သတင်း

ဖားကန့် NLD ကိုယ်စားလှယ်ကို တပ်မတော်က ပုဒ်မ – ၅၀၀ ဖြင့်တရားစွဲဆိုမှု ၆ လတွင်း စစ်ဆေးမည်

မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် ဒုတိယဗိုလ်မှူးကြီး သန်းထွန်းမှ တရားလိုပြုလုပ်ကာ တပ်မတော်ဂုဏ်သိက္ခာ ညိုးနွမ်းမူပုဒ်မ (၅၀၀)နှင့် တရားစွဲဆိုထားသည့် အမျိုးသားလွှတ်တော် ဦးခင်မောင်မြင့်(ခ)ဦးချို၏ အမူအား ၆လအတွင်း အပြီးသတ်စစ်ဆေးမည်ဖြစ်ကြောင်း တရားစွဲဆိုခံထားရသူ၏ ရှေ့နေဦးသန်းထွန်းထံမှ သိရသည်။

အဆိုပါ အမူအား ဇန်နဝါရီလ ၈ ရက်နေ့တွင် ပထမအကြိမ်စစ်ဆေးပြီးနောက် ဇန်နဝါရီလ ၁၈ ရက်နေ့တွင် ဒုတိယအကြိမ် ရုံးထုတ်စစ်ဆေးရာတွင် ယင်းအမူအား ဖားကန့်မြို့နယ်တရားရုံးမှ ရိုးရှင်းသည့်အမူအဖြစ်သတ်မှတ်ကာ (၆)အတွင်း အပြီးသတ်စစ်ဆေးမည်ဖြစ်ကြောင်း ရှေ့နေဦးသိန်းထွန်းက ပြောသည်။

“ဦးခင်မောင်မြင့်ရဲ့ သဘောတရားအရတော့ ခုဖြစ်ပျက်တဲ့ သမ္မတထံတင်ပြတဲ့စာကတော့ သူ့မဲဆန္ဒနယ်မြေမှာဖြစ်တဲ့ ကိစ္စပါ ဒီစက်ယန္တရားတွေနဲ့ပတ်သက်ပြီးတော့ မဲဆန္ဒနယ်မြေမှာရှိနေတဲ့သက်ဆိုင်တဲ့သူနဲ့ ပတ်သက်တဲ့အတွက် ပြည်သူတွေကို သူ့ကိုတင်ပြတဲ့အတွက် သူကလည်း ကိုယ်စားလှယ်တစ်ယေက်အနေနဲ့ သမ္မတထံတင်ပြတယ်လို့ဘဲ သူ့အနေနဲ့ရိုးရိုးသားသားတင်ပြခြင်းလို့ဘဲ မှတ်ချက်ပြုပါတယ်။ တရားရုံးက ဒီအမူကို ရိုးရှင်းတဲအမူလို့ တရားရုံးကသတ်မှတ်တယ်။ အဲရိုးရှင်းတဲ့အမူဖြစ်တဲ့အတွက် ဒီအမူကို (၆)လအတွင်း အပြီးသတ်စစ်ဆေးမယ်လို့ ဒီကနေ့သတ်မှတ်လိုက်တယ်။”ဟု တရားစွဲဆိုခံထားရသည့် အမျိုးသားလွှတ်တော်ကိုယ်စားလှယ်ဦးခင်မောင်မြင့်၏ ရှေ့နေ ဦးသန်းထွန်းက ပြောသည်။

၂၀၁၇ ခုနှစ် နိုဝင်ဘာလအတွင်း ဖမ်းဆီးရမိခဲ့သော ဘက်ဟိုးယာဉ်၊ မော်တော်ယဉ်ကိစ္စနှင့် ပတ်သက်ပြီး ၂၀၁၉ခုနှစ် ဒီဇင်ဘာလ ၂၃ ရက်နေ့တွင် နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်ထံသို့ ကချင်ပြည်နယ်၊ မဲဆန္ဒနယ်အမှတ်(၉) အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးခင်မောင်မြင့်တင်ပြခဲ့သည်ဟု သိရသည်။

အဆိုပါ တင်ပြစာတွင် တပ်မတော်အကြီးအကဲများ၏ ဂုဏ်သိက္ခာညိုးနွမ်းထိခိုက်စေရန် မဟုတ်မမှန် တင်ပြခဲ့သည့်အတွက် ဥပဒေအရ အရေးယူပေးရန် မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်ဒုတိယဗိုလ်မှူးကြီး သန်းထိုက်မှ တရားလိုပြုကာ ဖားကန့်မြို့နယ် တရားရုံးကိုဦးတိုက်လျှောက်တိုင်ကြားထားခြင်းဖြစ်ကြောင်း ရှေ့နေဦးသိန်းထွန်းကဆိုသည်။

“တရားစွဲဆိုထားတဲ့ တပ်မတော်ဂုဏ်သိက္ခာ ကျဆင်းမူရှိမရှိကတော့ စစ်ဆေးတဲ့ကာလ မရောက်သေးတော့ ပြောလို့မရသေးပါဘူး။”ဟု ရှေ့နေ ဦးသန်းထွန်းကပြောသည်။

ယင်းအမူအား တရားလိုဘက်မှ ဖားကန့်မြို့နယ်တရားရုံးမှ ရာဇဝတ်ကြီး အမှတ် ၅၈၁/၂၀၂၀၊ ပုဒ်မ ၅၀ဝဖြင့် လက်ခံခဲ့ပြီး ပထမအကြိမ်ရုံးချိန်းအား ဇန်နဝါရီလ ၈ရက်နေ့တွင် ရုံးချိန်းစစ်ဆေးခဲ့ပြီး ဒုတိယအကြိမ်အား ဇန်နဝါရီလ ၁၈ ရက်နေ့တွင် စစ်ဆေးခဲ့ပြီး တတိယအကြိမ်ကိုမူ လာမည့် ဇန်နဝါရီလ ၂၉ ရက်နေ့တွင် ထပ်မံချိန်းဆိုထားကြောင်း သိရသည်။

တရားစွဲဆိုခံထားရသည့် ဖားကန့်မြို့နယ်မှ ဦးခင်မောင်မြင့်(ခ) ဦးချိုသည် ၂၀၁၅ ပါတီစုံအထွေထွေရွေးကောက်ပွဲတွင် အနိုင်ရရှိခဲ့သဖြစ်ကာ လက်ရှိချိန်တွင် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် တာဝန်ထမ်းဆောင်နေသူတစ်ဦးဖြစ်သည့်အပြင် ၂၀၂၀ပါတီစုံအထွေထွေရွေးကောက်ပွဲတွင်လည်း ထပ်မံအနိုင်ရရှိထားသူဖြစ်သည်။

Show More

Related Articles

Back to top button