သောဥရုချောင်းရှင်းလင်းရေးလုပ်ငန်း

ဖားကန့်ရေကြီးရေလျှံမှုနှင့် ထိရောက်မှုမရှိခဲ့သောဥရုချောင်းရှင်းလင်းရေးလုပ်ငန်း

ဖားကန့် ဥရုချောင်းရှင်းလင်းရေးလုပ်ငန်းကို အစိုးရက ဒေသခံပြည်သူများနှင့် ပူးပေါင်းခြင်းမရှိဘဲ နီးစပ်ရာလုပ်ငန်းရှင်များနှင့်သာ ပူပေါင်းလုပ်ဆောင်နေသောကြောင့် နှစ်စဉ်ရေဘေးဒဏ်ကြုံတွေ့နေရခြင်းဖြစ်သည်ဟု ဒေသခံအရပ်ဖက်အဖွဲ့အစည်းများက ဝေဖန် ပြောဆိုနေကြသည်။

သတင်း
ဧရာဝတီမြစ်ကျောင်းတစ်လျှောက် တရားမဝင်စက်လှေအစီး ၂၀ ကျော်ကို တစ်ရက်အတွင်းဖမ်းမိ

ဧရာဝတီမြစ်ကျောင်းတစ်လျှောက် တရားမဝင်စက်လှေအစီး ၂၀ ကျော်ကို တစ်ရက်အတွင်းဖမ်းမိ

ဧရာဝတီမြစ်ကြောင်းတစ်လျှောက် မြစ်ကြီးနားမြို့နယ်နှင့် ဝိုင်းမော်မြို့နယ်တွင် တရားမဝင်ရွှေတူးဖော်နေသည့် စက်လှေပေါင်း ၂၀ ကျော်ကို သြဂုတ်လ ၁၅ ရက်နေ့ တစ်ရက်အတွင်း ဖမ်းဆီးထားသည်ဟု သိရသည်။

Covid-19 Reporting
လူဦးရေ ၃၀ အထက် လူစုလူဝေးပြုမည်ဆိုပါက ခွင့်ပြုမိန့်တင်ရမည်ဟုဆို

လူဦးရေ ၃၀ အထက် လူစုလူဝေးပြုမည်ဆိုပါက ခွင့်ပြုမိန့်တင်ရမည်ဟုဆို

ကျန်းမာရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်နှင့်အညီ ကချင်ပြည်နယ်တွင် Covid-19 ကပ်ကာလ လူဦးရေ ၃၀ ထက်ပိုပြီး လူစုလူဝေးပြုလုပ်မည်ဆိုပါက ပြည်နယ်အစိုးရထံ ခွင့်ပြုမိန့်တင်ရမည်ဖြစ်ကြောင်း သိရသည်။ “ခုသင်တန်းတွေလုပ်တာရှိကြတယ်၊ ဒါလည်း ၃၀ထက်မပိုရဘူး။ အရင်ကတည်းကလည်း ဘာသာရေးအခမ်းနားတွေ လုပ်မယ်ဆိုခဲ့ရင် ခွင့်ပြုချက်တောင်းရတယ်။ ပြီးတော့ ကျန်းမာရေးနဲ့အားကစားဝန်ကြီးဌာနက ညွှန်ကြားထားတဲ့အတိုင်း လက်ဆေးဖို့ ဘေစဉ်တွေထားရတယ်။ အဲကြောင့် အဲတိုင်းဘဲဆက်သွားမယ်။ သို့သော်လည်း ဒါကိုအမှီပြုပြီးတော့ ဘုရားကျောင်းတွေ၊ ဘုန်းကြီးကျောင်းတွေ၊ တရားစခန်းတွင်ပြန်ဖွင့်နေကြတယ်။ ဒါကိုတရားဝင် ခွင့်မပြုသေးပါဘူး။” ဟု ပြည်နယ်…

သတင်း
ဒေသခံ ရာနှုန်းပြည့်ခန့် ကန့်ကွက်သော ခေါင်လန်ဖူး ရွှေနှင့်သတ္တုတူးဖော်ရေးအစီစဉ်

ဒေသခံ ရာနှုန်းပြည့်ခန့် ကန့်ကွက်သော ခေါင်လန်ဖူး ရွှေနှင့်သတ္တုတူးဖော်ရေးအစီစဉ်

ကချင်ပြည်နယ် ပူတာအိုခရိုင် ခေါင်လန်ဖူးဒေသ မြေဧက ၃သိန်းကျော်တွင် Fortuna Metals Company က ရွှေနှင့်သတ္တုတူးဖော်ရေး စမ်းသပ်ရှာဖွေမယ့်လုပ်ငန်းကို ဒေသခံများသဘောတူကြောင်း အစိုးရက ပြောဆိုနေသော်လည်း ခေါင်လန်ဖူးဒေသခံများကိုယ်တိုင် အဆိုပါစီမံကိန်းကို မသိရှိရကြောင်း KNG က သွားရောက် မေးမြန်းနိုင်ခဲ့သည်။

Covid-19 Reporting
KIO နယ်မြေသို့ဝင်လာသူတိုင်း ကွာရန်တင်း ဝင်ရန် မလိုတော့

KIO နယ်မြေသို့ဝင်လာသူတိုင်း ကွာရန်တင်း ဝင်ရန် မလိုတော့

ကချင်လွတ်လပ်ရေးအဖွဲ့ KIO ထိန်းချူပ်ဒေသသို့ဝင်လာသောသူတိုင်း ကွာရန်တင်းဝင်ရမည် မဟုတ်သော်လည်း ကိုယ်အပူချိန်မြင့်တက်သူများမှာ ဆက်လက်ပြီး ၅ ရက် ကွာရန်တင်း ဝင်ရမည်ဖြစ်သည်။

ရွေးကောက်ပွဲဆိုင်ရာ
စစ်ရှောင်စခန်းအချို့တွင် မဲရုံထားရှိမည်

စစ်ရှောင်စခန်းအချို့တွင် မဲရုံထားရှိမည်

လာမယ့်ရွေးကောက်ပွဲတွင် ကချင်ပြည်နယ်တွင်းရှိ စစ်ရှောင်စခန်းအချို့၌ မဲရုံဖွင့်ရန် ခွင့်ပြုမည်ဖြစ်ကြောင်း သိရသည်။

ရွေးကောက်ပွဲဆိုင်ရာ
ကချင်ပြည်နယ် ဗမာတိုင်းရင်းသားရေးရာဝန်ကြီးအမည်စာရင်း တင်သွင်းသူ ပယ်ချခံရ

ကချင်ပြည်နယ် ဗမာတိုင်းရင်းသားရေးရာဝန်ကြီးအမည်စာရင်း တင်သွင်းသူ ပယ်ချခံရ

ကချင်ပြည်နယ် ဗမာတိုင်းရင်းသားရေးရာဝန်ကြီးနေရာ ဝင်ရောက်ယှဉ်ပြိုင်မည့် ညီညွတ်သောတိုင်းရင်းသားလူမျိုးများ ဒီမိုကရေစီပါတီ UNDP ကိုယ်စားလှယ်လောင်း ပယ်ချခံရမှုနှင့်ပတ်သက်ပြီး အယူခံဝင်ရန် အစီစဉ်မရှိကြောင်း အမည်စာရင်း တင်သွင်းသူ စာရေးဆရာ ဦးသန်းဝင်း(ခေါ်) ဦးသန်းဝင်းလှိုင်ထံမှ သိရသည်။

ငြိမ်းချမ်းရေးသတင်း
တရုတ်ထောက်ပံ့ငွေဖြင့် ကချင်စစ်ဘေးဒုက္ခသည်များ နေရပ်ပြန်ရေးအစီစဉ် စက်တင်ဘာလတွင်စတင်နိုင်ဖွယ်ရှိ

တရုတ်ထောက်ပံ့ငွေဖြင့် ကချင်စစ်ဘေးဒုက္ခသည်များ နေရပ်ပြန်ရေးအစီစဉ် စက်တင်ဘာလတွင်စတင်နိုင်ဖွယ်ရှိ

တရုတ်နယ်စပ် ကချင်စစ်ရှောင်များ နေရပ်ပြန်ရေးအတွက် တရုတ်အစိုးရထောက်ပံ့သည့် ယွမ် ၄ သန်းကိုလာမည့် စက်တင်ဘာလခန့်တွင် စတင်အကောင်ထည်ဖော်နိုင်မည်ဟု ပြည်နယ်အစိုးရထံမှ သိရသည်။ မိမိနေရပ်သို့ ပြန်လည်နေထိုင်ရန် ဆန္ဒပြုထားသည့် တာလောကြီးကျေးရွာမှ အိမ်ထောင်စု (၅၉) စု၊ ဒဘတ်ကျေးရွာ (၃၄) စု နှင့် နမ်ဆန်ယန်ကျေးရွာ (၉၈) စု စသည့် အိမ်ထောင်စုပေါင်း ၁၉၁ ခုအတွက် နေအိမ်၊ မီး ရရှိအောင် လုပ်ဆောင်နေသည်ဟု ပြည်နယ် ညွှန်ကြားရေးမှူး…

ငြိမ်းချမ်းရေးသတင်း
လုံးစွတ် စစ်ရှောင်စခန်းတွင် သောက်သုံးရေ အခက်အခဲဖြစ်နေ

လုံးစွတ် စစ်ရှောင်စခန်းတွင် သောက်သုံးရေ အခက်အခဲဖြစ်နေ

ပူတာအိုမြို့ လုံးစွတ်ရပ်ကွက် စစ်ရှောင်ပြည်သူများသည် မိုးရာသီ သောက်သုံးရေ အခက်အခဲကြုံတွေ့နေရသောကြောင့် ကူညီထောက်ပံ့ပေးစေလိုသည်ဟု စခန်းတာဝန်ခံများမှ သိရသည်။