Covid-19 Reportingသတင်း

လူနာအမှတ်စဉ် ၇၈၈ ဖြင့် လေယာဉ်အတူစီးခဲ့သူ ကချင်ပြည်နယ်တွင် ၂၆ ဦးအထိရှိလာ

လူနာအမှတ်စဉ် (၇၈၈)ဖြင့် လေယာဉ်အတူ လိုက်ပါစီးနင်းခဲ့သော ကချင်ပြည်နယ်မှ လူ ၂၆ ဦးရှိသည့်အနက် ၉ ဦးအား စုံစမ်းနေဆဲဖြစ်ကြောင်း ပြည်နယ်အစိုးရဆိုသည်။

လက်ရှိ လူနာအမှတ် (၇၈၈)နှင့်ထိစပ်မူရှိခဲ့သည့်လူဦးရေ ကချင်ပြည်နယ်တွင်း ၂၆ ဦးရှိသည့်အနက် ၁၇ ကို စုံစမ်းထားပြီး သက်ဆိုင်ရာနေရာများ၌ Facility Quarantine ထားရှိနိုင်ပြီဖြစ်သော်လည်း ၉ ဦးမှာ လိပ်စာအတိအကျမရှိဘဲ ဖုန်းနံပါတ်သာရှိနေသည့်အတွက် စုံစမ်းနေဆဲဖြစ်ကြောင်း ပြည်နယ်ကိုဗစ်၁၉ အရေးပေါ်ကော်မတီမှ ဦးတင့်လှိုင်က ပြောသည်။

“ကချင်ပြည်နယ်ထဲကို ဝင်လာတာအားလုံးဆိုရင် ၂၆ ဦးရှိတာပေါ့နော် အဲထဲက ၁၇ ဦးကတော့ F Q ဝင်နေပြီ ကျန်တဲ့ ၉ယောက်ကျတော့ လိပ်စာအတိအကျမရှိဘူး ဖုန်းနံပါတ်ပဲ ပါနေတယ်။ ဒါပေမယ့် အဲ ၉ယောက်က မြစ်ကြီးနားခရိုင်ကလို့ သိရတဲ့တွက် သက်ဆိုင်ရာမြစ်ကြီးနားခရိုင်ကို အဲ ၉ဦးရဲ့ဖုန်းနံပါတ်တွေတော့ ပေးထားပြီ။ ပြီးတော့ ခုQ ဝင်နေပြီဖြစ်တဲ့သူတွေနဲ့ ထိစပ်ခဲ့တဲ့သူတွေကိုလည်း စုံစမ်းနေပါတယ်။” ဟု ဆိုသည်။

F Q ဝင်ရောက်နေသူများမှာ မြစ်ကြီးနာမှ ၄ဦး၊ ဖားကန့်မှ ၄ဦး၊ ပူတာအို ၈ဦး၊ လွယ်ဂျယ်မှ တစ်ဦးဖြစ်ပြီး ပူတာအိုမှ ၈ဦးနှင့် ပြန်လည်ထိစပ်သူ ၅ဦး၊ ဖားကန့် ၄ဦးနဲ့ ၎င်းတို့မှ ပြန်လည်ထိစပ်သူ ၅ဦး၊ လွယ်ဂျယ် ၁ဦးမှ ထိစပ်သူ ၈ဦးတို့ဖြစ်ကာ မြစ်ကြီးနာမှ ၄ဦးနဲ့ထိစပ်သူများကိုမူ ဆက်လက်စုံစမ်းနေဆဲဖြစ်ကြောင်း ၎င်းကဆက်ပြောသည်။

မြစ်ကြီးနားမှ ၄ဦးသည် မြို့သစ်ကြီးရပ်ကွက် ၂ဦး၊ စီတာပူရပ်ကွက် ၁ဦး၊ ထွယ်ဆန်ရပ်ကွက်မှ ၁ဦး ဖြစ်ပြီး ပူတာအိုမှ ၈ဦးသည် ပူတာအိုမြို့မှ နမ့်ပါရွာမှ ၃ဦး၊ ခေါင်လန်ဖူးမှ ၂ဦး၊ ပူတာအိုမြို့မှ ၃ဦး၊ဖားကန့်မြို့ နမ့်မွန်ကျေးရွာမှ ၄ဦး၊လွယ်ဂျယ် ရပ်ကွက်(၄)မှ ၁ဦးတို့ဖြစ်ကြောင်း သက်ဆိုင်ရာမှ သိရသည်။

လူနာအမှတ်စဉ် ၇၈၈ သည် မန္တလေးတိုင်း မြင်းခြံမြို့နယ်မှ အသက် ၄၇ နှစ်အရွယ် အမျိုးသားဖြစ်ပြီး သြဂုတ်လ ၂၀ ရက်နေ့တွင် မြန်မာ့လေကြောင်းလိုင်းဖြင့် လိုက်ပါစီးနင်းလာသူဖြစ်သည်။

Show More

Related Articles

Back to top button