သတင်း

ကချင်ခရစ်ယာန် ဓမ္မတက္ကသိုလ်ကျောင်းသို့ စစ်သားများက ဧည့်စာရင်းဝင်စစ်။

ကချင်ပြည်နယ် မြစ်ကြီးနားမြို့ နောင်နန်း ကချင်ခရစ်ယာန် ဓမ္မ တက္ကသိုလ်ကျောင်းသို့  မတ်လ ၁၃ ရက် ည ၁၀:၃၀ အချိန်ခန့်တွင် စစ်သားများ စစ်ကား(၁၀)စီးခန့်ဖြင့် ဧည့်စာရင်း စစ်ရန်ဟုဆိုကာ ကျောင်းဝင်းရှေ့ရောက်ရှိခဲ့သည်ဟု သိရသည်။

ထိုသို့ရောက်ရှိချိန် ကျောင်းတွင်းဝင်ရန် ဝင်းတံခါးကြီး ဖွင့်ပေးဖို့အတွက် ကျောင်းတွင်းတာဝန်ရှိသူများနှင့် အခြေအတင်း ပြောဆိုနေကြချိန် PCG မှ ဦးလမိုင်ဂွမ်ဂျာ နှင့် KBC ဥက္ကဋ္ဌ ဒေါက်တာခလမ်ဆမ်ဆွန် နှင့် ဆရာတူးမိုင် တို့ရောက်ရှိလာပြီး​ ၎င်းတို့ ညှိနှိုင်းပြောဆိုပြီးနောက် စစ်တပ်ဘက်မှ တာဝန်ရှိစစ်သား ၁၅ ဦးကိုသာ ကျောင်းဝင်းတွင်းသို့ ဝင်ခွင့်ပြု​ ဧည့်စာရင်းစစ်ဆေးခဲ့သည်ဟုဆိုသည်။

အဆိုပါ စစ်သားများသည် ကျောင်းတွင်းတာဝန်ရှိသူများနှင့် ကျောင်းသား၊ ကျောင်းသူများအား တစ်နေရာတွင်စုစည်းနေစေပြီး နာမည်များ မေးမြန်းခြင်း၊ မှတ်သားခြင်း၊ ကျောင်းတွင်းလိုက်လံ ရှာဖွေခြင်းများပြုလုပ်ခဲ့ပြီး မနက် ၂:၃၀ အချိန် ခန့်တွင် ပြန်လည်ထွက်ခွာသွားခဲ့ကြောင်း သိရသည်။

Show More

Related Articles

Back to top button