Covid-19 Reportingသတင်း

ဖားကန့်တွင် Covid-19 အတည်ပြုလူနာ ၄ ဦး ထပ်တိုး

ကချင်ပြည်နယ် ဖားကန့်မြို့တွင် Covid-19 အတည်ပြု လူနာ ၄ ဦး ထပ်မံတွေ့ရှိကြောင်း ပြည်နယ် Covid-19 ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီမှ သိရသည်။

အဆိုပါ ပိုးတွေ့လူနာ ၄ ဦးသည် ဖားကန့်မြို့နယ် အေးမြသာယာအုပ်စု၊ တောင်ပြိုကျေးရွာမှ ပိုးတွေ့လူနာအမှတ်စဉ် (၁၇၁၂)ဖြင့် ထိတွေ့သူများဖြစ်ကြသည်။

“ဆရာတို့ ကနဦးသတင်းရရှိထားတာတော့ အမှန်ပါ ခုပိုးတွေ့တဲ့သူက လူနာအမှတ်(၁၇၁၂)နဲ့ ထိတွေ့ခဲ့တဲ့သူတွေလို့ သိရတယ်။ လူနာအမှတ် ၁၇၁၂ နဲ့ ပတ်သက်ပြီး Contact Tracing လုပ်ထားတဲ့သူတွေဖြစ်တယ်ဆိုတာဘဲ သိရသေးတယ်။ သူတို့ရဲ့ Case အမှတ်စဉ်တော့ မထွက်လာသေးပါဘူး။” ဟု ဒုညွှန်ကြားရေးမှူး ဦးတင့်နိုင်ကပြောသည်။

လူနာအမှတ် ၁၇၁၂ နေထိုင်ခဲ့သည့် တောင်ပြိုရွာကို စက်တင်ဘာလ ၁၁ရက်နေ့မှစကာ Lock Down သတ်မှတ်ထားပြီး ၎င်းနှင့်ဆက်စပ်သူ ၂၀ ဦးကို သတ်မှတ်ထားသည့် Quarantine Center များတွင် Facility Q ထားပြီးနောက် (SWAB) များယူကာ စစ်ဆေးခဲ့ကြောင်း သိရသည်။

လူနာအမှတ် ၁၇၁၂ သည် စစ်တွေမြို့မှ ဖားကန့်မြို့ တောင်ပြိုကျေးရွာသို့ သြဂုတ်လ ၁၃ရက်နေ့ ရောက်ရှိခဲ့ခြင်းဖြစ်ကာ ဖားကန့်မြို့ရှိ သီတာဂူစက္ခုဒါနဆေးရုံတွင် Q ထားရှိသူဖြစ်သည်။

အသေးစိတ်အခြေအနေကို ထပ်မံ တင်ပြပါမည်။

 

Show More

Related Articles

Back to top button