ရွေးကောက်ပွဲဆိုင်ရာသတင်း

မြစ်ကြီးနားတွင် ဝန်ကြီးချုပ် ဒေါက်တာခက်အောင် ထပ်မံ အနိုင်ရ

ကချင်ပြည်နယ် မြစ်ကြီးနားမြို့နယ် ပြည်နယ်လွှတ်တော်အမှတ်(၁) ကိုယ်စားလှယ်လောင်းနေရာတွင် ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည့် ဝန်ကြီးချုပ် ဒေါက်တာခက်အောင်သည် ထပ်မံအနိုင်ရရှိပြီဖြစ်ကြောင်း ကနဦးသတင်းအရ သိရသည်။

မဲရလဒ်နှင့်ပတ်သက်ပြီး ရွေးကောက်ပွဲကော်မရှင်က တရားဝင်ထုတ်ပြန်ထားခြင်းမရှိသေးသော်လည်း မြစ်ကြီနားမြို့နယ် ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်၊ ပြည်နယ်လွှတ်တော် ၁နဲ့ ၂ စသည့် မဲဆန္ဒနယ်များတွင် အနိုင်ရရှိထားပြီဖြစ်ကြောင်း ဆိုသည်။

ဝန်ကြီးချုပ် ဒေါက်တာခက်အောင် ယှဉ်ပြိုင်ခဲ့သည့်ပါတီများသည် ကချင်ပြည်နယ်ပြည်သူ့ပါတီ ၊ ကချင်အမျိုးသားကွန်ကရက်ပါတီ၊ ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီ၊ တိုင်းရင်းသားစည်းလုံးညီညွှတ်ရေးပါတီ၊ တိုင်းလိုင်(ရှမ်းနီ)အမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီ၊ လီဆူအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီ၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးတိုးတက်ရေးပါတီ၊ ပြည်သူ့အကျိုးပြု ကျောင်းများပါတီတို့အား မဲရလဒ်အပြတ်သတ်ဖြင့် အနိုင်ရရှိထားကြောင်း သိရသည်။

Show More

Related Articles

Back to top button