ဖားကန့် သပိတ်စစ်ကြောင်းဖြိုခွဲရန်သွားသည့် ရဲနှင့်စစ်သားများ မိုင်းခွဲ တိုက်ခိုက်ခံရပြီး သေဆုံးမှုရှိ
,
ကချင်ပြည်နယ်ရှိ အာဏာသိမ်းစစ်တပ်၏ ယာဉ်တန်းနှင့် တပ်စခန်းများကို ကချင်လွတ်လပ်ရေးတပ်မတော် KIA က မတ်လ ၃၁ ရက်နေ့ နေရာ ၂ ခုတွင် တိုက်ခိုက်ခဲ့ကြောင်း သိရသည်။ KIA တပ်မဟာ ၈ တပ်ရင်း ၃၅ နယ်မြေဖြစ်သော မိုးညှင်းမြို့နယ် မော်ဟန်ကျေးရွာ အနောက်ဘက် နမ့်ကြိုင်းမှော်ဘက်သို့ တက်လာသော အာဏာသိမ်းစစ်တပ်၏ ယာဉ်တန်း ၆ စီးကို မွန်းလွဲပိုင်း ၃ နာရီခန့်တွင် KIA က…
ဗန်းမော်ခရိုင် ရွှေကူမြို့နယ် အာဏာသိမ်းစစ်တပ်အောက် ကျောက်ကြီး ရဲစခန်းကို ကချင်လွတ်လပ်ရေးတပ်မတော် KIA က ယနေ့ နံနက် ၃ နာရီအချိန်တွင် တိုက်ခိုက်ကာ ဖျက်စီးပေးလိုက်သည်ဟု သိရသည်။ “တိုက်ပွဲ ဖြစ်တာတော့သေချာတယ်။ အိပ်လို့တောင်မရဘူး။ အစတုန်းကတော့ မိုးခြိမ်းသံလို့ဘဲထင်နေတယ်။ ၄နာရီခွဲလောက်မှာပြန်တိတ်သွားတယ်။ အခုချိန်ထိတော့ ဘာသံမှမကြားရသေးဘူး”ဟု ရွှေကူဒေသခံတစ်ဦးထံမှသိရသည်။ စစ်အာဏာရှင်ဆန့်ကျင်သော ပြည်သူလူထုကို ရဲတပ်ဖွဲ့ဘက်က ပစ်ခတ်မှုများ ပြုလုပ်ခဲ့ပြီးနောက် KIA တပ်မဟာ ၈ အောက် တပ်ရင်း ၅…
ဝိုင်းမော်မြို့ စစ်အာဏာရှင်ဆန့်ကျင်ရေးတွင် ဖမ်းဆီးခံထားရသည့် ဆရာမအပါအဝင် ၂ဦး၏ ဒုတိယမြောက်နေ့ရုံးချိန်းတွင် တရားလိုသက်သေများရောက်လာခြင်းမရှိသည့်အတွက် လာမည့် ဧပြီလ ၂ ရက်သို့ ထပ်မံချိန်းဆိုလိုက်ကြောင်း ဖမ်းဆီးခံထားရသည့် ဘက်မှ လိုက်ပါဆောင်ရွက်ပေးနေသည့် တရားလွှတ်တော်ရှေ့နေဦးဂဲနက်စ်ထံမှ သိရသည်။ “ဒီနေ့ထောင်ကြီးမှာဘဲ ရုံးထုတ်တယ်။ ဒါပေမယ့် တရားစွဲထားတဲ့ တရားလိုဘက်က သက်သေတွေမလာရောက်နိုင်တဲ့အတွက် ဒီနေ့အမူမစစ်လိုက်နိုင်ဘူး လာမယ့် ၂ရက်နေ့ကို ပြန်ချိန်းလိုက်တယ်။”ဆိုပြီး တရားလွှတ်တော်ရှေ့နေ ဦးဂဲနက်စ်ကပြောသည်။ ဖမ်းဆီးခံထားရသည့် ဆရာမအပါအဝင် ၂နှစ်ဦးအား ဖေဖော်ဝါရီလ ၁၂ ရက်နေ့…
ဆွမ်ပရာဘွမ်မြို့နယ်ရှိ CDM လုပ်နေသော အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများအား ယင်းတို့ဌာန စစ်ဆေးရေးအဖွဲ့မှ စွဲချက်တင်ခဲ့ပြီးနောက် ယခင် CDM ပြုလုပ်နေသည့် ဝန်ထမ်း အချို့ပင် လက်ရှိတါင် Non-CDM အဖြစ် စာရင်းပြန်ပေးခဲ့ကြောင်း သိရပါသည်။ တာဝန်ထမ်းဆောင်နေသည့် ဝန်ထမ်း စုစုပေါင်း (၃၁) ဦး ရှိသည့်အနက် ယခင်က CDM ပါဝင်သူ ၁၃ ဦး ရှိခဲ့ပေမဲ့ ယခုမှာ ၇ ဦးသာ CDM ပါဝင်လျက်ရှိသည်။…
မြစ်ကြီးနားမြို့ မတ်လ ၃၀ ရက်နေ့ သပိတ်စစ်ကြောင်းကို ရဲနှင့်စစ်သားများက အရပ်ဝတ်ဖြင့် အကြမ်းဖက်ပစ်ခတ်ခဲ့သဖြင့် ဆန္ဒပြ ပြည်သူ ၁ ဦး ကျဆုံးခဲ့ပြီး ၁ ဦး ပြင်းထန်စွာ ဒဏ်ရာ ရရှိခဲ့သည်။ ယနေ့ နံနက် ၁၁ နာရီခန့် ရမ်ပူရပ်ကွက်တွင် စစ်အာဏာရှင်ဆန့်ကျင်သည့် ပြည်သူများက ခံတပ်ဆောက်ကာ ဆန္ဒဖော်ထုတ်ခဲ့ရာ စစ်သားနှင့် ရဲများက ကျည်အစစ်များဖြင့် ဆက်တိုက်ပစ်ခတ်ခဲ့သောကြောင့် ပြည်သူတစ်ဦး ကျဆုံးခဲ့ခြင်းဖြစ်သည်။ “သူတို့ စတင်ဖြိုခွဲချိန်မှာ…
ဖားကန့်မြို့နယ် ဒွမ်ဘန်ကျေးရွာနှင့် ခွန်စိုင်ယာန်ကျေးရွာကြား အာဏာသိမ်းစစ်တပ်နှင့် ကချင်လွတ်လပ်ရေးတပ်မတော် KIA တပ်ရင်း (၂၀) တို့ကြား ယနေ့ နံနက် ၁၀ နာရီခန့်က တိုက်ပွဲ ဖြစ်ပွားခဲ့ကြောင်း သိရသည်။
ကချင်လွတ်လပ်ရေးတပ်မတော် KIA တပ်မဟာ ၂ အောက် တပ်ရင်း ၁၄ နှင့် တပ်ရင်း ၁၁ နယ်မြေသို့ ယနေ့ ညနေပိုင်းတွင် အာဏာသိမ်းစစ်တပ်က ဂျက်လေယာဉ် ၂ စီး စီဖြင့် သွားရောက် ပစ်ခတ်ခဲ့ကြောင်း သိရသည်။
မြစ်ကြီးနားမြို့ အေးစေတီရပ်ကွက်တွင် ဆန္ဒပြနေသည့်ပြည်သူများကို ရဲနှင့်စစ်သားများက အကြမ်းဖက်ဖြိုခွဲခဲ့ရာတွင် သတင်းယူနေသည့် သတင်းသမား ၂ဦးအကြမ်းဖက် ရိုက်နက် ဖမ်းဆီးခံရကြောင်းသိရသည်။ “ဖမ်းဆီးခံရတဲ့ သတင်းသမား ၂ယောက်က သတင်းသမားဟုတ်တယ် မရိုက်နဲ့လို့ပြောနေတယ်။ ဒါပေမယ့် နင်တို့ သတင်းသမားတွေကို ပိုပြီးရိုက်ရမယ်လို့ဆိုပြီး အချက်ပေါင်းများစွာရိုက်တယ်လို့ “မျက်မြင်သက်သေတစ်ဦးထံမှသိရသည်။ ဖမ်းဆီးခံရသောသတင်းထောက် ၂ ဦးမှာ မြစ်ကြီးနားအခြေစိုက် The 74 Media သတင်းဌာနမှ မချန်ဘူ နှင့် Kachin Wave သတင်းဌာနမှ ကို…
ကချင်ပြည်နယ်၊ဖားကန့်မြို့ရှိ ကျေးရွာအချို့တွင်အာဏာသိမ်း စစ်တပ်မှ ရဟတ်ယာဉ်ဖြင့် ရမ်းသန်းပစ်ခတ်ခဲ့သည့်အတွက် ပြည်သူ နှစ်ရာကျော်ခန့် ဘေးလွတ်ရာသို့ ရွှေ့ပြောင်းခဲ့ရကြောင်း ဒေသခံများထံမှ သိရသည်။
မြစ်ကြီးနားမြို့တွင် မတ်လ ၂၈ ရက်နေ့မှစ၍ မိုင်းပေါက်ကွဲသံနှင့် ဆန္ဒပြပွဲမရှိသည့်နေရာတွင် သေနတ်ပစ်ခတ်သံများ ကြားနေရကြောင်း ဒေသခံများထံမှ သိရသည်။ တပ်ကုန်းရပ်ကွက် စံပြလမ်းပေါ်တွင်ရှိသည့် ခရိုင်ပညာရေးရုံးရှေ့တွင် နေ့လည် ၁၂ခွဲခန့်က မိုင်းပေါက်ကွဲမှုတွေဖြစ်ပွားခဲ့ကြောင်း တပ်ကုန်းရပ်ကွက်နေသူတစ်ဦးထံမှသိရသည်။ “ပေါက်ကွဲသံတစ်ခုတော့ကြားလိုက်တယ်။ အစကတော့မိုင်းပေါက်ကွဲတယ်လို့မထင်ခဲ့ဘူး။ ကားကြီးဘီးတွေပေါက်သလို အသံထွက်တော့။ နောက်တော့ အိမ်နီးချင်းက လူတွေပြောတော့ မိုင်းပေါက်တယ်လို့ပြောကြတယ်။ သိပ်မကြာဘူး ခဏနေဆိုရင် ရဲတွေစစ်သားတွေ လာကြည့်သွားကြတယ်။ နောက်တော့ ပြန်သွားကြတယ်” ဟု ထိုဖြစ်ရပ်အနီးရှိ လူငယ်တစ်ဦးက ပြောသည်။ ထိုနည်းတူ…