Month: April 2021
-
တိုက်ပွဲ
ဝါရာဇွပ်ကျေးရွာနေအိမ်တစ်ခုကို အာဏာသိမ်းစစ်တပ်က သွားရောက်ပစ်ခတ်
လီဒိုလမ်းမပေါ်ရှိ ဝါရာဇွပ်ကျေးရွာ နေအိမ်တစ်အိမ်ကို အာဏာသိမ်းစစ်တပ်က သွားရောက်ပစ်ခတ်မှု ဧပြီလ ၂၈ရက်နေ့တွင် ဖြစ်ပွားခဲ့သည်။ ပြီးခဲ့သော ဧပြီလ ၂၅ရက်နေ့ ဝါရာဇွပ်ကျေးရွာအုပ်စု စံပြကျေးရွာတွင်တည်ရှိသော အာဏာသိမ်းစစ်တပ်အောက် ပြည်သူ့စစ်တပ်စခန်း ဂိတ်စောင့်ပစ်သတ်ခံရမှုဖြစ်စဉ်တွင် ပါဝင်သူဟု ယူဆရသောသူကို လာရောက်ပစ်ခတ်ခဲ့ခြင်းဖြစ်သည်ဟု သိရသည်။…
Read More » -
စစ်ပြေးဒုက္ခသည်များ
ဗန်းမော်ခရိုင်စစ်ရှောင်များအတွက် အစားအသောက်နှင့် အသုံးအဆောင်လိုအပ်နေဆဲ
ဗန်းမော်ခရိုင် မိုးမောက်မြို့နယ်အတွင်း တိုက်ပွဲများကြောင့် ထွက်ပြေးတိမ်းရှောင်လာကြသော ကျေးရွာ ၇ ခုမှ စစ်ရှောင်ပြည်သူများအတွက် အစားအသောက်နှင့် အသုံးအဆောင်ပစ္စည်းများ လိုအပ်နေသေးကြောင်း စစ်ရှောင်တာဝန်ခံများထံမှ သိရသည်။ ဗန်းမော်–လိုင်ဇာကားလမ်းမကြီးပေါ်က အာဏာသိမ်းစစ်တပ်နှင့် ကချင်လွတ်လပ်ရေးတပ်မတော် KIA တို့ တိုက်ပွဲကြောင့် ဒေသခံများက…
Read More » -
သတင်း
ဖားကန့်တွင် စက်သုံးဆီများ တစ်ဂါလံ ၉၀၀၀ကျပ်ဖြင့်ရောင်းချနေ
ဧပြီလ ၂၈ရက်နေ့မှစကာ အကြမ်းဖက်စစ်ကောင်စီမှ ဖားကန့်သို့ စက်သုံးဆီအဝင်ရပ်တန့်လိုက်သည့်အတွက် ဆီအရောင်းဆိုင်များမှ လက်ကျန်ဆီများကို တစ်ဂါလံ ၉၀၀၀ ကျပ်နှုန်းဖြင့် ဈေးတင်ရောင်းချနေကြပြီး လူထုမှ တန်းစီဝယ်ယူနေကြရသည်။ ယခင်က ဖားကန့်၌ 92 ဓါတ်ဆီ တစ်ဂါလံလျှင် ၄၅၀၀ ကျပ်နှုန်းရှိသည်။…
Read More » -
လူ့အခွင့်အရေးချိုးဖောက်မှု
PSI စလောင်းများဖြုတ်သိမ်းရန် နမ္မတီး အုပ်ချုပ်ရေးမှုးနှင့် ရဲများက လိုက်လံခြိမ်းခြောက်နေ
မိုးကောင်းမြို့နယ် နမ္မတီးမြို့တွင် PSI စလောင်းတပ်ဆင်ထားသူများ အမြန်ဖြုတ်သိမ်းရန်နှင့် လိုက်နာခြင်းမပြုပါက အရေးယူခြင်းခံရမည်ဟု အာဏာသိမ်းစစ်ကောင်စီက အော်လံဖြင့် လိုက်လံခြိမ်းခြောက်နေကြောင်း နမ္မတီးဒေသခံများ ပြောသည်။ ဧပြီလ ၂၇ ရက်ည ၉ နာရီခန့်က နမ္မတီး အုပ်ချုပ်ရေးမှုးနှင့် ရဲတပ်ဖွဲ့များက…
Read More » -
သတင်း
စစ်တပ်ကို ဆန့်ကျင်တော်လှန်ခြင်းမပြုရန် ပူတာအို ဘာသာရေးနှင့်ယဉ်ကျေးမှုအဖွဲ့များကို စည်းရုံး
အာဏာသိမ်းစစ်တပ်ကို ဆန့်ကျင်တော်လှန်ခြင်းမပြုလုပ်ရန် ကချင်ပြည်နယ် စစ်ကောင်စီ ဥက္ကဋ္ဌ က ပူတာအိုရှိ ဘာသာရေးနှင့် ယဉ်ကျေးမှုအဖွဲ့အစည်းများကို ငွေကြေးပေးကာ စည်းရုံးမှုပြုလုပ်ခဲ့ကြောင်း သိရသည်။ ဧပြီ ၂၆ ရက်နေ့ ညနေပိုင်း ကချင်ပြည်နယ် စစ်ကောင်စီ ဥက္ကဋ္ဌ ဦးခက်ထိန်နန်…
Read More » -
ရွေးကောက်ပွဲဆိုင်ရာ
CRPH အဖွဲ့ဝင်အဖြစ် ဦးလမာနော်အောင် ပါဝင်လာမှုသည် ကိုယ်ပိုင်ဆုံးဖြတ်ချက်သာဖြစ်
ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ CRPH အဖွဲ့ဝင်အဖြစ် ကချင်ပြည်နယ်ပြည်သူ့ပါတီ KSPP မှ အင်ဂျန့်ယန်ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးလမာနော်အောင်ပါဝင်လာခြင်းသည် ပါတီကိုယ်စားပြုမဟုတ်ပဲ ကိုယ်ပိုင်ဆုံးဖြတ်ချက်ဖြင့်သာ ဖြစ်သည်ဟု သိရသည်။ KSPP ပါတီမှ တရားဝင်နှုတ်ထွက်ထားခြင်းမဟုတ်သော်လည်း ပါတီတာဝန်များကို ရပ်နားထားသည်ဟု သိရသည်။ “CRPH မှာ…
Read More » -
တိုက်ပွဲ
ဗန်းမော်မြို့တွင် ရက်ပိုင်းအတွင်း ဗုံးဆက်တိုက်ပေါက်ကွဲနေ
ဗန်းမော်မြို့တွင် ရက်ပိုင်းအတွင်း ဗုံးပေါက်ကွဲမှု ၄ ကြိမ်ရှိခဲ့ပြီး ထိုအထဲတွင် အစိုးရစုပေါင်းရုံးနှင့် လေယာဉ်ကွင်းတို့ ပါဝင်ခဲ့သည်ဟု သိရသည်။ ဧပြီလ ၂၈ ရက်နေ့ ယနေ့ နံနက်ပိုင်း ၈နာရီခွဲအချိန်ခန့်တွင် ဗန်မော်မြို့တွင်း အစိုးရစုပေါင်းရုံးရှေ့တွင် ဗုံးပေါက်ကွဲမူတစ်ကြိမ် ဖြစ်ပွားခဲ့သည်ဟု…
Read More » -
တိုက်ပွဲ
ဟိုပင် တစ်ဝက်ချောင်းတံတား ၂ စင်းဗုံးခွဲခံရ
ဟိုပင်မြို့နှင့် ၂မိုင်ခန့်ဝေးသော တဝက်ချောင်း ကားလမ်းနှင့် ရထားလမ်း ၂ခု ဧပြီလ ၂၇ရက်နေ့ ည ၁၁နာရီခန့်က မိုင်းခွဲ ခံထားရကြောင်း သိရသည်။ ဟိုမြို့အထွက် မြောက်ဘက် ကြာကြီးကွင်းကြာတွင် ကပ်ယက်ရှိသော တဝက်ချောင်းတံတားနှင့် မီးရထားလမ်း ၂ခု…
Read More » -
လူ့အခွင့်အရေးချိုးဖောက်မှု
ရွှေကူ CDM ပညာရေးဝန်ထမ်းများ ရုံးပြန်တက်ရန် မြို့နယ်ပညာရေးမှူး ဖိအားပေးခြိမ်းခြောက်နေ
ဗန်းမော်ခရိုင် ရွှေကူမြို့နယ်တွင် လူထုအာဏာဖီဆန်မှု CDM ပြုလုပ်သော ပညာရေးဝန်ထမ်းများကို မြို့နယ်ပညာရေးမှူးက ဖိအားပေး ခြိမ်းခြောက်ကာ ဝန်ခံကတိလက်မှတ်ထိုးခြင်းဖြင့် ရုံးတက်ရန်စေခိုင်းနေကြောင်း သိရသည်။ စစ်အာဏာသိမ်းပြီးနောက်ပိုင်း အဆိုပါလုပ်ရပ်ကို ဆန့်ကျင်သည့် ပညာရေးဝန်ထမ်း ၄၀၀ ကျော်က CDM လှုပ်ရှားမှုတွင်…
Read More » -
တိုက်ပွဲ
မြို့သစ် ကုန်းလောကျေးရွာဘက်သို့ အာဏာသိမ်းစစ်တပ်က လေယာဉ်ဖြင့် ၄ ရက်ဆက်တိုက် ဗုံးကြဲတိုက်ခိုက်နေ
မိုးမောက်မြို့နယ် မြို့သစ် ကုန်းလောကျေးရွာ အနီး အာဏာသိမ်းစစ်ကောင်စီတပ်မှ ၄ရက်ဆက်တိုက် လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်နေဆဲဖြစ်ကြောင်း ဒေသခံများ ပြောသည်။ အာဏာသိမ်းစစ်တပ်မှ ယခင်ရက်များနည်းတူ ယနေ့တွင်လည်း လေယာဉ်ဖြင့် လာရောက်ဗုံးကြဲနေသည့်အပြင် လက်နက်ကြီးငယ်နဲ့ပစ်နေကြောင်း သိရသည်။ “ခုရက်ပိုင်း ပုံမှန်ဆိုသလိုဘဲ စစ်တပ်ဘက်က…
Read More »