Covid-19 Reporting

အိမ်နီးချင်းနိုင်ငံက ကိုဗစ် တတိယလှိုင်းနှင့် မြန်မာပြည်

အိမ်နီးချင်းထိုင်းနိုင်ငံမှာ Covid-19 တတိယလှိုင်းကြောင့် နေ့စဉ် ကူးစက်သူ လူဦးရေအသစ် ၁၅၀၀ အထက်ပုံမှန်ရှိနေပါတယ်။ ဒါကြောင့်လည်း ထိုင်းအစိုးရက ကန့်သတ်မှုတွေချမှတ်ပြီး ရောဂါထိန်းချုပ်နေပါတယ်။

ထိုနည်းတူ အနောက်ဘက် အန္တိယနိုင်ငံမှာလည်း နေ့စဉ် ရောဂါကူးစက်သူ သိန်းဂဏန်းရှိပြီး သေဆုံးသူကလည်း ထောင်ဂဏန်းရှိနေပါတယ်။

ဒီလိုအချိန်မှာ လက်ရှိနိုင်ငံရေးအခြေအနေကြောင့် မြန်မာနိုင်ငံထဲမှာလည်း ကိုဗစ် တတိယလှိုင်းပုံစံမျိုးမဖြစ်ဘူးလို့ ဘယ်သူမှလည်း အတိအကျမပြောနိုင်ပါဘူး။

စစ်တပ်အာဏာသိမ်းလိုက်တာကြောင့် ကျန်းမာရေးဝန်ထမ်းတွေအားလုံးဟာ အလုပ်မလုပ်ဘဲ အာဏာရှင်ကို ဆန့်ကျင်နေကြတာပါ။ တကယ်ပဲ စစ်တပ်အာဏာသိမ်းတဲ့အချိန်ဟာ နိုင်ငံတော်အတွက် ရောဂါကပ်ဘေးကာလဖြစ်ပြီးမှ ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးခြင်းနှင့် ကာကွယ်ရေးလုပ်နေတဲ့အချိန်ဖြစ်ပါတယ်။

ဒါကြောင့် ရောဂါမဖြစ်အောင် မိမိကိုယ်ကို ကာကွယ်နိုင်မှသာ မိမိနှင့်သက်ဆိုင်တဲ့ မိသားစုကိုလည်း ကာကွယ်နိုင်မှာဖြစ်ပါတယ်။

စစ်တပ်က အာဏာလုယူထားတဲ့ကာလဖြစ်တာကြောင့် အရင်လို တစ်နိုင်ငံလုံးက ကိုဗစ်ရောဂါကူးစက်မှုအခြေအနေကို အသေးစိတ်သိနိုင်မှာမဟုတ်ပါဘူး။ ဒါကြောင့် ကိုယ့်ဘက်က အမြဲတမ်း အကာကွယ်ပစ္စည်းတွေဖြစ်တဲ့ နှခေါင်းစည်းကို တပ်ဖို့ လိုအပ်ပါတယ်။

ကိုယ်က နေမကောင်းသလို၊ နှာချေချောင်းဆိုတာမျိုးဖြစ်ရင်လည်း သူတစ်ပါးကို မကူးစက်ဖို့ ဝေးဝေးနေသင့်ပါတယ်။ အမြဲတမ်း အားပြည့်အောင်လည်း စားသောက်သင့်ပါတယ်။

ပြည်သူမှာ ပြည်သူသာရှိတဲ့အတွက် ကျန်းမာရေးဆိုင်ရာ လမ်းညွန်ချက်တွေကို လိုက်နာရင်း ကိုဗစ်-၁၉ ကူးစက်ရောဂါကို အမြင့်ဆုံးကာကွယ်ကြဖို့ တိုက်တွန်းလိုက်ရပါတယ်။

Show More

Related Articles

Back to top button