Fact Checkသတင်း

KSPP ပါတီက Kareng Bawm Awn ကို တရားစွဲဆိုထားသည်ဆိုသည့် သတင်းအမှား

၂၀၂၀ ရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်မည့် Kachin State People’s Party – KSPP ပါတီမှ ဒေါ်ဒွဲဘူ က စာရေးဆရာတစ်ဦးဖြစ်သော Kareng Bawm Awn ကို အသေရေဖျက်မှု ပုဒ်မဖြင့် တရားစွဲဆိုထားသည်ဟု ‘Mirror Kachin’ အမည်ရှိ Facebook Account တစ်ခုတွင်ရေးသားဖြန့်ဝေနေမှုမှာ သတင်းအမှားသာဖြစ်သည်ဟု သက်ဆိုင်သူများက ပြောသည်။

အဆိုပါ ကိစ္စနှင့်ပတ်သက်ပြီး ဦး Kareng Bawm Awn ကို ဆက်သွယ်မေးမြန်းခဲ့ရာ ကချင်ပြည်နယ်ပြည်သူ့ပါတီ KSPP ပါတီသော်လည်းကောင်း လွှတ်တော်ကိုယ်စားလှယ်လောင်း ဒေါ်ဒွဲဘူကိုလည်း အငြင်းပွားဖွယ်ရာ ပြဿနာတစ်စုံတစ်ရာကြောင့် တရားစွဲဆိုထားခြင်း မရှိကြောင်းပြောဆိုသည်။

သို့သော် ဒေါ်ဒွဲဘူ၏ သားဖြစ်သူ ဆိုင်ခွမ်အောင်းအပါအဝင် ၃ ဦးကို လူမှုကွန်ရက် စာမျက်နှာပေါ်တွင် အသရေဖျက်မှုကြောင့် ဆက်သွယ်ရေးပုဒ်မ ၆၆(ဃ) နှင့် တရားစွဲဆိုထားကြောင်း ဦး Kareng Bawm Awn က ကချင်သတင်းဌာန KNG ကို အတည်ပြု ပြောဆိုခဲ့သည်။

“KSPP ပါတီအနေနဲ့ကော ပြီးရင် ရှေ့နေ ဒေါ်ဒွဲဘူကိုကော သီးခြားတရားစွဲဆိုထားတာ မရှိပါဘူး။ ဒါပေမယ့် သူ၏ သားဖြစ်သူ ဆိုင်းခွမ်အောင်ကိုတော့ လူမှုကွန်ယက်မှာ အသရေဖျက်မှုကြောင့် ပုဒ်မ ၆၆ (ဃ)နဲ့မြို့နယ်တရားရုံးမှာ မေလ ၂၈ရက်နေ့ တရားစွဲဆိုထားတာကရှိတယ်။ အဲ့ဒီအမှုကလည်း ဒီလ ၂၈ရက်နေ့မှာ စစ်ဆေးမယ်လို့တော့သိရတယ်။ ဒါပေမယ့် ပြည်ထဲရေးဝန်ကြီးကနေ တရားစွဲခွင့်အမိန့်မကျသေးဘူး” ဟု ပြောဆိုသည်။

ဦး Kareng Bawm Awn သည် ကချင်သမိုင်းစာရေးဆရာတစ်ဦးဖြစ်ပြီး ဒေါ်ဒွဲဘူသည် ကချင်ပေါင်းစည်းပါတီဖြစ်သော ကချင်ပြည်နယ်ပြည်သူ့ပါတီ KSPP ၏ ဒု ဥက္ကဌ (၁) တာဝန်ကိုယူထားသူတစ်ဦးလည်း ဖြစ်သည်။

ရွေးကောက်ပွဲ နီးလာချိန် ပါတီနဲ့ ကိုယ်စားလှယ်လောင်းများ၏အကြောင်းအရာများကို တိကျမှုမရှိဘဲ လူမှုကွန်ယက်ရက်စာမျက်နှာတွင် ရေးသားမှုများရှိနေကြောင်း KSPP ပါတီဘက်မှ ပြောဆိုသည်။

KSPP ပါတီက ဦး Kareng Bawm Awn ကို တရားစွဲဆိုထားကြောင်း ကချင်လိုရေးသားထားသည့်အကြောင်းအရာကို ‘Mirror Kachin’ Facebook Account တွင် အောက်တိုဘာ ၁၆ ရက်နေ့ နံနက် ၈ နာရီက တင်ထားသည်။

Show More

Related Articles

Back to top button