သတင်း

မြန်မာစစ်တပ် တပ်မ (၈၈) နှင့် KIA ကြား မူဆယ်မြို့နယ်တွင် တိုက်ပွဲ ဖြစ်ပွား

မြန်မာစစ်တပ် တပ်မ (၈၈) နှင့် ကချင်လွတ်လပ်ရေးတပ်မတော် KIA တပ်မဟာ (၆) တပ်ဖွဲ့ကြား ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်မြို့နယ်မှာ စက်တင်ဘာ (၄)ရက်၊ စနေနေ့ ညနေပိုင်းထိ နှစ်ရက် တိုက်ပွဲ ဖြစ်ပွားခဲ့ကြောင်း ဒေသခံများမှ သိရသည်။

မူဆယ်မြို့အရှေ့တောင်ဘက်ရှိ KIA တပ်မဟာ (၆) လက်အောက်ခံ တပ်ရင်း (၉) Bum Pri Bum စခန်းကို တပ်မ (၈၈) တပ်ဖွဲ့များ ထိုးစစ်ဆင် ဝင်ရောက်လှုပ်ရှားလာသောကြောင့် သောကြာနေ့ အချိန် ၁၁ နာရီကျော်ခန့်မှ စတင်တိုက်ပွဲ ဖြစ်ပွားလာခြင်းဖြစ်သည်ဟု KIA အရာရှိ တစ်ဦး ကချင်သတင်းဌာန KNG ကို အတည်ပြုပြောပါသည်။

‘နယ်မြေရှင်းလင်းရေး’ လုပ်ဆောင်စဉ် KIA နှင့် တိုက်ပွဲဖြစ်ပွားခြင်းဖြစ်သည်ဟု တပ်မ (၈၈)ကပြောကြောင်း ၎င်းနှင့်နီးစပ်သောသတင်းရပ်ကွက်က ဆိုပါသည်။

တပ်ပွဲ အတော်ပြင်းထန်ပြီး မူဆယ်ဘက်က တပ်မတော် စစ်ကူများတက်လာခြင်း နှင့် လက်နက်ကြီးများဖြင့် ပစ်ခတ်မှုကြောင့် အဆိုပါ တောင်ကုန်းပေါ် စခန်းများမှ KIA တပ်ဖွဲ့များ နောက်ဆုတ်ပေးခဲ့ရကြောင်း အထက် KIA အရာရှိက ဆက်ဆိုသည်။

ပြီးခဲ့သည့် သြဂုတ် လဆန်းပိုင်းမှ မြန်မာ-ရုတ်နယ်စပ် တစ်လျှောက် မြန်မာစစ်တပ် တပ်မ (၈၈) တပ်ဖွဲ့များကို နမ့်ခမ်း နှင့် မူဆယ်ကြား၊ တပ်မ (၉၉) တပ်ဖွဲ့များကို မူဆယ်နှင့် Hpawng Seng ကြား နှင့် ယခုနောက်ဆုံး ကရင်ပြည်နယ်က ရောက်လာသော တပ်မ (၂၂) တပ်ဖွဲ့များကို ကိုးကန့်နှင့် ‘ဝ’ နယ်စပ်ဘက်တွင် တပ်ချထားကြောင်း ဒေသခံများမှ သိရသည်။

အဆိုပါ နယ်စပ် တစ်လျှောက် တရုတ်ဘက်ကလည်း စစ်ရေးလှုပ်ရှားမှုတွင် တိုး၍ပြုလုပ်နေကြောင်း နယ်စပ်ဒေသခံများကို မေးမြန်းသိရသည်။

………………..

ျမန္မာစစ္တပ္ တပ္မ (၈၈) ႏွင့္ KIA ၾကား မူဆယ္ျမိဳ႔နယ္တြင္ တိုက္ပြဲ ျဖစ္ပြား

September 5, 20/ KNG

ျမန္မာစစ္တပ္ တပ္မ (၈၈) ႏွင့္ ကခ်င္လြတ္လပ္ေရးတပ္မေတာ္ KIA တပ္မဟာ (၆) တပ္ဖြဲ႔ၾကား ရွမ္းျပည္နယ္ေျမာက္ပိုင္း မူဆယ္ျမိဳ႕နယ္မွာ စက္တင္ဘာ (၄)ရက္၊ စေနေန႔ ညေနပိုင္းထိ ႏွစ္ရက္ တိုက္ပြဲ ျဖစ္ပြားခဲ့ေၾကာင္း ေဒသခံမ်ားမွ သိရသည္။

မူဆယ္ျမိဳ႕အေရွ႔ေတာင္ဘက္ရိွ KIA တပ္မဟာ (၆) လက္ေအာက္ခံ တပ္ရင္း (၉) Bum Pri Bum စခန္းကို တပ္မ (၈၈) တပ္ဖြဲ႔မ်ား ထိုးစစ္ဆင္ ၀င္ေရာက္လႈပ္ရွားလာေသာေၾကာင့္ ေသာၾကာေန႔ အခ်ိန္ ၁၁ နာရီေက်ာ္ခန္႔မွ စတင္တိုက္ပြဲ ျဖစ္ပြားလာျခင္းျဖစ္သည္ဟု KIA အရာရိွ တစ္ဦး ကခ်င္သတင္းဌာန KNG ကို အတည္ျပဳေျပာပါသည္။

‘နယ္ေျမရွင္းလင္းေရး’ လုပ္ေဆာင္စဥ္ KIA ႏွင့္ တိုက္ပြဲျဖစ္ပြားျခင္းျဖစ္သည္ဟု တပ္မ (၈၈)ကေျပာေၾကာင္း ၎ႏွင့္နီးစပ္ေသာသတင္းရပ္ကြက္က ဆိုပါသည္။

တပ္ပြဲ အေတာ္ျပင္းထန္ၿပီး မူဆယ္ဘက္က တပ္မေတာ္ စစ္ကူမ်ားတက္လာျခင္း ႏွင့္ လက္နက္ၾကီးမ်ားျဖင့္ ပစ္ခတ္မႈေၾကာင့္ အဆိုပါ ေတာင္ကုန္းေပၚ စခန္းမ်ားမွ KIA တပ္ဖြဲ႔မ်ား ေနာက္ဆုတ္ေပးခဲ့ရေၾကာင္း အထက္ KIA အရာရိွက ဆက္ဆိုသည္။

ၿပီးခဲ့သည့္ ၾသဂုတ္ လဆန္းပိုင္းမွ ျမန္မာ-႐ုတ္နယ္စပ္ တစ္ေလွ်ာက္ ျမန္မာစစ္တပ္ တပ္မ (၈၈) တပ္ဖြဲ႔မ်ားကို နမ့္ခမ္း ႏွင့္ မူဆယ္ၾကား၊ တပ္မ (၉၉) တပ္ဖြဲ႔မ်ားကို မူဆယ္ႏွင့္ Hpawng Seng ၾကား ႏွင့္ ယခုေနာက္ဆုံး ကရင္ျပည္နယ္က ေရာက္လာေသာ တပ္မ (၂၂) တပ္ဖြဲ႔မ်ားကို ကိုးကန္႔ႏွင့္ ‘၀’ နယ္စပ္ဘက္တြင္ တပ္ခ်ထားေၾကာင္း ေဒသခံမ်ားမွ သိရသည္။

အဆိုပါ နယ္စပ္ တစ္ေလွ်ာက္ တ႐ုတ္ဘက္ကလည္း စစ္ေရးလႈပ္ရွားမႈတြင္ တိုး၍ျပဳလုပ္ေနေၾကာင္း နယ္စပ္ေဒသခံမ်ားကို ေမးျမန္းသိရသည္။

 

 

Show More

Related Articles

Back to top button