သတင်း

KIO အထွေထွေအတွင်းရေးမှူးချုပ်ဟောင်း ဒေါက်တာ လဂျာ ကွယ်လွန်

ကချင်လွတ်လပ်ရေးအဖွဲ့ KIO ၏ အတွင်းရေးမှူးဟောင်း ဒေါက်တာ လဂျာသည် ဖေဖော်ဝါရီလ ၂၀ ရက်နေ့ နံနက်ပိုင်းက ထိုင်းနိုင်ငံ ဘန်ကောက်မြို့တွင်ကွယ်လွန်သွားကြောင်း သိရသည်။

ဒေါက်တာလဂျာသည် KIO အတွင်းရေးမှူးဟောင်းဖြစ်ပြီး ထိုင်းနိုင်ငံတွင်နေထိုင်ကာ ညီညွတ်သောတိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ UNFC တွင် ကချင်လွတ်လပ်ရေးအဖွဲ့ KIO ကိုယ်စားလှယ်အဖြစ် ပါဝင်ခဲ့သည်။

သူသည် ၂၀၁၁ ခုနှစ် ကချင်ဒေသတစ်ကျော့ပြန် တိုက်ပွဲများပြန်လည်ဖြစ်ပွားလာပြီးနောက် မြန်မာစစ်တပ်နှင့် ငြိမ်းချမ်းရေးဆိုင်ရာဆွေးနွေးမှုများတွင် ပါဝင်လာခဲ့သူဖြစ်သည်။

 

Related Articles

Back to top button